Friday, January 9, 2009

နှစ်သစ်မင်္ဂလာ..

ကျွန်တော့် ဘလောဂ့်လေးနဲ့ ကျွန်တော် ဝေးကွာနေတဲ့ရက်တွေမှာ လာလာ လည်သွားတဲ့ ကျွန်တော့် သူငယ်ချင်း မောင်နှမ ဘလောဂ့်ဂါများ နှင့် စာလာဖတ်ပေးတဲ့ သူငယ်ချင်း မောင်နှမများ အားလုံးကို ကျေးဇူးပါ..၂၀၀၉ မှာ အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ…အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ..

တဆက်တည်းပဲ ကျွန်တော့် ပေါ့တီးပေါ့ဆနိုင်မှုလေးကို တောင်းပန်ပါရစေ..(ကို)ကမာပုလဲ ကိုပါ..ကျွန်တော်ရေးထားတဲ့ ကြိုက်သော ကဗျာလေးတစ်ပုဒ် ဆိုတဲ့ Tag ပိုစ့်မှာ ကိုကမာပုလဲရဲ့ သနပ်ခါးကဗျာလေးကို ဖော်ပြထားပါတယ်..မိုးမခ က ကူးယူးထားပါတယ်လို့ ကျွန်တော်မှားပြီး ညွှန်းထားမိပါတယ်။ အမှန်ကတော့ ဒေါက်တာလွဏ်းဆွေ ဘလောဂ့်ကိုသာ ပို့ထားတဲ့ အကြောင်း ကိုကမာပုလဲ က email ပို့လိုက်မှ သတိထားမိတာပါ.. ခင်ခင်မင်မင် ထောက်ပြပေးတဲ့ ကိုကမာပုလဲ ကျေးဇူးပါဗျာ..

မကြားရ မမြင်ရတဲ့ သူငယ်ချင်းတွေကော..ကြားရမြင်ရတဲ့ သူငယ်ချင်းတွေ အားလုံးကို ချစ်ခင်လေးစားပါတယ်.. (ကိုမိုးမြင့်တိမ်ကြီး ကျေနပ်ပါစ..:P)…

၂၀၀၉ရဲ့ ဘလောဂ့် ရေစီးကိုလည်း ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ အားလုံး ပျော်ပျော်ရွှင်ရွှင် လိုက်ပါ စီးမျောကြပါစို့လို့ ဆန္ဒပြုပါတယ်..
ခင်မင်စွာ
လင်းဒီပ

5 comments:

Anonymous said...

Blog ပင်လယ်ကြီးထဲမှာ တက်ညီလက်ညီ ရန်ဖြစ်ကြမယ် အယ်လေ စုစည်းကြမယ်ပြောတား) တက်ကျိုးရင် လက်ထိုးလှော်မယ် လက်ကျိုးရင် ရေထဲခုန်ချမယ် :P

ဗီလိန် said...

ရေထဲခုန်ချလို့ ရေသူမကို အာဘွား ၇ချက်ပေးပြီးမှ ပြန်တက်မှာ ဟိဟိ။

ခေါင်ခေါင် said...

ဟေး.. ပြတင်းပေါက်ကြီး ပြန်လာပြီ ကွ..
စီးမျောဘူး.. ရေမကူးတတ်လို့..

အိုင်လွယ်ပန် said...

ကောင်းလေစွ ကောင်းလေစွ :P

Anonymous said...

ကိုင်း ကိုယ့်ဆရာ ပြန်လည်ကြိုဆိုပါတယ်ဗျာ ...
၂၀၀၉ နှစ်သစ်ကြီးမှာ လူစိတ်ရွှင်လန်းတက်ကြွစွာနဲ့ အဆင်ပြေ ပျော်ရွှင်ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ဗျို့ ... ။