Saturday, February 7, 2009

စောင့်နေသူများ

ကိုယ်က သပ်သပ်
သူတို့က သပ်သပ်
ဒါပေမယ့် နီးစပ်ခဲ့ကြတယ်။
သူတို့ပန်းတိုင်က တစ်ခု
ကိုယ့်ပန်းတိုင်က တစ်ခု
ဒါပေမယ့် တစ်လမ်းတည်း အတူတူ လျှောက်ဖြစ်တယ်။
ကိုယ်လေ့လာနေတာတစ်ခု
သူတို့လေ့လာနေတာတစ်ခု
ဒါပေမယ် တစ်နေရာတည်း အတူတူရှာမိတယ်။

ညတွေ ညတွေ
မအိပ်ဘူး စောင့်ဆိုင်းနေကြ
မနက်ဖြန်ရောက်လာမယ့် အရာတွေကို စောင့်ဆိုင်းနေရလို့ဖြစ်မှာ
တစ်နေရာတည်း အတူတူ စောင့်နေဖြစ်တာ။

အမှန်တကယ် ရောက်ရှိလာနိုင်ခြင်း မသေချာ
ပြန်တွေးကြည့်တော့
အမှန်တကယ်ရှိခဲ့ဖူးပါသလား မသေချာ
တစ်ယောက်နဲ့တစ်ယောက်အားပေးပြုံးပြရင်း
တစ်ယောက်စောင့်ဆိုင်းနေခြင်းကို တစ်ယောက်ကအားပေးခဲ့။

ထမ်းထားရင်း အငွေ့ပျံ့နေရတာ
ငေးကြည့်ရင်း အေးစက်သွားတာ
မစားရက် မသောက်ရက် ရင့်ရော်သွားတာ
စောင့်ဆိုင်းရခြင်းတွေမှာ ငါတို့က တဝက်ကျော် ဖြုန်းတီးခဲ့ကြတာ။

နံရံပေါ်က ခပ်ဝါးဝါး စာသားတစ်ခုကြောင့်သာ
တို့တွေ စောင့်ဆိုင်းနေမိတာ။
လင်းဒီပ
၇.၂.၀၉

16 comments:

အိုင်လွယ်ပန် said...

နောက်ဆုံပိုဒ်လေးလှတယ်ဗျာ...

နံရံပေါ်ကခပ်ဝါးဝါးစာသားတစ်ခုကြောင့်သာ
တို့တွေစောင့်ဆိုင်းမိနေတာ ..........။။

Anonymous said...

ငြိမ်သက်ပါ...
ကဗျာလေးဝင်ဖတ်သွားတယ်
ဖတ်ရင်းနဲ့တွေး၊တွေးရင်းနဲ့ဖတ်
အတော်တော့အလူပ်ရှုပ်သွားတယ်
ဘာပဲဖြစ်ဖြစ်ဗျာ...

ကျနော်တို့တွေ လွတ်လပ်စွာကွဲလွဲနေကြမှာပါ
ဒါပေမယ့် မြန်မာပြည်ကိုချစ်တာချင်းတော့တူမယ်ထင်တာပဲ

khin oo may said...

ကြက်သိမ်းတောင် ထသွားတယ်။ ခံစားမိလို့.
ညာမပြောပါ။။

မမသီရိ said...

ကိုလင်းဒီပ..ရေ
ဒီကဗျာ က...အကြိုက်ဆုံး ထဲ မှာ ပါ သွား ပြီ..

Anonymous said...

ထမ်းထားရင်း အငွေ့ပျံ့နေရတာ
ငေးကြည့်ရင်း အေးစက်သွားတာ
မစားရက် မသောက်ရက် ရင့်ရော်သွားတာ
စောင့်ဆိုင်းရခြင်းတွေမှာ ငါတို့က တဝက်ကျော် ဖြုန်းတီးခဲ့ကြတာ။

နံရံပေါ်က ခပ်ဝါးဝါး စာသားတစ်ခုကြောင့်သာ
တို့တွေ စောင့်ဆိုင်းနေမိတာ။

Anonymous said...

ထမ်းထားရင်း အငွေ့ပျံ့နေရတာ
ငေးကြည့်ရင်း အေးစက်သွားတာ
မစားရက် မသောက်ရက် ရင့်ရော်သွားတာ
စောင့်ဆိုင်းရခြင်းတွေမှာ ငါတို့က တဝက်ကျော် ဖြုန်းတီးခဲ့ကြတာ။

နံရံပေါ်က ခပ်ဝါးဝါး စာသားတစ်ခုကြောင့်သာ
တို့တွေ စောင့်ဆိုင်းနေမိတာ။

sait phay yar said...

မိုက်တယ်..ခပ်ဝါးဝါးစာသားတွေတဲ့လေ ကောင်းလှပါလား အညွှန်းလေးက

Anonymous said...

နံရံ ပေါ်မှာ ရေးထားတာ ဘာစာသားလဲ အစ်ကို
ကျနော်လည်းသိရင် စောင့်ချင်လို့
ခုလည်း စောင့်မှန်းမသိစောင့်နေမိတာပဲနော် ။လမ်းတူပါတယ် ။

Kaung Kin Ko said...

ကဗျာလေး တော်တော်လှတယ်ညီရာ။

Moe Cho Thinn said...

ည ရှိရင် အရုဏ် လဲ ရှိရမှာပဲပေါ့။
တို့လဲ စောင့်နေသူထဲမှာ ပါတယ်။

Moe Myint Tane said...

အဲဒီ့ စောင့်ဆိုင်းခြင်းမှာဘဲ အပြင်းထန်ဆုံး ပျော်ဝင်ပစ်လိုက်တာ....

နံရံပေါ်က ခပ်ဝါးဝါးစာသားတစ်ခုကြောင့်ပေါ့...

ကြိုက်တယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ညိမ်းညို said...

နံရံပေါ်က ခပ်ဝါးဝါး စာသားက ဘယ်အချိန် ပုံပေါ်မှာပါလိမ့် အကိုရာ

ရွှန်းမီ said...

:-) Life is waiting..

ဆောင်းယွန်းလ said...

ခပ်ဝါးဝါးစာသားလေးအတွက် အချိန်တွေကိုပေးဆပ်နေ
ကြရတဲ့သူတွေအများကြီးပါ ညီလေး...
ကဗျာလေးထဲမှာ ခံစားချက်တွေ ထင်ဟပ်နေတာတွေ့ရ
ပါတယ်...ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ ညီလေးရေ

MANORHARY said...

ထမ်းထားရင်း အငွေ့ပျံ့နေရတာ
ငေးကြည့်ရင်း အေးစက်သွားတာ
မစားရက် မသောက်ရက် ရင့်ရော်သွားတာ
စောင့်ဆိုင်းရခြင်းတွေမှာ ငါတို့က တဝက်ကျော် ဖြုန်းတီးခဲ့ကြတာ။

နံရံပေါ်က ခပ်ဝါးဝါး စာသားတစ်ခုကြောင့်သာ
တို့တွေ စောင့်ဆိုင်းနေမိတာ။...........
......................
...................
လူတွေ..ခုထိလည်းစောင့်နေကြတုန်းပဲ
မျှော်လင့်ခြင်းဆိုတာလောင်စာလား
ကိုယ့်ကိုကြိုးပေးသတ်မယ့်အရာလား
ခုတိ..အဖြေကမကွဲသေးဘူး..

Welcome said...

ကဗျာလှလှရေး ဖတ်သွားတယ်။
အရေးအသားတွေ သိပ်ကောင်းတယ်။
အတုယူစရာတွေ ယူသွားပါတယ်။