ရင်းနှီး ခုံမင် သွားမှာ စိုးလို့
ဖြတ်သွား ဖြတ်လာတောင် မရှိအောင်နေခဲ့တယ်။
အိပ်မက်တွေက အစ
နှင်းဆီရနံ့ မရချင်လို့
ပြတင်းတံခါးတွေ ပိတ်
တိတ်
ဆိတ်
အိပ်နေခဲ့တာ။
ပျော့ညံ့ညံ့ကောင်လေ
ကောင်းကင်ပြာပြာကို နှုတ်မဆက်ချင်လို့
ခေါင်းငုံ့လမ်းလျှောက်ခဲ့တာ
ဒီမှာ
အလွမ်းတွေနဲ့ခလုတ်တိုက်မိ။
ဒီကဗျာလေးက ၂၀၀၁ လာက်က ရေးခဲ့ဖူးတာပါ။ကဗျာစာအုပ်နာမည်တော့ မေ့နေပါပြီ..Valentine’s အမှတ်တရ စာအုပ်လေးတစ်အုပ်မှာပါ။
လင်းဒီပ
၃.၅.၀၉
Subscribe to:
Post Comments (Atom)
15 comments:
တပုဒ်လုံးကို ကြိုက်ပါတယ် ကိုလင်းဒီပရေ။ တကယ့်လက်တွေ့မှာတော့ အလွမ်းတွေနဲ့ မဟုတ်ဘဲ အပျော်တွေနဲ့ ခလုတ်တိုက်မိပြီး အပျော်ပန်းခင်းထဲကနေ ကောင်းကင်ပြာကို နှုတ်ဆက်နိုင်ပါစေ... (မောင်ဒေဝကလေး အင်မတန် တော်၏)
လှလိုက်တဲ့ကဗျာ
မရွှေပြည်သူ ဆိုသလိုပဲ တစ်ပုဒ်လုံးကို ကြိုက်ပါတယ်။
အဲဒီကောင်ကတော့ ခေါင်းငုံ့လျှောက်လည်း ခုလုတ်တိုက်
မှာပဲ ခေါင်းမော့လျှောက်လည်း အပေါ်ကပြုတ်ကျလာမှာပဲ
တံခါးပိတ်ထားလည်း တစ္ဆေတစ်ကောင်လို ဖောက်ဝင်လာ
မှာပဲ....
အလွမ်းကတော့ မနော်ပြောသလို ဘယ်လိုလျှောက်လျှောက် ရောက်လာမှာပါပဲ။ ဒါနဲ့ ခုန်မင်က ခုံမင်လို့ပေါင်းတာမဟုတ်ဘူးလား။ (ဆရာလုပ်ကြည့်တာ)
ကောင်းတယ.ယ်
အဆုံးသတ်ကလေးကတော့နဲနဲအားနည်းသလိုဘဲ။
ပျော့ညံ့ညံ့ကောင်လေ
ကောင်းကင်ပြာပြာကို နှုတ်မဆက်ချင်လို့
ခေါင်းငုံ့လမ်းလျှောက်ခဲ့တာ
ဒီမှာ
အလွမ်းတွေနဲ့ခလုတ်တိုက်မိ။
ကဗျာလေးကြိုက်တယ်ညီရေ့
ခေါင်းငုံလျောက်တာတောင်
အလွမ်းကိုတည့်တည့်ခလုတ်ဝင်တိုက်မိသေးတယ်..။
အလွမ်းဆိုတာ....
ဝဋ်နာကံနာ တစ်မျိုးပေါ့...
အိန္ဒြာ
ကောင်းပါ့လက်သံကတော့ပြောင်ပါတယ်
တခါတခါ လွမ်းရတာ အရမ်းအရသာရှိတာနော် .......
ကျွန်တော်တော့ ခလုတ်တိုက်ချင်သား
ကဗျာဆရာရေ အခုမှရောက်ဖူးတာ အားပါးပါး မနဲပါလား တဝကြီးဆွဲသိမ်းသွားတယ် ၁၀၉..၁၁၀ ဘဝက လျောက်လည်လို့ကောင်းပါ့ဗျာ။
ကဗျာလေးကို နှစ်သက်စွာခံစားသွားပါတယ် ....
ကြယ်ပြာ
အချစ်ကဗျာလှလှလေးတွေ ဖတ်ချင်စိတ်ပေါက်လာလို့ ညီလေးဘလော့ကို လာပြီး အသစ်တွေရော အဟောင်းတွေပါ လာဖတ်သွားတယ် ညီလေးရေ။
အိပ်မက်တွေကအစ
နှင်းဆီရနံ့ မရချင်လို့ တဲ့။ သိပ်လှတာပဲညီရေ။
ပျော့ညံ့ညံ့ကောင်လေ
ကောင်းကင်ပြာပြာကို နှုတ်မဆက်ချင်လို့
ခေါင်းငုံ့လမ်းလျှောက်ခဲ့တာဆိုပါလား.. လန်ထွက်လွန်းတယ်ဗျိုး
ပျော့ညံ့ညံ့ကောင်လေ
ကောင်းကင်ပြာပြာကို နှုတ်မဆက်ချင်လို့
ခေါင်းငုံ့လမ်းလျှောက်ခဲ့တာ တဲ့လား...
ဘာလိုလိုကြီး တစ်ယေက်ယောက်ကို အလွန်လွမ်းသွားဘီ ..။ :D
Post a Comment