Tuesday, May 12, 2009

လူပျောက်ကြေငြာ

ကျွန်တော့်ကို ကျွန်တော် ပြန်မတွေ့အောင်
ညီမလေးက ဝှက်လိုက်တယ်။

ကျွန်တော်ဘယ်မှာလဲ ပြောပါဦး ညီမလေးရယ်
ကျွန်တော်ကို့ကျွန်တော် ပြန်မတွေ့ဘူး
ကျွန်တော့် သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို မတွေ့ကြဘူး
ကျွန်တော့်မိတ်ဆွေတွေကလည်း ပြောတယ် “မတွေ့တာကြာပြီနော်”တဲ့။

ကျွန်တော့်ကို လုံလုံခြုံခြုံ သိမ်းဝှက်ပြီးတဲ့နောက်
ထီမထင်အပြုံးလေးနဲ့
ဘာ တတ်နိုင်သေးလဲ ဆိုသလို ကျွန်တော့်ကို ကြည့်နေတယ်။

အခုဆို
ဒီလို စကားတွေပဲ တွင်တွင်ပြောဖြစ်
“နောက်မှ တွေ့တာပေါ့”
“လာခဲ့မယ်နော်”
“အင်း ကျွန်တော် မသောက်တာ ကြာပြီဗျ”
“ကျွန်တော် အလုပ်ကလေး ရှိသေးလို့”
စသဖြင့်…
စသဖြင့်…

အခုဆို
အဖော်တွေလည်း ကွဲကုန်ပြီ
အပျော်တွေလည်း စဲကုန်ပြီ

ပြီးကျမှ
လမ်းလည်ခေါင်ကြီးမှာ
ငါ့
တစ်ယောက်တည်း ထားမပစ်ခဲ့ပါနဲ့နော်
သဲကိုးဖြာလေးရယ်…။
လင်းဒီပ
၁၂.၅.၀၉

22 comments:

Anonymous said...

ဟင်းနော် ဟင်း

ဒါပဲပြောမယ် :P

sait phay yar said...

ထမင်းနော်ထမင်း..
ဘယ်နားဖွက်ထားတယ်မသိ
ကိုရွာစားရေ သတင်းစာထဲထည့်ရင်ကောင်းမလားနော်..
ဟဟ

လွတ်ငြိမ်းလေပြေ (breeze) said...

လူပျောက်ရှာချင်ရင် ပြတင်းပေါက်က ချောင်းကြည့်ဗျို့
း)

MANORHARY said...

လူကြီးဆိုတော့ ပြုံးပဲပြုံးသွားတယ်
အဲဒါ ခဏ ပျောက်နေတာ ဆိုတာ
သိနေတာကိုး ..း)
ဒါထက် စကားမစပ် ဖွက်တာမဟုတ်
ဝှက်တာ နော်..း)
စာလုံးစစ်တာအကျင့်ပါသွားလို့ လို့မထင်ပါနဲ့
တိုက်တိုက်ဆိုင်ဆိုင်တွေ့မိလို့
ကိုယ်လည်းမှားတာပါပဲ ..း)

လင်းဒီပ said...

ဟုတ်ကဲ့ အစ်မ မနော်
ပြင်လိုက်ပါမယ်..

ကျွန်တော်က ပြန်မတွေ့မှာ စိုးလို့.. :P

မယ့်ကိုး said...

သဲကိုးဖြာလေးတဲ့လား...
ကိုလင်းဒီပရဲ့  ဟန်အသစ်လေးပေါ့...
သဘောကျလွန်းလို့  ဘာမှ ပြောစရာမရှိတော့ဘူးနော်။

ရွှေပြည်သူ (ShwePyiThu) said...

ဒီတစ်ခါကတော့ ဆားပွင့်မဟုတ်တာ သေချာပါတယ်။ အရမ်းကို လတ်ဆတ်တယ်လို့ အလိုလိုကြီးကို သိနေတား)) ညီမလေးက ဝှက်လိုက်တာလား ကိုယ့်ဘာသာ ကျေကျေနပ်နပ်ကြီး ပုန်းလိုက်တာလား ဆိုတာ သဲကိုးဖြာလေးနဲ့ တွေ့မှ မေးကြည့်ရမယ် ကိုလင်းဒီပရေ...

မောင်မျိုး said...

ညုတယ်ဂျာာ သဲကိုးဖြာ ဆိုတော့ တစ်ဖြားက ဘယ်မှာ ကျကျန်ခဲ့သတုန်းးးးး ။

mirror said...

ခင်ဗျားဗျာ..လူနဲ့မလိုက် နုရွနေလိုက်တာများ။
ဟဲဟဲ..လူလဲမမြင်ဖူးပါဘူး ။ဒါမယ့် ကဗျာဆရာရယ်...
ညီမလေးအ၀ှက်တော့မခံနဲ့ဗျာ။မြန်မြန်ပြန်ထွက်ခဲ့တော့။

မေငြိမ်း said...

ချစ်စရာကောင်းတဲ့ ကဗျာလေးးး

NangNyi said...

ကြိုက်လိုက်တာ ကြိုက်လိုက်တာ. .. :D

Eaindra said...

ဟိုက်ရှာလပတ်...

လင်းဒီပရေ...

လက်ဖျားခါသွားရဲ့

အိန္ဒြာ

မမသီရိ said...

ဝေး ကဗျာ အသစ်လေးတွေ အများကြီးပါပဲလား..
မရောက်တာကြာသွားလို့

ထုံးစံအတိုင်း လှလိုက်တဲ့ ကဗျာလေးတွေ
......


ကျွန်တော်ကို့ကျွန်တော် ပြန်မတွေ့အောင်
ညီမလေးက ဝှက်လိုက်တယ်။
...
စာပြင်တယ်....း)

...
ကျွန်တော့်ကို ကျွန်တော် ပြန်မတွေ့အောင်
ညီမလေးက ဝှက်လိုက်တယ်။

...
အဆင်ပြေပါစေ မောင်လေးရေ

Kyaw Nyo Thway said...

လမ်းလယ်ခေါင်ကြီးမဟုတ်ဘူးလား

အိုင်လွယ်ပန် said...

ညီမလေးမသိအောင်ခိုးခိုးပြီး သောက်ကြတာပေါ့ဗျာ ...

ညီမလေး ရှေ့ကြတော့ အဝှက်ခံပေါ့ :P

လင်းဒီပ said...

မမသီရိ နဲ့ ကိုဂစ်တာရေ..ပြင်လိုက်ပါပြီ..
ကျေးဇူးပါ...ထောက်ပြပေးတာ..:P

summer said...

Online မ၀င်ဖြစ်လို့ ၀င်ဝင်ချင်း လူပျောက်ကြော်ငြာမှာဝင်ရှာသွားတယ် :D ပျော်ရွှင်ပါစေ..အားပေးလျှက်

ကိုရင်နော်ခင်လေးငယ် said...

အော် သဲကိုးဖြာလေး တဲ့..

ဂွတ်ပါပေ့..

သက်ထွန်းညိမ်း said...

အကိုဒီပ ကဗျာတွေမှာ အက်ကွဲကြောင်းလေးတွေ
ရေးရေးပေါ်နေတယ်နော်

သက်ထွန်းညိမ်း

ဝေလေး said...

:)
Nice.
လူပျောက်ကြော်ငြာဆိုလို့ ဘာများလဲ လာကြည့်တာပါ။ ကိုယ့်ကိုကိုယ် ပြန်မတွေ့ဘူးဆိုတော့ မှန်မကြည့်လို့နေမယ်.... :P

မင်းအိမ်ဖြူ Minn Eain Phyu said...

ဟာဟကြိုက်သွားပြီ
ကောင်မလေးရရင် ဒီလိုပြောမယ် ...

"ပြီးကျမှ
လမ်းလည်ခေါင်ကြီးမှာ
ငါ့
တစ်ယောက်တည်း ထားမပစ်ခဲ့ပါနဲ့နော်
သဲကိုးဖြာလေးရယ်…။ "
... ကြောက်တက်လို.ပါ လို. ......

ဒီလိုပြောလို.လည်းရတယ်
"ပြီးကျမှ
အခန်းးလည်ခေါင်ကြီးမှာ
ငါ့
တစ်ယောက်တည်း ထားမပစ်ခဲ့ပါနဲ့နော်
သဲကိုးဖြာလေးရယ်…။ "
...သရဲ ကြောက်တက်လို.ပါ လို. ......

ရဲ ဟုတ်ဘူးနော်...
လာနောက်တာပါ ...
သဲကိုးဖြာလေးနဲ့ပျော်ပါစေ
အာဘွားဆိုပြီး Gentalman ကြီးတော့မလုပ်နဲ့နော် kwi kwi
နောက်တာ...

Kaung Kin Ko said...

ညီလေးက ချစ်သူကို သဲကိုးဖြာလေးလို့ ခဏခဏ ခေါ်ပုံရတယ်
ကဗျာလေးမိုက်တယ်။