Tuesday, June 22, 2010

အပျော်တမ်းကဗျာဆရာ

အပျော်တမ်း အမဲလိုက်ကြသလိုပါပဲ
အပျော်တမ်း ကဗျာရေးပါတယ် ။

အပျော်တမ်း ဓာတ်ပုံရိုက်ကြသူတွေလို
အပျော်တမ်း ခြေလျင်တောင်တက်ကြသူတွေလို
အပျော်တမ်း ကဗျာလေးတွေ ရေးတယ် ။

တချို့တွေကတော့
အပျင်းပြေရည်းစားထား သတဲ့
ကျွန်တော်ကတော့ အပျော်တမ်း ကဗျာရေးပါတယ် ။

အပျော်တမ်း ကဗျာရေးတော့ တချို့စာတွေ မတတ်ပါဘူး ။
အပျော်တမ်း ကဗျာရေးတော့
လူတွေအများကြီး ရှေ့လည်း ထွက်မရပ်ဖြစ်ဘူး ။
အပျော်တမ်း ကဗျာရေးတော့
စာလုံးမဲမဲကြီးတွေနဲ့လည်း နာမည်မကျော်ခဲ့ဘူး ။
အပျော်တမ်း ကဗျာရေးတော့
(ဟိုကောင်လေးတွေလိုလည်း)
စကားအကြီးကြီးတွေ ပြောစရာ မရှိခဲ့ဘူး ။
အပျော်တမ်း ကဗျာရေးတော့
အများကြီး မတွေ့ နည်းနည်းတွေ့
ဒါနဲ့တွေ့သလောက်ကလေး နည်းနည်း ရေးပါတယ် ။
အပျော်တမ်း ကဗျာရေးတော့
တခါတလေ ကိုယ့်ကဗျာလေးတွေ
တော်ကောက်ခံရတော့လည်း ပျော်ပါတယ် ။

ကဗျာဆရာက သေနတ်မကိုင်ဘူး ။
နျူကလီးယားလက်နက်တွေ မစမ်းသပ်ဘူး ။
ကုလားထိုင်ကောင်းကောင်းမရှိဘူး ။
ရေးသလို နေထိုင်ပြီး နေထိုင်သလိုရေးတယ် ။
အဲသလို ကဗျာဆရာအစစ်ကြီးတွေကို
ရိုသေလေးစားခြင်းနဲ့ ရိုးရိုးသားသား ကဗျာရေးပါတယ် ။

တကယ်တော့
အပျော်တမ်း ကဗျာဆရာပါ
အပျော်တမ်း ကဗျာရေးတယ်
ကိုယ့်ဝါသနာလေးနဲ့ကိုယ်
အကုသိုလ်ကင်းတယ်တော့ ထင်တာပဲ ။
လင်းဒီပ
၂၂.၀၆.၁၀

17 comments:

khin oo may said...

ဟိ
professional တွေကအ ပြစ်မကင်းသလို


ဖတ်လို့ကောင်းတယ် အော်ဖတ်လိုက်ရ


အော်.....မိုးချုပ်ပြီ မဖြစ်ဘူး.

ဉာဏ်လင်းထူး said...

အပျော်တမ်းပါပဲနဲ့
ချက်ကောင်းကိုထိအောင်ပစ်ကြတယ်
ရင်ဘတ်ထဲရောက်သွားပါရော

Anonymous said...

ကျနော်က အပျော်တမ်းကဗျာဆရာရဲ့ သူငယ်ချင်းပါ

အပျော်တမ်း ဓါတ်ပုံတွေ ရိုက်ပါတယ်

အပျော်တမ်း လက်တည့်စမ်းစာတွေ ရေးပါတယ်

အပျော်တမ်း ကော့မန့်တွေလည်း ပေးတတ်ပါတယ်

ကဗျာဆရာကို တော်ကောက်မခံရမချင်း ကဗျာတွေ ဖတ်နေဦးမယ်ထင်ပါတယ်ဗျာ

mirror said...

အပျော်တမ်း ကဗျာဖတ်သူပါ။
ဖတ်တတ်သလိုဖတ်ပြီး ခံစားတတ်သလိုခံစားပါတယ်။
ခံစားတတ်သလောက်ပဲ ထင်ရာမြင်ရာမှန်သမျှ
အပျော်တမ်းလေး ပြောတတ်ဆိုတတ်ပါတယ်။
တခါတခါ ယခု အပျော်တမ်းကဗျာဆရာဆီမှ ထွက်ကျလာတော့ စကားလုံးအချို့ကိုလဲ ခိုးယူသိမ်းဆည်းထားတတ်ပါတယ်။
အပျော်တမ်း ကဗျာဖတ်သူမို့.... :P

(ဟီး ဘာတွေလဲတော့ သိတော့ဘူး )

Moe Myint Tane said...

အပျော်တမ်းကဗျာ ဆရာရေးတဲ့ အပျော်တမ်း ကဗျာကို ဖတ်ပြီး အပျော်တမ်း မန့်သွားတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ချစ်ကြည်အေး said...

အပျော်တမ်း ဘလော့ဂ်ရေးသူတယောက်၊ အပျော်တမ်းကဗျာ ဖတ်၊ အပျော်တမ်း ကော်မန့် မန့်သွားခဲ့ပါတယ် :p

jr said...

ကျွန်မကတော့ အပျော်တမ်းကဗျာဆရာရဲ့ ကဗျာတွေကို အတည်လာလာဖတ်ပြီးပျော်ပျော်သွားတဲ့သူပါ။

(ဟီး ဘာတွေလဲတော့ သိတော့ဘူး ) :P

tin min htet said...

တချက်တကောင် ချစ်လေးမောင် မဖြစ်နိုင်ပေမယ့် ..
နိုင်ငံတော် ကဗျာဆရာ မဖြစ်နိုင်ပေမယ့် ..
ရေးနေဦး ဖတ်နေဦးမှာပါ ..

Maung Myo said...

အပျော်ပဲကောင်းပါတယ် အတည်ဆို ဂွ နေ ဂွိနေရအုံးမယ် ချစ်တော့လည်းအပျော် မုန်းတော့လည်း အပျော်ပဲပေါ့နော့်း)

ဒီမယ် ကဗျာဆရာ စကားပြောတာကြည့်ပြော အပျော်တမ်းရည်းစားထားတယ်ဆိုတာ ဘယ်သူ့ကို စောင်းပြောတာတုန်း အိုးကမလုံတော့ အုံကပွင့်ချင်လို့ ဟဟား။

အိန္ဒြာ said...

အပျော်တမ်းဆိုတာ သိပ်လေးနက်တာပေါ့..

ကိုယ့်စိတ်ကိုယ် ပျော်သွားစေအောင်လား..

ကဗျာကို ရေးပြီဆိုကတည်းက
ကဗျာရေးတယ်ပဲ..
ကဗျာရေးတယ်ဆိုကတည်းက
ကဗျာဆရာပဲ...

ကဗျာရေးချင်စိတ်ရှိနေပြီဆိုကတည်းက
ကဗျာနဲ့သက်ဆိုင်တဲ့ အမှုတစ်ခုခု ပြုမူဆောင်ရွက်လာချင်ပြီဆိုကတည်းက ကဗျာဆရာ...

အပျော်တမ်းတွေ...
အတည်တွေ..
ကရော်ကမယ်တွေ...
အစင်ကြီးတွေ..မရှိဘူးးးး

လင်းဒီပ..

ကဗျာဆရာပါ.

ဒီကဗျာကပါ ကဗျာဆရာဖြစ်ကြောင်းအရောင်ထပ်တင်တယ်..။

ကျော်ညိုသွေး said...

အကုသိုလ် ကင်းချင်ရင်တော့ ကဗျာကောင်းကောင်းတွေ သိပ်မရေးနဲ့ တော်ကြာ အခိုးခံရရင် အကုသိုလ်များမယ်။ :D

သိင်္ဂါကျော် said...

အပျော်တမ်း ကဗျာဆရာ တဲ့လား.. အသုံးလေး သဘောကျလိုက်တာ..
ကိုယ်ကလည်း အပျော်တမ်း ကဗျာဖတ်သူ ဆိုတော့ သိပ် မော်ဒန် ကျလွန်းရင်လည်း နားမလည်တဲ့သူလေ.. ဒီလိုလေးတွေပဲ သဘောကျပါတယ်..။

သွယ်လင်းဆက် said...

တူတူပဲ။ :)

MANORHARY said...

အပျော်တမ်း ကွန်မင့်ရေးသူမဟုတ်ရပါဘူး အပျော်တမ်း ကဗျာဆရာရယ် ...း))

မယ့်ကိုး said...

အသဲကွဲကဗျာတွေရေးတာတော့ အပျော်တမ်း မထင် :P

သူကြီးမင်း (တုံးဖလား) said...

အပျော်တမ်း ကဗျာဆရာမှသည်
အပျော်ထမ်းကဗျာဆရာ ဖြစ်နိုင်ပါစေ။

ရွှေပြည်သူ (ShwePyiThu) said...

“ကိုယ့်ဝါသနာလေးနဲ့ကိုယ်
အကုသိုလ်ကင်းတယ်တော့ ထင်တာပဲ”

မကင်းပေါင်။ သူ့ကဗျာတွေ ဖတ်ပြီး ဆွေးလိုက် လွမ်းလိုက် မျက်ရည်လေးဝဲလိုက်နဲ့... လူတွေ ဒုက္ခများပုံများ ပြောပါတယ်...း) (နောက်တာ)