Thursday, October 28, 2010

မြစ်

မြစ်ဆိုတာ

ပင်လယ်ဆီ ရောက်အောင်သွားရင်း

သက်တမ်းကုန်ဆုံးရတာ..။


ငယ်ဘဝ

ရစ်ခွေ စီးဆင်းခဲ့ဖူးတဲ့

အထက်အညာမြို့ကလေး

အခုတော့လည်း ဒဏ္ဍာရီ…။


လင်းဒီပ

၂၈.၁၀.၁၀


5 comments:

mirror said...

မြစ်ရဲ့ ဒဏ္ဍာရီလို့... နာမည်ပေးပေါ့။း)
ကဗျာဆရာလဲ အညာကိုလွမ်းနေဘီ။း)

အိပ်မက်ရှင် said...

ပင်လယ်ထဲ ရောက်ပေမယ့် ငွေ့ရည်ဖွဲ့လို့ မိုးအဖြစ်နဲ့ ရွာကျ ... မြစ်တစ်ခု ဘဝကိုပြန်ရနိုင်ပါတယ် ဆရာ ...။

ခင်မင်လေးစားစွာနဲ့

မောင်မျိုး said...

ဗွမ်းး

တစ်ကိုယ်လုံး ပူလောင်နေလို့ ကိုဒီပ ရဲ့ မြစ်ထဲ ခုန်ချလိုက်တာ ခဏလောက်တော့ စိမ်ခွင့်ပြု ရတယ်မှတ်လားးးးးးး

သိင်္ဂါကျော် said...

မြစ်ဆိုတာ
ပင်လယ်ဆီ သွားနေရင်းနဲ့
အမြဲရှင်သန်နေတာပါ..

tin min htet said...

မြစ်တွေဆီ မပြန်နိုင်တော့တဲ့ ပင်လယ်