နာကျင်စေလိုစိတ် အရင်းမခံဘဲ
ဆူးပျော့လေးတွေ ဝတ်ဆင်မူနွဲ့
ဂျစ်ကန်မျက်နှာပေးမှာ
ဂရုဏာရနံ့လေး သင်းလို့ ။
မင်းတိတ်ဆိတ်လိုက်တဲ့အခါ
မပြောတဲ့စကားလေးတွေက
လျှို့ဝှက်လွန်းတဲ့ အနုပညာ ။
အလီဘာဘာအပြုံးနဲ့ အကြည်သားမျက်ဝန်းလေး
ကိုယ့်အချစ်ရဲသားတွေ လက်ရဖမ်းမိ
ရပ်လိုက်
ဒီမှာ
မမုန်းတတ်ဘဲ အမုန်းစကား မပြောနဲ့ ။
ခွင့်လွှတ်တတ်လွန်းတဲ့ မင်းစိတ်လေးကို
(ကစားကွင်းထဲရောက်သွားတဲ့ ကလေးတစ်ယောက်လို)
ဆိုးရင်း ကဲရင်း ကျီစယ်ကစားရင်း ကိုယ်ပျော်နေပေါ့ ။
ကိုယ်က လုပ်ချင်တာတွေ လျှောက်လျှောက်လုပ်နေလို့
မင်းက မလုပ်ချင်တာတွေ လျှောက်လျှောက်လုပ်နေရတယ် ဆိုလား
မင်းအတိုင်အတောတွေနဲ့ မေမေ့အဆူအပြောတွေနဲ့ ။
(ဟုတ်ပါတယ်)
တေလေရထားကြီး ကိုယ်ပါ
စိတ်သွားသလို ခုတ်မောင်းနေလည်း
မင်းဟာ ငါ့ဘဝရဲ့ အမြဲတမ်းနဲ့ တစ်ခုတည်းသော နောက်တွဲလေး
ကဲ…လာ
စိတ်ကောက်နှင်းဆီလေး
ဧဒင်ဘူတာဆီ စိတ်တူကိုယ်တူ ခုတ်မောင်းဖို့ ။
လင်းဒီပ
၀၁.၁၂.၁၀
9 comments:
မတွေ့တာကြာ
မမြင်တာကြာ
နောက်တွဲ ရထား .. နှင်းဆီလေးက စိတ်ကောက်တော့ ကဗျာတွေ ရေးချိန်မရတာလား မောင်လေးရ ..း)
စိတ်ကောက်နှင်းဆီ တဲ့ ချစ်သူကို တင်စားပုံက :)
ကဗျာလေးက ချစ်စရာကောင်းလိုက်တာ
း)
ပေါ်ပူးးးးးးးးးးးး ( ရထားဝင်ပြီး)
ရေရမယ် ရေး)
ကောင်မလေးတော့ တခါထဲ ကြွေသွားမယ်
ဒီကဗျာကိုဖတ်ရင်
မင်းဟာ ငါ့ဘဝရဲ့ အမြဲတမ်းနဲ့ တစ်ခုတည်းသော နောက်တွဲလေး
....ဟုတ်မှလည်းလုပ်ပါ ..ငါ့ရှင် ...။
ရေးထားသမျှ နောက်တစ်ယောက်ထပ်မေးရင် ... ဖြေရခက်နေမယ်။
ရိုးရိုးသားသား ကိုယ်ချင်းစာမိသူတစ်ဦး။
မုန်းတယ် ..မုန်းတယ် ..
မမုန်းတတ်မှန်းလည်း သူအသိ
စိတ်ကောက်တယ်ဆိုတယ်အချော့ခံချင်လို့ ဆိုတဲ့အကြောင်း ....သူသိရင်ကောင်းမှာပဲ :)
အလီဘာဘာ အပြုံးဆိုတာ
နှုတ်ခမ်းမွှေးစစနဲ့ ပြုံးတာလား...
အိန္ဒြာ နော်... ENTER ခေါက်လိုက်မိလို့
Post a Comment