ငါ့ သိပ်သည်းဆနဲ့ ငါ ပြင်းထန်နေခဲ့တာ မဟုတ်လား ။
မတန်တဆ တန်ရာတန်ကြေးမက ချနင်းခံခဲ့ရတာတွေ များတော့
သိမ်းဆည်း သိုဝှက်နိုင်သလို တုန့်ပြန်ပေါက်ကွဲနိုင်စွမ်းတွေ…။
(မင်း) ထိတ်ထိတ်ပြာပြာ ဖြစ်စရာမလို
(မင်း) အပြစ်မရှိ ။
အရာများစွာ ပျက်စီးစေခဲ့တယ်ဆိုလည်း
ငါ့ကိုငါ တာဝန်မယူတတ်တဲ့ ငါ့ပေါက်ကွဲမှုကြောင့်ပေါ့ ။
မင်းကတော့
လက်ဆော့ခြေဆော့ ကလေးတစ်ယောက်
စနက်တံကို အမှားမှားအယွင်းယွင်း ဆွဲဖြုတ်လိုက်မိသူ ။
လင်းဒီပ
၂၄.၀၇.၁၁
3 comments:
ကိုကနောင် ကန်ထဲကငါးတွေသေကုန်ပေါ့
လှိုင့်ကိုပေးမဆော့နဲ့ တော့
ဒါကတော့ ဗုံးမှာလည်း တာဝန်ရှိသလို မဆင်မခြင် လက်ဆော့တဲ့သူ မှာလည်း တာဝန်ရှိတာပေါ့.. :)
အဆုံးမှာ ဗုံးပေါက်သွားသလားဆိုတဲ့ စိတ်နဲ့ လှပ်ကနဲ...
ဟုတ်တယ်... အားလုံးက ကိုယ့်“သိပ်သည်းဆနဲ့ကိုယ် ပြင်းထန်နေခဲ့”ကြတာ...
Post a Comment