Saturday, February 27, 2010

ဖြစ်ခွင့်

အခါခါ ရမ်းနေတဲ့ ခေါင်းကလေးကို
ပန်းကလေးတွေ မနားတမ်း ဆက်လို့ ။

ခေါင်းလား
ပန်းလား
ငယ်ငယ်က ကစားသလို…

ခေါင်းကလေးပေါ်
ပန်းကလေးတွေ ပွင့်ခွင့်ရမယ့်နေ့…
လင်းဒီပ
၂၂.၀၂.၁၀

14 comments:

Anonymous said...

ဟင်!

jr said...

အခုတော့ ကဗျာတွေပဲ ဖူးပွင့်စေလိုက်တယ် .. ဆိုပါတော့??
း)
ခင်မင်လျှက်
jr

အိန္ဒြာ said...

လှလိုက်တာ

(ရွာသားမသိချင်ယောင်ဆောင်သွားတယ် ရုပ်တည်ကြီးနဲ့)

tin min htet said...

ခေါင်းနဲ့ပန်းနဲ့ တဖက်စီလား
တဖက်ထဲ ဖြစ်ပါစေဗျာ ..

Unknown said...

ဖြစ်ခွင့်ရနိုင်ပါစေ

ကိုလူထွေး said...

လောကမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး...
မဖြစ်သေးတာပဲ ရှိတယ်...
အဲဒီနေ့ကို စိတ်ရှည်ရှည်နဲ့ ဆက်စောင့် ကိုယ့်လူ...

းဝ)

အိုင်လွယ်ပန် said...

လန်းတယ်ဗျ :)

နေ့ သစ် said...

အစ်ကိုရေ ... ဇွဲမလျှော့နဲ့ ဗျို့  ... ။
(ဘာလုပ်လုပ် တင့်တယ်တယ်)

mirror said...

Simple is the best ပဲ ဆရာ..။ :)

ခေါင်းလေးပေါ်ပန်းလေးပွင့်ခွင့်ရခါနီးမှ ပန်းစိုက်နော်..
မဟုတ်ရင် ငြှိုးကုန်မယ် ။ (နောက်ထာ) :D

Zephyr said...

ဒီလောက်ခေါင်းရမ်းနေတာကို သဘောပေါက်မှပေါ့ ငါ့ရှင်ရယ် ....။

ခေါင်းကလေးပေါ်မှာ ဆိုတာက အဓိပ္ပာယ် နှစ်မျိုးရှိတယ်လို့ သံဝေဂ နာနာယူပြီး ပြန်သွားပါတယ်။


..............................................
...............................................

ကြားလိုက်မိတဲ့သတင်း....
...
အမည်မသိ အမျိုးသားတစ်ဦး .. အမျိုးသမီးငယ်တစ်ဦးအား ...စံပယ်ပန်း၊ ခရေပန်းမှ အစပြု၍ ဂေါ်ဖီပန်း၊နေကြာပန်းအထိ နေ့တိုင်းပေးနေတယ်ပါသဖြင့် ကြည့်ကြပ်ဆောင်ရွက်ပေးပါရန် အမျိုးသမီးငယ်တစ်ဦးမှ တိုင်ကြား။


Zephyr ...
မိခင်နှင့်ကလေးစောင့်ရှောက်ရေး ...အဝေးရောက်အကြံပေး။

ရွှေပြည်သူ (ShwePyiThu) said...

လှပါ့ ထုံးစံအတိုင်း...း)

မေ့သမီး said...

ကိုလူထွင်းကတော့ မြှောက်ပေးသွားပြီ။ နဂိုကတည်းကမှ ကိုလင်းက ကဗျာတွေနဲ့ အမျိုးမျိုးဆွဲဆောင်နေတဲ့ဟာ။ :P

ShwunMi- said...

အဲ့ဒီခေါင်းနဲ့ပန်းက အဓိပ္ပာယ်သုံးမျိုးလောက် ထွက်နေတယ် =)
ဒါပေမယ့် ကဗျာရေးသူ ဆိုလိုတဲ့ အဓိပ္ပာယ်ကို နားလည်လိုက်ပါတယ်..
ပွင့်သောပန်းတိုင်း လန်းနိုင်ပါစေ ...

Kaung Kin Ko said...

ခေါင်းကလေးပေါ်
ပန်းကလေးတွေ ပွင့်ခွင့်ရမယ့်နေ့…

အရမ်းလှတယ်ညီရာ။