လုပ်လက်စတွေ အကုန်ပစ်
လောကကို ချန်ရစ်သွားသူ ။
အဆင့်သင့် မဖြစ်သေးဘူးလို့ ထင်တာပဲ
မပြီးဆုံးသေးဘူးလို့ထင်တာပဲ။
ဘဝတဏှာလေးက
ကမ်းက မခွာချင်ဖြစ်နေပေမယ့်
နေထိုင်ခွင့်က ကုန်သွားပြီ ။
အကူးအသန်းလေး တချက်တည်းပါ
ပြီးတော့လည်း
ကြည်ကြည်မွေ့မွေ့…။
မေမေ
သားတော့ သွားနှင့်ပြီ ။
လင်းဒီပ
၀၄.၀၃.၁၀
Look back to memory lane
2 weeks ago
14 comments:
ဘဝတဏှာလေးက
ကမ်းက မခွာချင်ဖြစ်နေပေမယ့်
နေထိုင်ခွင့်က ကုန်သွားပြီ တဲ့လား။
ဝင်္က၀ုတ္တိအလင်္ကာလေးနဲ့... ဒီကဗျာလေး ဘ၀ဆန်တယ်။
အင်းးးးးး
ကဗျာထဲကလို ကြည်၂မွေ့၂လေးနဲ့ တစ်ချက်တည်းပဲ ကူးသန်းခွင့်ရချင်ပါတယ်။
ဈာပန လာတက်သွားပါတယ်
ကောင်းရာမွန်ရာ ရောက်ပါစေ
;-P
ဟုတ်ပါတယ်... အားလုံးလိုလိုက ထာဝရရှင်သန်နေမယ့် ပုံစံတွေနဲ့ နေထိုင်နေရင်း အဆင်သင့်မဖြစ်ဘဲ သွားကြရတာ...
နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး :D
သွားရှာပါပါပကောလား။
အင်း ...ဒီလူကြီးက အသက်ရှင်စဉ်အခါတုန်းက တကယ်လွမ်းခဲ့တဲ့ လူကြီးလူကောင်းကြီးပါဗျာ ...(ကွာစေ့လေးဝါးရင်းပြော)
မဟုတ်တာဗျာ ... ဒီလူက သစ်တောက်ငှက်၊ အရက်မူးသမားကြီး၊ ခြံရှေ့မှာချောင်းကြည့်၊ ပါးပြင်ပေါ်မှာ လမ်းကူးချင်၊ ... တားမြစ်နယ်မြေမှာ အမဲလိုက် ... တကယ့်လူမိုက်ကြီးပေါ့ ...(ရေနွေးကြမ်းသောက်နေသူကပြော)
...(December)ဒီဇမ်းဘာဆိပ်ကမ်းလေးမှာ သူက ကုန်တင်ကုန်ချ လုပ်ရလွန်းတော့ (March)မာ့ခ်ျမှာ ပင်ပန်းပြီး ဆုံးသွားတာဖြစ်မယ်ဗျ ...(၀ိုင်းထဲမှ လူတစ်ယောက် ၀င်အာချောင်)။
နောက်ဆုံးအသက်ငင်တုန်း ညီမငေးဆိုလား ... အသံဝါကြီးနဲ့ရွတ်သွားသေးတယ်ဆိုပဲ ...(အပေါ့သွားရာမှပြန်လာသူက မလိုမတာပြော)
....
ဘာပဲဖြစ်ဖြစ် ယပ်တောင်ပေါ်မှာ သမိုင်းတွင်ပြီး ..
အဲဒီလူကြီးကတော့ ထွက်ခွာသွားပါပြီ။
နေအိမ်မှ ကားများ ၁၁ နာရီတိတိတွင်ထွက်ပါမည်။
.... ၀ိဉာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေသည်တကား ....။
(အဲဒီနေ့ ... ရေအိုးခွဲတဲ့အခါ ... အလွမ်းကဗျာတစ်ပုဒ်ထွက်ကျလာသေးကြောင်း ... နားစွန်နားဖျားကြားမိ။ ။)
ခင်မင်စွာဖြင့်
Zephyr
ကိုလင်း ဘာတွေလျှောက်ရေးနေတာတုန်း။
yeah, I wanna leave first too !!
အဆင်သင့် ဖြစ်တဲ့ အချိန်ထိတော့ သူက ဘယ်တော့မှ မစောင့်ဘူးလေ..
မိုက်တယ် ...
တကယ် =)
ဒီလိုအတွေးကိုတောင် နုလှနေအောင် ဖွဲ့ထားတာ ...ရှယ်ပဲ =)
ကဗျာက အရမ်းကောင်းတယ်၊ ဒီလိုအတွေးမျိုးကို လှပအောင် ဖွဲ့ထားတာ လေးစားပါတယ် လင်းရေ၊ အားပေးလျက်။
အဲဗျာ ...း)
အကူးအသန်းလေး တချက်တည်းပါ။
ပြီးတော့ ကြည်ကြည်မွေ့မွေ့တဲ့။
ဟုတ်ပမလား :????
ရေမှာ ကွယ်လွန်သူရှိသည်
သူရေကိုယ်ပြန်လာတယ် အတိတ်နေ့တစ်နေ့ဆီ
သဲမွမွသောင်ခုံ တဲစုစုအရပ်ဆီ
အခုတော့ ချစ်သူပြန်အရောက်နောက်ကျခဲ့ပြီ
စတေးခဲ့တဲ့ ရေပြင်ကလေး လှိုင်းထလို့ ကျန်ခဲ့ပြီ
သွားနှင့်တော့ မြစန်းကြည်.........
Post a Comment