Saturday, April 17, 2010

ပင်လယ်အသစ်ထဲက ငါးတွေ

ခေတ်ကြီးက
သီအိုရီ ထည်လဲ ဝတ်တဲ့မိန်းမ…

ရူပါ တစ်သိန်းနဲ့ ဖမ်းစား
အာရုံတစ်သန်းနဲ့ ဖမ်းစား
တွေးတိုင်း အသက်ရှုမှားတယ် ။

လူငယ်စိတ် သစ်ထွင်းလှေကလေးက
လောကဓံ ညကြီးမင်းကြီးကို
လူတန်းစေ့ဆာလောင်မှုနဲ့ ဖြတ်ကူးခဲ့တယ် ။

လူသားဦးနှောက်
တွေးတတ်သလောက် တွေးထားသမျှ
ကူးတတ်သလောက် ကူးခတ်သမျှဟာ
အိုလွယ်မင်းလွယ် ။

လိုက်စရာ သမင်တွေ ပေါလို့
မောနေတဲ့ ခေတ်ထဲ
(မေမေတောင်)
လောဘကြီးတယ် လို့
ကျွန်တော့်ကို သိပ် မပြောတော့ဘူး ။
လင်းဒီပ
၁၇.၀၄.၁၀

17 comments:

သွယ်လင်းဆက် said...

ကြိုက်တယ်ကိုလင်းဒီပ ရေ။ ကျွန်တော်ယူသွားပါတယ်။ ခွင့်ပြုပါ။

mirror said...

လူငယ်စိတ် သစ်ထွင်းလှေကလေးက
လောကဓံ ညကြီးမင်းကြီးကို
လူတန်းစေ့ဆာလောင်မှုနဲ့ ဖြတ်ကူးခဲ့တယ် ။

ဆရာသမား...သိပ်တော့ အများကြီးတွေ ပစ်ပစ်မထည့်နဲ့....း)

jr.လွင်ဦး said...

ကဗျာဆရာ လက်တွေ တွေ့နေတာ။ ခုတလော။
ကျေးဇူးတင်ရတယ်။ ကျွန်တော်တို့ စိတ်အာဟာရအတွက်လေ။း)

လင်းခေတ်ဒီနို said...

လိုက်စရာ သမင်တွေ ပေါလို့
မောနေတဲ့ ခေတ်ထဲ
(မေမေတောင်)
လောဘကြီးတယ် လို့
ကျွန်တော့်ကို သိပ် မပြောတော့ဘူး ။

ထိတယ် ကိုလင်းရေ မိုက်မိုက်မိုက်စ်. . . .

Anonymous said...

the age of complexity !!
simply complex !!
let's trying to be simple in this complexity!!
mnhy

Unknown said...

ကူးခတ်ဦးပေါ့ မမောသေးသ၍ :)

မမသီရိ said...

မေမေ လဲပဲ ခေတ်ကိုမီအောင် ကြည့်နေရတော့မှာ ကိုး....း)..
လိုက်စရာ သမင်တွေထဲ ရွှေသမင်တွေချည်းဆို ကောင်းမယ် နော်..း)..

littlebrook said...

နိုး .. ကျွန်တော်မြင်တာ သမင်မဟုတ်
ဂမ္ဘီဖန်ဆင်းထားတဲ့သမင်တွေ
ကဗျာလေးက သိပ်ကောင်း သို့သော် ခုဗျာ အားတက်နေချင်တယ်

နေ့ သစ် said...

အရမ်းသဘောကျတယ် အစ်ကိုရေ ... ။
ဒါမျိုးလေးတွေ မဖတ်ရတာ ကြာပြီ။

လိုက်စရာ သမင်တွေ ပေါလို့
မောနေတဲ့ ခေတ်ထဲ
(မေမေတောင်)
လောဘကြီးတယ် လို့
ကျွန်တော့်ကို သိပ် မပြောတော့ဘူး ။

လေးစားအားပေးလျက်။
ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

mae coe said...

အရမ်းသဘောကျပါတယ်။ ငါး...ပင်လယ်အတုထဲက ငါးပြီးတော့ လှောင်အိမ်ထဲက ငါး... ပင်လယ်အတုထဲ မမောအောင် ကူးချင်တဲ့ ငါးလည်း ရှိသေးတယ်။တရားလေး ထပ်ဟောပါဦး။

ကျော်ညိုသွေး said...

အဲ့ဒိနောက်ဆုံး ပိုဒ်လေး

အပိုင်ဝယ်သိမ်းထားလိုက်ချင်တယ်။ :D

ကိုလူထွေး said...

ဆင်ဆင်ခြင်ခြင်တော့ နေဗျာ...

ခုလိုခေတ်ကြီးထဲ...

းဝ)

ရွှေပြည်သူ (ShwePyiThu) said...

နောက်ဆုံးအပိုဒ်လေးမှာ သက်မ ချမိတယ်... စာက ခါးသက်သက်လေးနဲ့ လှနေတာ...

အိုင်လွယ်ပန် said...

ကျွန်တော်လည်း မကြာခင် ငါးဆန်ဆန် ပြန်ဖြစ်ရတော့မယ်ဗျ ..။
ပင်လယ် အတုထဲကို ပြန်လာရင်းပေါ့ ..။
အဆင်ပြေပါစေ ကိုဒီပရေ :)

Anonymous said...

လူသားဦးနှောက်
တွေးတတ်သလောက် တွေးထားသမျှ
ကူးတတ်သလောက် ကူးခတ်သမျှဟာ
အိုလွယ်မင်းလွယ် ...

သိပ်မှန်တာပဲ။

မေ့သမီး said...

မေမေက လောဘကြီးတယ်လို့ မပြောလည်း ညီမကတော့ ပြောမှာပဲ။ သူ့ဘာသာ ဘယ်လောက်များလာလာ အဲဒါတွေကို ဒုက္ခတွေလို့သာမှတ်ပါ။ :D

Anonymous said...

ကိုယ့် အရောင် နဲ့ ကိုယ် ပြန်မှောင်ထားတဲ့

လောကပါ ဗျာ ...

စိတ်မောကိုယ်မောကြီး

ဖြတ်သန်းနေရတာကတော့ နေတိုင်းလိုပါပဲ

ကိုလင်းဒီပရေ ...