Thursday, April 22, 2010

နွံ

မင်းခုံရုံးမှာ
ငါ့ နှလုံးသားရဲ့ စိုထိုင်းဆတွေလည်း
ခြေကုန်လက်ပမ်းကျတယ် ။

အချစ်ဆိုတာ
ဥပဒေတွေ တစ်ခုပြီး တစ်ခု နဲ့
တစ်ယောက်ကို တစ်ယောက်
ထပ်တိုး တုပ်နှောင်ကြဖို့လား။

သံသယအက်စစ်တွေနဲ့
(ငါ့)လှမ်းလှမ်း မပက်နဲ့
နားလည်မှုအရေပြားတွေ ပါးပါးကျနေပြီ…။

သင်္ကာမကင်း မျက်လုံးတွေနဲ့
ရိုက်နှက်လိုက်တာ
စိတ်တပြင်လုံး နာတယ် ။

ငါက
ငါ့အဓိပ္ပာယ်ကလေးနဲ့ ငါ
ဘဝကို နေပျော်ချင်တာပါ ။

အချစ်ဆိုတာ
လက်ထိပ်တစ်စုံလား
ငါ
အိပ်မက်ဆိုး မက်ပြီ ။

လင်းဒီပ
၂၂.၀၄.၁၀
(ဒီကဗျာလေးနဲ့ တွဲဖက်စားသုံးသင့်တာကတော့ စိုင်းထီးဆိုင်ရဲ့ မျက်လုံးတစ္ဆေ သီချင်းပဲ ဖြစ်ပါလိမ့်မယ် ။)

15 comments:

Anonymous said...

အချစ်နဲ့  လွတ်လပ်မှု ... ။

လေးစားအားပေးလျက်။
ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

Anonymous said...

ရုံးတော်က တစ်ထောင့်ငါးရာကျပ် ဒဏ်ရိုက်လိုက်တယ် :)

mirror said...

တဖြည်းဖြည်းချင်း ကဗျာစီးဆင်းမှုလမ်းကြောင်းလေး.. ပြောင်းမှန်းမသိ...ပြောင်းလာလိုက်တာ...း)

ဒီကဗျာကို ရွတ်ချင်တယ်။ပေးမားး)
(တနေ့နေ့ပေါ့လေ..နော်။ကဗျာရွတ်ကြတာပေါ့)

MANORHARY said...

တချို့လူတွေကတော့ ဒီနေ့ပဲ လက်ထိပ်ခတ်ခံလိုက်လေရဲ့
း)) အားကျအောင် သတင်းပေးပါတယ် ...

မေ့သမီး said...

စောစောသိရင် ဝေးဝေးကရှောင်တာကောင်းတယ် အကိုရေ။ ဘုန်းကြီးဝတ်ပါလား။ :P

လင်းခေတ်ဒီနို said...

အခ်စ္ဆိုတာ
ဥပဒေတွေ တစ်ခုပြီး တစ်ခု နဲ့
တစ်ယောက်ကို တစ်ယောက်
ထပ်တိုး တုပ်နှောင်ကြဖို့လား။

ဟုတ်ပ ကိုလင်းရေ မှန်ပါ့ဗျာ

Maung Myo said...

အချစ်ဆိုတာ လက်ထိပ်လေးဆို၇င်လည်း ချစ်လို့ ခပ်ထာပဲဖြစ်မှာပေါ့ဗျာ

ဘာအခုမှ ကြောက်ပါပြီလဲ အစတုန်းကတော့ ချစ်လှကြီရဲ့ဆို....။

အိုင်လွယ်ပန် said...

တစ်ခါတစ်ရံ
ကိုယ်တိုင်ကိုယ်ကျ ခတ်ယူလိုက်တဲ့
လက်ထိပ်တစ်ကွင်း ဖြစ်နေပြန်ရော ...
(ကာလံ ဒေသံအရ နားလည်ပေးပါရန် :))

ကောင်းသောနေ့ပါ ကိုဒီပ ..။
ခဲဖိုးက ကိုဒီပနဲ့
နှစ်ယောက်ဆုံမှ အကောင်အထည်ဖော်
ရမဗျ :)

littlebrook said...

ဒီကဗျာကိုတော့ မကြိုက်ဘူး ..
စိတ်တပြင်လုံး နာတယ် .. ဒါလေးတော့ မိုက်တယ်
နားလည်မှုမရှိဘူးပေါ့ .. သို့သော် နေရာတိုင်းတော့လည်း လိုက်နားလည်ပေးဖို့လွယ်တာမှ မဟုတ်တာ ..

ကြယ်ပြာ said...

ကဗျာလေးကကောင်းတယ် ... သင်္ကာမကင်းမှုက ဒီလောက်တောင် ဆိုးဝါးသလား ... အင်း .... ဟုတ်တော့ဟုတ်မှာပါလေ .... သင်္ကာမကင်းအောင် ကိုယ်ကဘာများလုပ်မိသလဲ ပြန်စဉ်းစားကြည့်ပါလား ... အဖြေပေါ်မှာပါ ... တခါတလေ ကိုယ်ကဘာရယ်မဟုတ်လို့ သုံးလိုက်ပေမယ့် တဘက်က အကြီးကြီးထင်ချင်ထင်တတ်ကြတာမဟုတ်လား ... နှစ်သစ်မှာ အစစ အဆင်ပြေပျော်ရွှင်ပါစေ ....

ahphyulay said...

အင်း.....
အပြင်းစား တွေ နဲ့ ပဲ ရေးဖွဲ့  ထားလို့ 
ဖတ်ပြီးတော့  ရှ တတ တွေ ဖြစ်နေတယ်။

မမသီရိ said...

အဲဒီလက်ထိပ်ကလေးပဲ ခတ်ခံချင်နေတဲ့သူတွေ တပုံကြီး..း)

ညလင်းအိမ် said...

အချစ်ဆိုတာ
လက်ထိပ်တစ်စုံလား
ငါ
အိပ်မက်ဆိုး မက်ပြီ ။

ဟုတ်ပါ့ အစ်ကိုရေ ...

ကိုလူထွေး said...

မရတော့ဘူး...

ဒီတခါတော့ တသက်တကျွန်းပဲ ကိုယ့်လူ...

းဝ)

thaingarra said...

သံယောဇဉ် ဆိုတာတော့ ...

ဒီလိုပဲ တုပ်နှောင်တတ်တဲ့ သဘောပဲပေါ့ ...

လို့ ဘုန်းကြီးလူထွက်လေ နဲ့ ပြောလိုက်ရမယ်

ထင်တယ် ... :)