Thursday, April 15, 2010

မီးတောင်သေ

အတွင်းက အလွမ်းက
အပြင်က အလွမ်းကို လက်သင့်မခံဘူး ။

“လာလမ်းအတိုင်း လှည့်ပြန်”
အဲသလို နှုတ်ဆက်ရင်း
နှုတ်ခမ်းတွေ တင်းတင်းစေ့ထားမိ။

နင့်လက်ထဲ
နှစ်ချို့ အိပ်မက်စုဗူးကြီး
မကြည့်မိအောင် နေမယ် ။

မာကျောခြင်း ချောရည်တွေနဲ့
စိတ် အပေါ်ရည်ကျောတွေ တင်းလို့ ။

နင့်စိတ်လွန်ကြိုးနဲ့
အမျိုးမျိုး နှိုး
(ထပ် မကြိုးစားနဲ့ တေလေ)
ငါက မရွာတော့မယ့် မိုး ။

နင်က
လူမြင်သူမြင် ရှုံးနိမ့်သူဆိုရင်
ငါကတော့
စိတ်ရဲ့ကန္တာရကို
ဘယ်တော့မှ ပြောမပြမယ့် လျှို့ဝှက်သူ။
လင်းဒီပ
၁၀.၀၄.၁၀

8 comments:

Mogok Thar said...

နင့်စိတ်လွန်ကြိုးနဲ့
အမျိုးမျိုး နှိုး
(ထပ် မကြိုးစားနဲ့ တေလေ)
ငါက မရွာတော့မယ့် မိုး ။

နင်က
လူမြင်သူမြင် ရှုံးနိမ့်သူဆိုရင်
ငါကတော့
စိတ်ရဲ့ကန္တာရကို
ဘယ်တော့မှ ပြောမပြမယ့် လျှို့ဝှက်သူ။

(သဘောကျလိုက်တာဗျာ... အရေးအသား...
ဖလာ နဲ့ပဲ ရေပက်သွားတော့မယ်.. အေးစေငြိမ်းစေကြောင်း....)

(((((((ဗွမ်း)))))))


ခုတလော
နွေ မို့လို့လား မသိဘူးး

ကဗျာတွေက ပူသလိုပဲနော်...

jr.lwinoo said...

မီးတောင်သေ (သို့) လျှို့ဝှက်ခြင်းတို့ရဲ့သချိုင်္င်း (သို့) ကဗျာဆရာ.. :)

mirror said...

မာကျောခြင်း ချောရည်တွေနဲ့
စိတ် အပေါ်ရည်ကျောတွေ တင်းလို့ ။

အင်းးး ဒီဇာင်ဘာဆိပ်ကမ်းပြန်ရောက်ရင်တော့ ပျော့ပျောင်းသွား
ဦးမှာပါ။အသေချာပြောရဲအောင်ထိ မြင်ဖူးထားတယ်ရော..
း)

Anonymous said...

နင့်လက်ထဲ
နှစ်ချို့ အိပ်မက်စုဗူးကြီး
မကြည့်မိအောင် နေမယ် ။ တဲ့

အစ်ကိုရေ ... မြစ်ဆိုတာ အရောင်တွေနဲ့ စီးဆင်းရတာမှ မဟုတ်တာ ... ။

လေးစားအားပေးလျက်။

ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

Anonymous said...

နင်က
လူမြင်သူမြင် ရှုံးနိမ့်သူဆိုရင်
ငါကတော့
စိတ်ရဲ့ကန္တာရကို
ဘယ်တော့မှ ပြောမပြမယ့် လျှို့ဝှက်သူ။


မိုက်တယ်ဗျာ ...
ကဗျာလေးကို တော်တော်ကြီး ကြိုက်မိဧ။် ...

ညလင်းအိမ်

Anonymous said...

Really Nice Lynn Depa !!
MNHY

ရွှေပြည်သူ (ShwePyiThu) said...

ခုတလော နှလုံးသားက အထိရှမခံ ဖြစ်နေတဲ့ကြားက... ဒီကဗျာ ဖတ်မိသွားတယ်...

“ငါကတော့
စိတ်ရဲ့ကန္တာရကို
ဘယ်တော့မှ ပြောမပြမယ့် လျှို့ဝှက်သူ။” တဲ့

မျက်ရည်ဝဲချင်သွားတယ် ကိုလင်းဒီပ...။ ဒါပေမယ့် ဖတ်ရတဲ့အတွက် ကျေးဇူးပါ။

norman said...

ထိတယ်ဗျာ ရင်ဘတ်အဟောင်းကြီးနဲ့ ခံစားသွားတယ်။