ပြောင်းလဲသွားတယ်
အရာရာ….
ပြောင်းလဲလွယ်တယ်
နင် နောက်ရည်းစားတစ်ယောက် ထပ်ပြောင်းတွဲတယ် ။
ရာသီတွေကလည်း
အရင်လို မှန်းဆလို့မလွယ်
ပူလွယ် အေးလွယ် နေ့တွေထဲ
လောင်လွယ် ကျွမ်းလွယ် ဘဝတွေထဲ
လယ်ကွင်းတွေဟာ လမ်းတွေအဖြစ် ပြောင်းလဲသွားတယ်
လမ်းအကောင်းတွေဟာ လမ်းအဟောင်းတွေအဖြစ် ပြောင်းလဲ
ကားတွေကလမ်းတွေ ပေါ်မောင်းကြပြီး
လမ်းတွေက ဘယ်ကို ဆက်မောင်းကြလဲ ။
ပြောင်းလဲပေးမယ် ပြောတဲ့ လူလည်ကြီးတချို့က
ပြောင်းလဲခြင်းအတုတွေနဲ့ ထပ်ပြောင်းလဲပေးတယ် ။
ပြောင်းလဲသွားတယ်
ပြောင်းလဲမလွယ်တဲ့ ငါ့ဘဝထဲ
ဖြတ်သန်းစီးဆင်းသမျှ အာရုံတွေ ပြောင်းလဲသွားတယ် ။
ငါလည်း ပြောင်းလဲလာတယ်…
နင့်ဓာတ်ပုံလေးတွေ ပျောက်ကုန်တယ်…။
စီးနေကျ ဖိနပ်ကလေး အတော်ပါးသွားပြီ…။
သစ္စာရှိ
ရိုးမြေကျ
ဘဝမှာ ပေါင်းဖက်မိတာဆိုလို့
(တိုးတိုးဖော်အဖြစ်ကော
သူငယ်ချင်းအဖြစ်နဲ့ပါ )
ကဗျာကို
ဟိုး……..အရင်
ချောကလက်နံ့သင်းတဲ့ ညနေခင်းတွေကထက်
ပိုသောက်ဖြစ်လာတယ် ။
ငါလည်း ပြောင်းလဲခဲ့တယ်ဆိုပါတော့ ။
လင်းဒီပ
၂၈.၀၄.၁၀
(ဒီဧပရယ်လထဲ ကျွန်တော်ရေးမိသမျှ ကဗျာတွေ အကုန်လုံး အပူရောင်တွေ များနေတယ် ။ဒီကဗျာလေးကတော့ အဲဒီကဗျာတွေ အားလုံးရဲ့ သက်ပြင်းချသံ ဖြစ်သွားမလားပါပဲ...။)
Wednesday, April 28, 2010
Subscribe to:
Post Comments (Atom)
16 comments:
ပြောင်လဲသွားတယ် အရင်က တပက် ဆိုရင် အခု နှစ်ပက်
:))
ကဗျာဆရာ ကဗျာကို ပိုသောက်ဖြစ်ဟန်တော့ မထင်မိဘူး
:)
တိတ်မပူပါတဲ့ ရာသီကပူ၇တဲ့အထဲ တူ့အချစ်ကပူနေ ၂ ဆ ၂ ဆ ကောင်းဝူး အပူ၇ည်လေးထပ်ထဲ့ အေ့....
မှန်ပါ့ ငါ့အကိုရယ် အပူတွေချည်းပဲ
ခုထိ သူငယ်တန်းဖတ်စာလေးကိုပဲ သတိရနေတယ် :)
အပူရေတွေသောက်ပြီး ဗိုက်ကြီးပူလာမယ်နော် ..
ပြောင်းလဲလွယ်တဲ့ခေတ်ထဲ ပြောင်းလဲခက်တဲ့လူတွေ
ပူလောင်ကြတာပဲရော..။
ကဗျာဖတ်လိုက်ရတာ အပူတွေတောင်လာဟပ်သွားတယ်။ သဘောကျတယ်။ ကြိုက်တယ် 5/5
ခေတ်ကြီးက
သီအိုရီထည်လဲဝတ်တဲ့ မိန်းမ ... ။
လေးစားအားပေးလျက်ပါ အစ်ကိုကြီး။
ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်
ပြောင်းလဲသွားတာ ဘယ်သူလဲဆိုတာ တိုးတိုးတိတ်တိတ် Facebook ပေါ်မှာပြောပြပါ။ :P ကဗျာတွေဟာ ရေးတဲ့ သူရဲ့စိတ်တံခါးပေါက်တဲ့။ ငါ့အကို သက်ပြင်းချလိုက်ပြီ ဆိုတော့ နောက်ကဗျာတွေကျ စိတ်ပျော်စရာတွေ ဖြစ်လာတော့မှာပေါ့။
"ပြောင်းလဲပေးမယ် ပြောတဲ့ လူလည်ကြီးတချို့က
ပြောင်းလဲခြင်းအတုတွေနဲ့ ထပ်ပြောင်းလဲပေးတယ်။"
း)
အဲလိုနဲ့ပဲ အိမ်ပြန်ဖို့ ဝေးနေဆဲ။
ဟုတ်လိမ့်မယ်ဗျ
သက်ပြင်းချသံ ဖြစ်သွားဖို့
hinn, i just kidding u haha
မပြောင်းလဲချင်ပဲနဲ့လည်း ပြောင်းလဲနေကြ ..
ပြောင်းလဲချင်လည်း မပြောင်းပဲ နေချင်နေကြ...
ညနေခင်းတွေလည်း ဘာရနံ သင်းမှန်းတောင် မသိတော့ပါဘူး..
everthing is change ပေါ့ ပူပါစေ ဒါမှ ဖတ်လို့ ကောင်းတား) အယ် ဒါပေမယ့် စိတ်အေးချမ်းပါစေလို့ ဆုတောင်းပါတယ် ပြောင်းလဲခြင်း အတုတွေနဲ့ မဟုတ်ဘူးနော် အတည်ပြောတာပါ ။
ဟင်းးးးးးးးးးးးးးးးးးး
လို့ သက်ပြင်းချကူသွားပါတယ်.. တကယ်တော့ အစောကတည်းက ကိုယ်တိုင်ချချင်နေတာပါလေ..
မပူနဲ့တော့ မောင်မူး လိုကဗျာလေးဖတ်ချင်တယ်။
ကိုကျော်ညိုသွေးရေ...
ခင်ဗျား ဒီကဗျာလေးအကြောင်းပြောတာ နှစ်ခါရှိပြီ ။ ကျွန်တော်ကိုယ်တိုင်လည်း ရေးပြီး သိပ်ကြိုက်တဲ့ကဗျာလေးပါပဲ ။ ဒါမျိုးလေး ထပ်ရေးဖြစ်ရင် တင်ချင်ပါတယ် ။
ကျေးဇူးတင်ပါတယ်ဗျာ ။
သက်ပြင်းချမိတယ်။
Post a Comment