သူ့အကြောင်း တွေးရင်
နွေးတတ်လာတဲ့ ရင်ဘတ်ကလေးကို ပွတ်ရင်း
ကြာတော့ ရှက်တတ်လာတယ် ။
သူက လှမ်းကြည့်တော့
တီကောင်လေးလို သိမ်ငယ်အသိနဲ့
ခေါင်းငုံ့ ဆွံ့အ နေမိတယ် ။
သူ့ရယ်သံ ခိုးခစ်မှာ
ဘယ်သွားရမှန်း မသိတဲ့ မြစ်ကျိုးအင်းကလေး ဖြစ်လို့ ။
ဘယ်လိုရနံ့တွေ
ဆွတ်ထားမယ်မှန်း မသိတဲ့ မြားဦးလေးကို
မုသားအဖြူထည်တွေ ချရေးမြူဆွယ်ရင်း
နာရီ မကြည့်တတ်တာ ကြာခဲ့ပြီ ။
လင်းဒီပ
8 comments:
ဒီကဗျာ ဆရာ အတော်မြူးနေပါလား ဧကန္တတော့...
မြစ်ကျိုးအင်းပါနေပါလား။
မိုက်တယ်..း)).. ရေးတတ်လိုက်ကြတာဗျာ...
ခင်မင်တဲ့
နေ၀သန်
ရင်ခုန်တတ်စ အရွယ်တုန်းက ရေးထားတာပေါ့ဟုတ်လား တီကောင်လေး =)
ယောင်္ကျားလေး ဖြစ်ပြီး အဲ သလောက်တောင် ရှက်နေလား ရလား မောင်လေး ရ..း)
အဟမ်း.. ကောင်လေးနော် ရွာသားကလည်းဖွ..
ဘယ်လိုရနံ့တွေ
ဆွတ်ထားမယ်မှန်း မသိတဲ့ မြားဦးလေးကို
ရင်တောင်ခုန်သွားတယ်..
လင်းဒီပ အိန္ဒိယ အလုပ်သမားလေး ပြန်တော့မယ့်ကဗျာလည်းကြိုက်တယ်ဟ
ပြင်ချင်သေးလား...
ကဗျာလေးတောင် ခေါင်းလေးစောင်းလို့။
ရှက်များ ရှက်နေသလားမသိ။
Post a Comment