Wednesday, July 28, 2010

အုံ့ပုန်း

သူ့အကြောင်း တွေးရင်

နွေးတတ်လာတဲ့ ရင်ဘတ်ကလေးကို ပွတ်ရင်း

ကြာတော့ ရှက်တတ်လာတယ် ။


သူက လှမ်းကြည့်တော့

တီကောင်လေးလို သိမ်ငယ်အသိနဲ့

ခေါင်းငုံ့ ဆွံ့အ နေမိတယ် ။


သူ့ရယ်သံ ခိုးခစ်မှာ

ဘယ်သွားရမှန်း မသိတဲ့ မြစ်ကျိုးအင်းကလေး ဖြစ်လို့ ။


ဘယ်လိုရနံ့တွေ

ဆွတ်ထားမယ်မှန်း မသိတဲ့ မြားဦးလေးကို

မုသားအဖြူထည်တွေ ချရေးမြူဆွယ်ရင်း

နာရီ မကြည့်တတ်တာ ကြာခဲ့ပြီ ။


လင်းဒီပ

(ကျောင်းသားဘဝလောက်က ရေးဖူးတာပါ ။ ၂၀၀၃ လောက်က ထင်ပါတယ် ။ ဘာရယ် မဟုတ် အမှတ်တရပေါ့ ။ )


8 comments:

ywartharlay-ytu said...

ဒီကဗျာ ဆရာ အတော်မြူးနေပါလား ဧကန္တတော့...

khin oo may said...

မြစ်ကျိုးအင်းပါနေပါလား။

နေ၀သန် said...

မိုက်တယ်..း)).. ရေးတတ်လိုက်ကြတာဗျာ...

ခင်မင်တဲ့
နေ၀သန်

မောင်မျိုး said...

ရင်ခုန်တတ်စ အရွယ်တုန်းက ရေးထားတာပေါ့ဟုတ်လား တီကောင်လေး =)

မမသီရိ said...

ယောင်္ကျားလေး ဖြစ်ပြီး အဲ သလောက်တောင် ရှက်နေလား ရလား မောင်လေး ရ..း)

sait phay yar said...

အဟမ်း.. ကောင်လေးနော် ရွာသားကလည်းဖွ..

အိန္ဒြာ said...

ဘယ်လိုရနံ့တွေ
ဆွတ်ထားမယ်မှန်း မသိတဲ့ မြားဦးလေးကို

ရင်တောင်ခုန်သွားတယ်..

လင်းဒီပ အိန္ဒိယ အလုပ်သမားလေး ပြန်တော့မယ့်ကဗျာလည်းကြိုက်တယ်ဟ
ပြင်ချင်သေးလား...

jr said...

ကဗျာလေးတောင် ခေါင်းလေးစောင်းလို့။
ရှက်များ ရှက်နေသလားမသိ။