Sunday, September 12, 2010

ဖွင့်ဆိုချက်

တံခါး
ဖွင့်လိုက်ရင်
ရန်သူ ရောက်လာမယ် ။

ရန်သူက
အပြင်ဘက်မှာလား
အတွင်းဘက်မှာလား ။

ငါက
အပြင်ဘက်မှာလား
အတွင်းဘက်မှာလား ။

ငါ့တည်နေရာ
ရန်သူ့တည်နေရာ
အမှောင်ထဲ
ဇောချွေးတွေ သပ်ချရင်း
ငါ စဉ်းစားမရ ဖြစ်နေတယ် ။

လင်းဒီပ
၁၂.၀၉.၁၀

10 comments:

khin oo may said...

12 Sep 10, 10:45
kom: မေးလိုက်ပါလား.။ ရန်သူု့ကို...........ကိုယ်မှ စဉ်းစားလို့မရတော့တာ.

khin oo may said...

ချွေးတော့အထွက်မခံနဲ့။ ဟင်း.

ဉာဏ်လင်းထူး said...

ရန်သူလည်းကိုယ် ကိုယ်လည်းကိုယ်

Anonymous said...

တစ်နေရာယူ
နှစ်အဆင်သင့်ပြင်
သုံး ကျည်ဆန်ထည့်
လေးမောင်းချိန်
ငါးပစ်နိုင်ပြီ

မောင်မျိုး said...

ရန်သူက ချုံပုတ် ထဲမှာ ချောင်းရိုက်မလို့တဲ့ အမှောင်ထဲမှာ ပုန်းနေတယ် ညည တစ်ယောက်တည်း မထွက်သွားနဲ့ အဖော်ဆောင်ထား အယ် ဘွာတေး အဖော်ခေါ်သွားပြောတား)

mirror said...

ဟာ...ဘေးနားမှာ ရန်သူ ရန်သူ...း))

သိင်္ဂါကျော် said...

ရန်သူက အပြင်မှာရော.. အတွင်းထဲမှာရော...
:)

tin min htet said...

အစိမ်းရောင်တွေကို မသုံးနဲ့
ကိုယ်တကယ် စိုးရိမ်တယ်
ရန်သူတွေ ဘယ်နေရာက
ပေါ်လာမယ်မှန်းမသိတော့
ကာကွယ်လို့ထား ...
အပြောရခက်တဲ့စကားတွေ
လွယ်ကူနေရမယ်
မင်းရဲ့အချစ်နဲ့ အပြုံးဟာ
အဆင်ပြေလုံလောက်တယ် ...
(ခင်ဝမ်း)

မိုးယံ said...

အသံ ခပ်အုပ်အုပ် လေး နဲ့ မေးလိုက်ပါ

ရန်သူ.... မင်း ဘယ်နားမှာလဲ... သူ့ဆီကအဖြေကို ကြားပြီးမှ ၊ ငါရော ဘယ်နားမှာ လဲ ခပ်ကျယ်ကျယ် အော်လိုက်ပါ။ ပြန်ဖြေလိမ့်မယ်...
ငါလဲ မသိဘူးးးးး ။ ဟဲ ဟဲ

ငြိမ်းချမ်းပါစေ
မိုးယံ

အုပ်ကြီး said...

ငါမရှိ ရန်သူမရှိ
အတွင်းမရှိ အပြင်မရှိ
ဘဝ ဆိုတာ တံခါးကြီး သက်သက်ပါဗျာ ..

လေးစားလျှက်
အုပ်ကြီး