Saturday, September 18, 2010

ကိုယ်ပြောချင်တာတွေကို ရေးချလိုက်မိ(လင်းဆက်နောင်)

နားကျပ်ကလေးနဲ့
ရင်ခုန်သံတွေများစွာ ကြားမှာ ပျော်ရွှင်နေတယ် မဟုတ်လား
ကိုယ်က ဟိုပြေးဒီပြေး လွင့်လွင့်ပြီး ပြေးနေတယ်လေ
အဆင်ပြေတယ် မဟုတ်လား အမှားမရှိသလောက်နဲ့
ရှေ့ကို ဆက်နေမယ်ဆိုတာ ယုံကြည်ပါတယ် ။
ကိုယ်က အမှားတွေအတွက် နောင်တမရတတ်တာလောက်ပဲ
ကိုယ့်ထက် လဲကျနေသူတွေကို မြင်တတ်လာရုံလောက်ပဲ
မတိုးတက်ပေမယ့် ဘဝကို နေပျော်လာရုံလောက်ပဲ
အဆင်မပြေပေမယ့် ဒီလိုပါပဲလို့တော့ သုံးတတ်လာတယ်
အစွဲအလမ်းကြီးတတ်တာနဲ့ အစွန်းရောက်တတ်တာတွေ
မပျောက်မပျက်ရှိနေဆဲ
ပေါ့ပေါ့ပါးပါးရုပ်နဲ့ စိတ်ဓာတ်ကျနေဆဲ
ပေါ့ပေါ့ပါးပါးစကားနဲ့ လေးနက်နေဆဲ စိတ်နဲ့
မြိုသိပ်နိုင်စွမ်းတော့ တက်လာတယ် ထင်တယ် ။
သတိတော့ တခါတလေ ရမယ် မဟုတ်လား ။
နေထိုင်မကောင်းတဲ့အခါ
ခပ်ညစ်ညစ်လူတွေ တွေ့တဲ့အခါ
မဆီမဆိုင် တွေးမိတဲ့အခါ၊ သတိရပါလို့
မတောင်းဆိုပါဘူး
တောင်းဆိုလို့ ရလာတာတွေကိုလည်း
တန်ဖိုးမထားတတ်တော့ဘူး
ဖုန်းထဲမှာ ကဗျာမရွတ်တတ်တော့ဘူး
နောင်တ ခဏခဏ မရတတ်တော့ဘူး
ဒါတွေက အပြောင်းအလဲတွေပေါ့
လွမ်းနေလားလို့ မေးရင်
မဖြေတတ်တော့ဘူး၊ ရူးတယ် ။

လင်းဆက်နောင်
ပိတောက်ပွင့်သစ် (ဖေဖော်ဝါရီ ၂၀၁၀)

1 comment:

မောင်မျိုး said...

ဝမ်းရေးထပ် လွမ်းရေး ပိုခက်နေတယ်ပေါ့

စိတ်လေတော့ စိတ်အိုစာတယ်
စိတ်အိုစာတော့ လူအိုတယ်
လူအိုတော့ အရွယ်ကျတယ်
အရွယ်ကျတော့ ကျန်ရစ်ဖြစ်တယ်
ကျန်ရစ်တော့ လှံပစ်တယ်
လှံပစ်တော့ ထိတယ် (ငှက်ပျော်တုံး )

စတာနော်း)