Sunday, September 5, 2010

ပြန်တွေ့တဲ့နေ့

ပြေးလို့မလွတ်ဘူး ဆိုပေမယ့်

ပြေးခဲ့တယ်…

ကမ္ဘာထဲ ငါ ပုန်းရှောင်စရာ

တစ်နေရာ ရှိနိုး ။


မရိတ်မသင်

စိတ်ကို ဒီအတိုင်းထား

ဖားဝေလာတဲ့ နေ့စဉ်မှတ်တမ်းတွေက

သံယောဇဉ်ပုလင်းကွဲစတွေကို အုပ်မိုးသွားလိမ့်မယ် ။


နာနေတဲ့စိတ်ထဲက

မိ,မဆုံးမ ဖ,မဆုံးမ အလွမ်းတွေ

ခုန်ခုန်ချတယ် နင့်ရှေ့မှာ..။


အပြုံးလေး ပြ ပြ ပြီး

ငါ့ကိုယ်ထဲက ကျေးကျွန်ရနံ့တွေ

ဆွ ဆွ ထုတ်နေတဲ့ မဲ့ပြုံးမ ။


ငါ မုန်းလို့ မဆုံးသေးခင်

နင်

လမ်းကို ဖြတ်ကူးသွားပြန်ပြီ။


မိုးပြေးလေ

ရင်ထဲတပြိုက်

နောက်တခါ ထပ်ပြီး

အိုက်စပ် ကျန်ခဲ့ရတဲ့ အဖြစ် ။

လင်းဒီပ

၀၅.၀၉.၁၀

9 comments:

နွေဆူးလင်္ကာ said...

ပြန်တွေ့တာ ကောင်းတာပေါ့ဗျ ...

kkk said...

with who???

မောင်မျိုး said...

ပြန်တွေ့တဲ့နေ့ဆိုပြီင်္း ဘီလိုဖြစ်လို့ ကျန်ခဲ့ရတာတုန်း တစ်ခါတည်း ဖမ်းဆွဲထားလိုက်ပြီးကော နောင်ခါလာ နောင်ခါဈေးပေါ့း)

မိုးယံ said...

လမ်းဖြတ်ကူးသွားတယ်လား ။ နောက်တစ်ခါ ထပ်တွေ့ တော့ ထပ်မုန်းလိုက်ပေါ့ ကိုလင်းရယ်

ငြိမ်းချမ်းပါစေ
မိုးယံ

သိင်္ဂါကျော် said...

ပြန်တွေ့တဲ့ နေ့ဆိုပြီး ဘယ်လိုကြီးပါလိမ့်..

Anonymous said...

ထင်တော့ထင်တယ်

ဟိုနေ့က စိတ် အရှည်ကြီး ဖားလျားချပြီး စီးတီးဟောက မီးပွိုင့်မှာ တယောက်တည်း ဟိုဖက်ကူးလိုက် ဒီဖက်ကူးလိုက်လုပ်နေတဲ့ အစ်ကိုကြီးခပ်ချောချောက ဘယ်သူများလဲ မှတ်တယ်.....

မမသီရိ said...

မရိတ်မသင်စိတ်
ဖားဝေလာတဲ့ နေ့စဉ်မှတ်တမ်း
သံယောဇဉ်ပုလင်းကွဲစ

မိ,မဆုံးမ ဖ,မဆုံးမ အလွမ်း
ငါ့ကိုယ်ထဲက ကျေးကျွန်ရနံ့
ဆွ ဆွ ထုတ်နေတဲ့ မဲ့ပြုံး

မိုးပြေးလေ ရင်ထဲတပြိုက်
...
...

အဲသလိုလေးတွေ ရေးတတ်ချင်တယ်

jr said...

မုန်းတာကို ဆုံးအောင် မစောင့်တဲ့ မဲ့ပြုံးလေး လမ်းဖြတ်ကူးတုန်း ရဲဖမ်းပါစေတော်။
ဟိ
:P

mirror said...

မရိတ်မသင်ပဲထားမှတော့ ဒီစိတ်တွေ ဖားလားဝေမှာပဲ။
ကတုံးတုံးလိုက်ပေါ့ ဗျ...။။

ကောင်းတယ် ဒီကဗျာ။