Saturday, September 4, 2010

အခွံ

ပဲ့ကိုင်မဲ့နေတဲ့ ရွက်တပ်လှေကလေး
သံလိုက်အိမ်မြှောင်ထဲ ကိုယ့်အရပ်မျက်နှာ ကိုယ်ရှာလို့ ။

လမ်းပေါ်မှာ ကျောက်ခဲလေးကို
အရူးက ခလုတ်တိုက်သွားတယ် ။
ငါ့ကိုကော
ဘယ်မာရ်နတ်မှ ခလုတ်မတိုက်မိဘူးလား ။

အရေးတကြီး ပြေးလိုက်စရာ မရှိ ။
စိတ်တထင့်ထင့် မျှော်လင့်နေစရာလည်း မရှိ ။

ဘယ်ဖိနပ်ကို စီးပြီး
ဘယ်အရပ် ကို သွားရမလဲ ။

နွေလေထဲက ရွက်ခြောက်တွေလို
ငါ့နေ့တွေ လွင့်လွင့်မျောမျော..။

ကြာပွတ်သံမကြားရတဲ့အခါ
ကျွန်တစ်ယောက် ပျင်းရိနေသလိုမျိုးလား
ရုပ်ရှင်ရုံကြီးထဲ
တစ်ယောက်တည်း ကြည့်ရင်း တွေးမိတယ် ။

လင်းဒီပ
၀၄.၀၉.၁၀

5 comments:

Maung Myo said...

ရုပ်ရှင်ရုံထဲ တစ်ယောက်တည်းကြည့်ရတော့ကော ဘာဖြစ်သတုန်း ကျနော်ဆို နေ့ကြာစေ့တစ်ထုတ်လောက် ၀ါးပြီး ကြည့်လိုက်တာပဲး)

အခွံဆိုတော့ တစ်ခုခုထည့်လို့ရမှာပေါု့အချစ်တွေထည့်လိုက် လိုနေတာ အဲ့တာပဲ ကဗျာဆရာ ။

မမသီရိ said...

မအိန္ဒြာ ကတော့ ဒီနေ့စီတဲ့ ဖိနပ်နောက် လိုက်လျှောက်မတဲ့ မောင်လေးရဲ့..

ပြသနာမရှိတာ
မျှော်လင့်စရာ မလိုတာ မအေးချမ်းဘူးလား မောင်လေး ရာ

September 4, 2010 10:18 AM

Anonymous said...

Avatar 3 D သွားကြည့်လိုက်ပါ
ရုံထဲမှာ တယောက်ထဲ ကြည့်ရလို့ 
တခါထဲ ငိုချင်သွားမယ်

Leo said...

ချစ်သူများ အွန်လိုင်းပေါ်ရောက်နေမလားလို့ နောက်ဆံတင်းစရာမလိုတော့ဘူး။ ဖုန်းများခေါ်နေမလားလို့ ရေချိုးခန်းထဲထိ ဖုန်းယူသွားစရာမလိုတော့ဘူး။
သူငယ်ချင်းတွေနဲ့ကလပ်သွားရင်တောင် သူကတော့ငါ့ကိုသတိရနေမလားဆိုပြီး လိပ်ပြာမလုံဖြစ်စရာလဲမလိုတော့ဘူး။
အခွံဘ၀လေးလဲ---ကောင်းပါတယ်။
ကြာပွတ်သံမကြားရတော့ ကောင်းတာပေါ့။ :D

jr said...

အောက်က ကဗျာကျော်ဖတ်သွားတယ်လို့ ဒီမှာ လာပြောဒါ။ အခွံလေးကို လာဖြည့်ပေးတဲ့ သဘော။
:P