Tuesday, September 16, 2008

ပန်းတွေ…အစိမ်းခြွေ


မိစ္ဆာရောင်ပြာနှမ်းနေတဲ့ ကောင်းကင်အောက်
ပန်းတွေ
ကြွေသင့် မကြွေသင့် ဒွိဟဖြစ်နေတာက
ရင်နင့်စရာ
အပင်ဖျားမှာ နှင်းခါးတွေ သီလို့…
အပင်အောက်မှာက ပန်းခြောက်တွေကြွေ...

စိတ်ကို တီးခတ်လိုက်ရင် အကောင်းဆုံးသီချင်းဖြစ်လာမှာ
ဒါ..ပန်းတွေ မျက်ရည်နဲ့ရက်တဲ့သီချင်း ။

စိတ်ကို ဆက်မတီးဘူး
ပစ္စုပ္ပန်မှာ ပြန်ချထားလိုက်တယ်
နောက်
အိပ်မက်တံခါးကို အသာလေးပိတ်ပြီး
ကိုယ့်အိမ်ကိုယ်ပြန်အိပ်ခဲ့တယ် ။

လင်းဒီပ
၁၆.၀၉.၀၈
(Photo Source: s77.photobucket.com)

4 comments:

ဗီလိန် said...

အရမ်းကောင်းတယ်ဗျ။

မိုးမြင့်တိမ် said...

ကဗျာလေးကြိုက်တယ်ဗျာ အရေးအသားကတော့ လန်ထွက်နေတာဘဲ

khaung said...

စိတ်ကို တီးခတ်လိုက်ရင် အကောင်းဆုံးသီချင်းဖြစ်လာမှာ

ဒါပန်းတွေမျက်ရည်နဲ့ရက်တဲ့သီချင်း.....

ဒီအရေးအသားလေး.. ရင်ထဲကိုစွဲသွားတယ်...

တင့်ထူးရွှေ said...

စိတ်ကို တီးခတ်လိုက်ရင် အကောင်းဆုံးသီချင်းဖြစ်လာမှာ
ဒါ..ပန်းတွေ မျက်ရည်နဲ့ရက်တဲ့သီချင်း
စာသားလေးလှတယ်ဗျာ ..။