သူမရဲ့ဆံပင်တွေ ခိုးနမ်းဖို့ပေါ့
လရောင်ကို လာဘ်ထိုး
အိပ်ရာဖြူဖြူလေးဆီ တိုးတိုးလေး လာခဲ့။
အိပ်ရာပေါ် တိတ်တိတ်ဆိတ်ဆိတ်
ဝံပုလွေမလေး အိပ်နေရဲ့။
ရင်နာနာနဲ့ ပြန်အထွက်
ငါ့ရင်ဘတ် အတွင်းသားတွေတော့
သူမ အခန်းထဲ ကျန်ခဲ့ပေါ့။
လင်းဒီပ
၁၂.၄.၂၀၀၀
(သူငယ်ချင်းသုံးယောက် စုထုတ်ဖူးတဲ့ သုံးမျက်နှာဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ။)
Wednesday, June 17, 2009
Subscribe to:
Post Comments (Atom)
12 comments:
“ငါ့ရင်ဘတ် အတွင်းသားတွေတော့
သူမ အခန်းထဲ ကျန်ခဲ့ပေါ့။” အဲဒီအဆုံးသတ်လေး တော်တော်လှတယ် ကိုလင်းဒီပ။ စကားမစပ် ဒီတစ်ခါတော့ မေးခွန်းမပေါက်ဘဲ comment ပထမရပြီ ထင်ပါတယ်း)
မှတ်ပလား :)
ကဗျာလှတယ်ဗျာ ......
သန်းခေါင်ယံမျက်လှည့်ကို သန်းခေါင်ယံမှာတင်တော့ မျက်စိတောင်လည်သွားတယ်..။ဝံပုလွေမလေးတဲ့လား..။
တော်တော်ကိုကဲ..ဗျာ..။
လှတယ်
.................
ဒါပဲပြောနိုင်တယ်။
သွားချင်အုံး ဟဲ့..
ဝံပုလွေမလေး အိပ်ယာဆီ...း)
လူယုတ်မာကြီးရဲ့ အကြံအစည်ကိုသိနေတယ်နော်။ ငှဲငှဲငှဲ။ ဝံပုလွေမလေးကို ခုလွှတ်လိုက်။ ဒန့်တန့်တန့်။
ဝံပုလွေမလေးကို ခုလွှတ်လိုက်။ ဒန့်တန့်တန့်။
ကိုဗီ့စကားကို ပိုလေးနက်သွားအောင် ကော်ပီကူးပြီး ထပ်ပြောလိုက်တာပါ..
ကဗျာကောင်းတယ်း)
(ဝံပုလွေမတဲ့) မြေခွေးညီမလေးအတွက်လည်း ကဗျာတစ်ပုဒ်လောက်ရေးပေးဗျာ
လာဘ်ထိုးစရာရှားလို့
အကျင့်ပါနေတာထင်တယ်နော်.....
နောက်တာနော်...ခင်လို့...စိတ်ဆိုးနဲ့
ဟိတ်.. ကောင်မလေးကိုလွှတ်လိုက်.. :P
ရင်နာနာနဲ့ ပြန်အထွက်
ငါ့ရင်ဘတ် အတွင်းသားတွေတော့
သူမ အခန်းထဲ ကျန်ခဲ့ပေါ့။
ကဗျာဆရာ တင်စားဖွဲ့ထားပုံကတော့ မူးမေ့လောက်နိုင်တဲ့
အနုပညာစံပါပဲ
ခင်မင်လျက်
မနမ်းလိုက်ရဘူးလားပာင်
သဘောကျတယ်။
သူမို့ ဖွဲ့တတ်ပလေတယ်။
သူ့ရင်ဘတ်အတွင်းသား၊ ၀ံပုလွေမ စားသွား လို့ ဆက်ဖွဲ့ရင် ကောင်းမလား???
(သဘောကျလွန်းလို့ နောက်ချင်စိတ် ပေါ်နေမိတာ ခွင့်လွှတ်ပါ ရင်ဘတ်ဟောင်းလောင်းနဲ့ ဆရာဒီပ)
Post a Comment