နင်က ငါ့ကို ချစ်တာမဟုတ်ဘူး ကောင်မလေး
အရုပ်တစ်ရုပ်လို ဆော့ချင်တာ…
နင်က ငါ့ကို ချစ်တာမဟုတ်ဘူး ကောင်မလေး
လူပျက်ကလေး တစ်ယောက်လို
ရယ်မောဖို့ အသုံးတော်ခံချင်တာ…
နင်က ငါ့ကို ချစ်တာမဟုတ်ဘူး ကောင်မလေး
ခရီးတစ်ခုအတွက် ယာဉ်တစ်စီးလို မောင်းနှင်ချင်တာ….
ငါက
နင့်ခရီး ဆောင်းအခါးတွေအတွက်
လူသားအနွေးထည်လေး
ငါက
နင့်ညတွေ မှောင်တုန်းမှာ
ရင်အလင်းနဲ့ လောင်ကျွမ်းတောက်ပနေရတဲ့
ကြယ်နုံကြယ်အ လေး
ဇာတ်လမ်းအဆုံးမှာ
မင်းငြီးငွေ့သွားလို့
အခန်းထောင့်မှာ ကျန်ခဲ့တဲ့ အရုပ်တစ်ရုပ်
ပျက်လုံးအသစ်တွေ မရှိတော့လို့
မင်းပျင်းရိသွားတဲ့ လူပျက်ကလေး
(ဒါမှမဟုတ်)
လမ်းပေါ်မှာ စက်သေကျန်နေရစ်ခဲ့တဲ့
အင်ဂျင်အနာနဲ့ ယာဉ်ပျက်ကလေး
ငါက ဆယ်နှစ်ရာသီ ကဗျာတွေ ပွင့်နေတဲ့ သစ်ပင်တစ်ပင်ပါ
မင်းကြောင့် ချစ်ခြင်းထုံပျံ့နေတဲ့
ကဗျာပွင့်တွေ ပွင့်ပွင့်လာတော့မယ် ငါအောက်မေ့ခဲ့တာ…
မင်းကြောင့်
ကြေကွဲခြင်းတွေ မွှန်းတဲ့ မျက်ရည်အပွင့်တွေပဲ ပွင့်ပွင့်လာခဲ့ရတယ်
ဇာတ်လမ်းအဆုံးမှာ
မျက်ရည်တွေ ပွင့်ပြ ကြွေပြနေရတဲ့
မျက်ရည် သစ်ပင်တစ်ပင်ပဲ ဖြစ်လာခဲ့တယ်..
လင်းဒီပ
၆.၇.၀၉
Monday, July 6, 2009
Subscribe to:
Post Comments (Atom)
17 comments:
ငါက ဆယ်နှစ်ရာသီ ကဗျာတွေ ပွင့်နေတဲ့ သစ်ပင်တစ်ပင်ပါ
မင်းကြောင့် ချစ်ခြင်းထုံပျံ့နေတဲ့
ကဗျာပွင့်တွေ ပွင့်ပွင့်လာတော့မယ် ငါအောက်မေ့ခဲ့တာ…
မင်းကြောင့်
ကြေကွဲခြင်းတွေ မွှန်းတဲ့ မျက်ရည်အပွင့်တွေပဲ ပွင့်ပွင့်လာခဲ့ရတယ်
ကောင်းတယ်ဗျ ၊၊ ချစ်ခြင်းတွေ ထုံမွှန်းနေတုံး အချစ်ကဗျာ ဆရာကြီးဆီလာလိုက်တာ အချစ်ပွင့်တွေ တွေ့လိုက်ရတယ်
Harvard University ကိုရီးယားကားကြည့်နေတုန်း ဆိုတော့ ပိုပြီး ခံစားသွားပါတယ်ဗျာ
တခါတလေလည်း လွမ်းစရာလေးပါမှ ရသစုံတာကလား
ှပျောက်နေတယ်မှတ် တာ
ဆရာက သစ်ပင်ယောင်ဆောင်နေသကိုး ။
မျက်ရည်တွေလည်းရွှဲလို့ ....
ကောင်းသောနေ့ပါဗျာ ...
ဇာတ်လမ်းအဆုံးမှာ
မျက်ရည်တွေ ပွင့်ပြ ကြွေပြနေရတဲ့
မျက်ရည် သစ်ပင်တစ်ပင်ပဲ ဖြစ်လာခဲ့တယ်.
မျက်ရည်သစ်ပင်ထဲက ထွက်ကျလာတဲ့ ကဗျာတရွက်ပေါ့
ညီရာ
အင်းးးးမျက်ရည်တွေ.နဲ့ ပဲ..လာတွေ့ နေတယ်.
ကဗျာလေးအတိုင်းပဲ ခံစားသွားပါတယ်။ ကဗျာကို ကျော်ပြီး မကြည့်ချင်ဘူး...
ကြယ်နုံကြယ်အကလေးက
အလင်းတွေထုတ်လွှတ်ရင်း
မျက်ရည်တွေလည်းစိုလို့
ငါက ဆယ်နှစ်ရာသီ ကဗျာတွေ ပွင့်နေတဲ့ သစ်ပင်တစ်ပင်ပါ
လှတယ်..လင်းဒီပရေ..
ငါလဲ အဲသလို သစ်ပင်မျိုး...
ဖြစ်ချင်တယ်.....
အိန္ဒြာ
နိုသွားတယ် အရမ်း
“ငါက
နင့်ညတွေ မှောင်တုန်းမှာ
ရင်အလင်းနဲ့ လောင်ကျွမ်းတောင်ပနေရတဲ့
ကြယ်နုံကြယ်အ လေး”
ထုံးစံအတိုင်း ဖတ်တဲ့သူတွေဆီကိုပါ ခံစားချက်တွေ ကူးစက်စေပါတယ်။ ကဗျာကောင်းတွေကို ဖတ်ရတိုင်း သိပ်ဝမ်းသာပါတယ်။ ဒါပေမယ့် ခင်တဲ့မင်တဲ့ သူတွေရေးတဲ့ ခပ်ဆွေးဆွေးကဗျာလေးတွေကိုတော့ ကိုယ်တွေ့မဟုတ်ဘဲ ခံစားရေးဖွဲ့ထားတာတွေသာ ဖြစ်ပါစေလို့ အမြဲဆုတောင်းပေးမိပါတယ်။ ကိုလင်းဒီပလည်း အစစ အဆင်ပြေပါစေ...
ကဲ
ဒီသစ်ပင်ကတော့ ဇာတ်လိုက်
အမ လဲ သစ်ပင် တပင် အကြောင်း ရေးထားမိတယ်း)
သစ်ပင်လေး မျက်ရည်သုတ်ဖို့ တဘက်တထည် ချန်ထားခဲ့တယ်။
ဆယ်နှစ်ရာသီ ကဗျာတွေ ပွင့်ဝေ ပါစေခင်ဗျာ။
ပြောပြန်ပြီ။ ဟုတ်တာလည်း ဟုတ်ပဲနဲ့။ သူများလွမ်းအောင်လို့။
ကိုလင်းရေ
ကဗျာလေးဖတ်ပြီး ကြွေသွားပြီ
ငါဟာ နင်အာရုံရချိန်မှ ဆက်ခံရတဲ့ ဖုန်းစုတ်လေးပါ
:D
ခင်မင်စွာဖြင့်
သီဟသစ်
အကိုရေ အဲဒီသစ်ပင်မှာ
မျက်ရည်ဘယ်လောက်များသလဲဗျး)
ကိုလင်းဒီပရေ ကဗျာလေး ခံစားသွားပါတယ်။ လိုတာကတော့ အဲလိုကဗျာကောင်းကောင်းလေးတွေ ရေးတတ်ချင်နေပါတယ်။ :)
ဟုတ်ပါ့ဗျာ... မျက်ရည်တွေပဲ ပွင့်ခဲ့ရတဲ့ညတွေကို သတိရလိုက်တာ အစ်ကိုရေ
း)
Post a Comment