Wednesday, September 1, 2010

အကျော်ဆရာ

ကျော်ဖတ်နေရတယ်
တချို့စာမျက်နှာတွေမှာ အဆိပ်တွေများလို့..။
ကျော်ဖတ်နေရတယ်
တချို့စာမျက်နှာတွေမှာ အရုပ်တွေများလို့..။
ကျော်ဖတ်နေရတယ်
တချို့စာမျက်နှာတွေမှာ စာလုံးတွေ များနေလို့…။
ကျော်ဖတ်နေရတယ်
တချို့စာမျက်နှာတွေမှာ အကြွားတွေများနေလို့…။
ကျော်ဖတ်နေရတယ်
တချို့စာမျက်နှာတွေမှာ အငှားတွေများနေလို့..။
ကျော်ဖတ်နေရတယ်
တချို့စာမျက်နှာတွေမှာ အနာတရတွေ များနေလို့…။
ကျော်ဖတ်နေရတယ်
တချို့ စာမျက်နှာတွေမှာ သွေးထွက်သံယိုတွေများနေလို့..။

ကျွန်တော်သိတယ်
ခင်ဗျား ကျွန်တော်
အချိန်က ဘယ်တော့မှ မလောက်ဘူး
သေတဲ့နေ့အထိ မလောက်ဘူး…။

အချိန်ကိုယ်ကျပ်အင်္ကျီလေးနဲ့
ဘဝကိုယ်လုံး ခပ်ထွားထွားမှာ
တွက်ရ ချက်ရ ငြင်းရ ခုန်ရ
ကျော်ရ လွှားရ ဆဲရ ဆိုရ
ရန်ဖြစ်ရ ဒေါသထွက်ရ ပြုံးပြရ..

အဲလိုဆိုတော့လည်း
တခါတလေ
ကိုယ့်ဘဝကိုယ်တောင် အချိန်မရလို့
ကျော်ကျော်ဖတ်နေရတာ…

ခေတ်ကြီးကိုက ကျော်နိုင် ခွနိုင်မှ
တန်ကာကျတဲ့ ခေတ်ကြီး
ကျော်ဖတ်နေရတာ မထူးခြား
ဆိုတော့ကာ..
ဒီကဗျာလေးလည်း ကျော်ဖတ်သွားလိုက်ပါဦး။
လင်းဒီပ
၁၇.၁၁.၀၉

7 comments:

Maung Myo said...

လူဆိုး ဒါ သူများတို့ကို သက်သက်စောင်းပြောတာပဲး)

အဲ့လိုဟုတ်ရပါဘူးကွယ် အလုပ်ထဲ ခိုးဖတ်ရတာ ဆိုတော့လည်း အမေ့အိတ်ကပ်ထဲက ပိုက်ဆံခိုးရသလို သုတ်သုတ်ဖတ် သုတ်သုတ်မန့်ရတာပဲပေါ့ ဒါမဲ့ ကျော်ခွပြီးတော့ တော့မဖတ်ပါဘူး ဟဲဟဲ သာမန်ကာလျှံကာပဲဖတ်တယ် ။


ကျွန်တော်သိတယ်
ခင်ဗျား ကျွန်တော်
အချိန်က ဘယ်တော့မှ မလောက်ဘူး
သေတဲ့နေ့အထိ မလောက်ဘူး…။

ဒီင်္နေရာမှာ ဒေါသ သံပါနေတယ် စိတ်လျှော့ စိတ်လျှော့ သူများတို့ ရပ်ကွက်ထဲမှာ ဂလိုပဲ ကြော်ကြားချင်ရင် ကျော်ရမှာပေါ့ ။ တစ်ချို့တွေထဲမှာ ကိုယ့်စာမျက်နှာလည်း ဘယ်ထဲပါသလဲမသိတော့ပါဘူး ဒီညရေးမယ်လို့စိတ်ကူးထားတဲ့ ပို့စ်တောင်မရေးတော့ဘူး အကြွားတွေများနေလို့ တော်ပြီး အိပ်တော့မယ် ဂလောက် ။

မိုးယံ said...

ဟင့်အင်း ဟင့်အင်း

ကျော်ဖတ်ချင်ဝူးနော်

ကဗျာ လေးက ရသမြောက်တယ် ။ ဘိုလို ကြောရရင် ဟတ်ထိတယ်ပေါ့

ငြိမ်းချမ်းပါစေ
မိုးယံ

သိင်္ဂါကျော် said...

ဒီကဗျာလေးတော့ ကျော်မဖတ်ပါဘူး..
စကားလုံးတွေ ကောင်းလို့ သေချာဖတ်သွားပါတယ်.. :D

mirror said...

တရစ်ချင်း တင်ပါ..ကဗျာဆရာ..
အလုံးလိုက်အတစ်လိုက် ပစ်ပစ်ချတော့ ဖတ်တဲ့သူမယ်
နင့်နဲလှချည်ရဲ့လို့ ဖြစ်ရတယ်..။

မမသီရိ said...

အချိန်မလောက်ပုံများကတော့
ကိုယ္က်ပ္အက်ီၤတင္မက
ဟိုပေါ်ဒီပေါ် တိုနံ့နံ့ မလုံ့တလုံ (နေအုံး ဘာကျန်သေးလဲ..း)

အချိန်မလောက်ပေမဲ့ ကျော်မဖတ်ပါဘူး မောင်လေးရေ
ရေးပါ အမြဲ..ရောက်မယ် အမြဲ..
ဖတ်မယ် အမြဲ..

မယ့်ကိုး said...

ကျော်မဖတ်တတ်ဘူး မျက်နှာလွှဲနေလိုက်တာ :P

အုပ်ကြီး said...

ကျော်မဖတ်ဘူး ဆိုတာ
အော်ကျက်လုပ်သွားပါတယ် ....