Monday, September 15, 2008

ရိုးရိုးသားသားလိမ်လည်ခြင်း


ဆည်တဲ့ကန်သင်းလည်းမရှိတော့
မေတ္တာစီးရေတွေက ဟိုရောက်ဒီရောက်နဲ့လေ..
အဖတ်တင်တယ်ကို မရှိဘူး

တကယ်ပြောတာညီမလေးရဲ့
ပွေတာရှုပ်တာမဟုတ်ဘူးနော်..
ဟိုသီချင်းစာသားလေးလို..
အချစ်ငတ်လို ရွာလည်နေခဲ့တာ

ပွင့်ဖို့စဉ်းစားတုန်း ကြွေပေးလိုက်ရတာမျိုး
မက်ဖို့ကြံရွယ်တုန်း မိုးလင်းသွားရတာမျိုးလေ..
ကိုယ်ကလည်း သဘောက ခပ်ကောင်းကောင်းဆိုတော့
သနားအောင်လာလုပ်ရင် လက်နက်ချလိုက်ကော..
ကဲ..မခက်ဘူးလား

ထားပါလေဖြစ်ပြီးခဲ့သမျှတွေ
သွားနေကျလမ်းတွေလည်း မလျှောက်တော့ဘူး
တွေ့နေကျလူတွေနဲ့လည်း မတွေ့တော့ဘူး
ပြောနေကျဖုန်းတွေလည်း မကိုင်တော့ဘူး
ကုန်ကုန်ပြောရရင်
….
….
….
….
ကဲ
ဒါဆို ရမလား ၊


လင်းဒီပ
၁၀.၀၉.၀၈
(Photo Source: photobucket.com)

3 comments:

တင့်ထူးရွှေ said...

ဒါဆို ညီမလေး စိတ်ကောက်ပြေရောပေါ့ ဗျ အကိုရ :)

ရွှေပြည်သူ (ShwePyiThu) said...

“ကိုယ်ကလည်း သဘောက ခပ်ကောင်းကောင်းဆိုတော့
သနားအောင်လာလုပ်ရင် လက်နက်ချလိုက်ကော..”

ဖတ်ပြီး ပြုံးမိစေတဲ့ကဗျာလေးပါး)

mirror said...

ကုန်ကုန်ပြောရရင်ဆိုပြီး မပြောလိုက်တဲ့ စကားတွေကို စိတ်ဝင်စားမိတယ် :)