Tuesday, September 16, 2008

ညီမလေးနှင့်ကျွန်တော်


ယုန်ကလေးမလာခင်တည်းက
ချုံကလေးက ရှိနှင့်ပြီးသား

ချုံကလေးလည်းတွေ့ရော
ယုန်ကလေးက ပြေးဝင်လာရော

ညီမလေးရဲ့မေမေ
ဒေါသတွေ မိုးလိုရွာချတဲ့နေ့က
ယုန်ကလေးမိုးမိမှာစိုးလို့
ချုံကလေးရဲ့ရင်ထဲ
ဖွက်ထားလိုက်ရတယ် ။

လင်းဒီပ
၃၀.၀၈.၀၈
(Photo Source: frickr.com)

3 comments:

ဗီလိန် said...

ခြုံက ကြီးကြီးဘဲလားဟင်?

ရွှေပြည်သူ (ShwePyiThu) said...

သက်ဝင်လှပတဲ့ အဖွဲ့လေးနဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါ။ ဖတ်တဲ့သူကို သဘောတကျပြုံးမိစေပါတယ်...

sait phay yar said...

ကောင်းလှပေါ့အဖွဲ့လေးက...မျက်စိထဲကိုမြင်သွားတယ်