Sunday, August 1, 2010

ဖတ်မိတော့လည်း ကဗျာ(၂)

စောင်းကောက်လေး ကောက်ရထားတဲ့

မျောက်မလေးရေ…


ကြိုးတွေကို

လက်နဲ့ပွတ်သပ်နေရုံနဲ့ ဂီတ မဖြစ်ဘူး…

လက်ခုပ်သံကို နားစွင့်တတ်ရုံနဲ့ ဂီတ မဖြစ်ဘူး…

ဂါဝန်လှလှလေး ဝတ်ထားရုံနဲ့လည်း ဂီတ မဖြစ်ဘူး…


မင်းဝိညာဉ်ကို စောင်းကြိုးတွေပေါ် ပစ်တင်

မင်းစိတ်ထဲ တဒင်္ဂလေး အတ္တတွေ လွင့်စင်

(ပြီး)

မင်းနှလုံးသားက

စောင်းကြိုးတွေပေါ် ဖြတ်လျှောက်သွားတဲ့အခါ..။


ငါကတော့

မျောက်မလေးရဲ့ ဂီတဖြူဖြူကို

ပထမဆုံး နားဆင်ခွင့်ရသူ ဖြစ်ချင်တယ် ။

လင်းဒီပ

၃၁.၀၇.၁၀

5 comments:

မောင်မျိုး said...

ကဗျာဆရာရဲ့ ဂါဝန် ၀တ်ထားတဲ့ မျောက်မလေးအကြောင်း လာဖတ်သွားတယ် ။း)

ywartharlay-ytu said...

တံတျာတေရှင် တံတျာတေရှင် ဒရန့် ဒရန့်တဲ့ဗျ

:P

ရွှေပြည်သူ (ShwePyiThu) said...

“မျောက်မလေးရဲ့ ဂီတဖြူဖြူကို”

ကဗျာဆရာကြီး စကားလုံးတွေ ဘယ်ကများရတုန်း... လှလွန်းလို့...

jr said...

စောင်းကောက်နဲ့ မျောက်မ?
အတော်စဉ်းစားရ ခက်သဗျ။

စကားလုံးတွေကလဲ ထွက်ထွက်နိုင်လွန်း သုံးစွဲတတ်နိုင်လွန်း။း)

သက်ထွေး said...

တစ်ချို့မျောက်မလေးတွေက စောင်းကောက်လေးကို လက်နဲ့တောင် သေချာ မပွတ်သပ်တတ်ကြဘူးဗျာ
-----------
တင်စားထားပုံနဲ့ theme လေးအတော်သဘောကျ၏