အိပ်မက်ကို ထပ်ပြီး အိပ်ငွေ့ချ မခံရဖို့
နိုးနိုးကြားကြား ရှိသူတွေ
ကျယ်ကျယ်လောင်လောင် သတိပေးကြ ။
ခေတ်အပျက်ကြီးထဲ
လူအပျက်ကြီးတွေ
ကပ်လာဂမုန်းတွေ ထပ်ခါ ထပ်ခါ စိုက်
ဂါထာဆိုးတွေ မန်းလိုက် မှုတ်လိုက် ။
သူသူငါငါတွေမှာတော့
သမုဒ္ဒရာအမှားထဲ
ပစ်ထည့်ခံလိုက်ရတဲ့ ငါးတွေ..။
လင်းဒီပ
၂၆.၀၈.၁၀
5 comments:
သစ်ပင်မရှိတဲ့ တောင်ကတုန်းတွေမှာ
ကပ်လာဂမုန်းတွေ ပိုပေါက်မယ် ထင်တယ်
ကိုလင်းရေ။
ဥုံး
ကျား ဆရာ ကြောင်
ကြောင် ဆရာ ကြွက်
ဂါထားဆိုးတွေ ရွတ်သွားတယ် ကဲကဲ မကောင်းဆိုးဝါးတွေကျွတ်စေ လွတ်စေ ကျယ်ကျယ်လောင်လောင် လေး ဆွသွားတယ် ။
ကပ်လာဂမုန်း ဆိုတာ ဧည့်လာဂမုန်းနဲ့တူတူပဲလား???
ခေတ်အပျက်ကြီးထဲ
လူအပျက်ကြီးတွေ
ကပ်လာဂမုန်းတွေ ထပ်ခါ ထပ်ခါ စိုက်
ဂါထာဆိုးတွေ မန်းလိုက် မှုတ်လိုက် ။
း))
အကိုရေ ကမ၀ါသာညှပ်လိုက်ပါတော့ဗျာ
ခင်မင်စွာဖြင့်
ဗညား
အချစ်ကဗျာ မဟုတ်တဲ့ကဗျာတွေ အကြိုက်ဆုံး ကဗျာစာရင်းထဲ ဒီကဗျာပါသွားပြီ မောင်လေး
တကဲ့ ကို ထိမိတဲံ့ နိမိတ်ပုံလေးတွေ
အိပ်မက်တွေ ထပ်အိပ်မွေ့ချ မခံရဖို့ ကိုယ်စီ တာဝန်ရှိတယ်.. တတ်နိုင်သလောက် တောင့်ခံကြရအောင်
သမုဒ္ဒရာ အမှားထဲ ငါးအမှားတွေ ပစ်မထည့်ကြဖို့ပေါ့ ......
Post a Comment