Friday, August 27, 2010

ဖတ်မိတော့လည်း ကဗျာ(၃)

အိပ်မက်ကို ထပ်ပြီး အိပ်ငွေ့ချ မခံရဖို့

နိုးနိုးကြားကြား ရှိသူတွေ

ကျယ်ကျယ်လောင်လောင် သတိပေးကြ ။


ခေတ်အပျက်ကြီးထဲ

လူအပျက်ကြီးတွေ

ကပ်လာဂမုန်းတွေ ထပ်ခါ ထပ်ခါ စိုက်

ဂါထာဆိုးတွေ မန်းလိုက် မှုတ်လိုက် ။


သူသူငါငါတွေမှာတော့

သမုဒ္ဒရာအမှားထဲ

ပစ်ထည့်ခံလိုက်ရတဲ့ ငါးတွေ..။


လင်းဒီပ

၂၆.၀၈.၁၀

5 comments:

ကိုအောင် said...

သစ်ပင်မရှိတဲ့ တောင်ကတုန်းတွေမှာ
ကပ်လာဂမုန်းတွေ ပိုပေါက်မယ် ထင်တယ်
ကိုလင်းရေ။

Maung Myo said...

ဥုံး

ကျား ဆရာ ကြောင်
ကြောင် ဆရာ ကြွက်

ဂါထားဆိုးတွေ ရွတ်သွားတယ် ကဲကဲ မကောင်းဆိုးဝါးတွေကျွတ်စေ လွတ်စေ ကျယ်ကျယ်လောင်လောင် လေး ဆွသွားတယ် ။


ကပ်လာဂမုန်း ဆိုတာ ဧည့်လာဂမုန်းနဲ့တူတူပဲလား???

လင်းခေတ်ဒီနို said...

ခေတ်အပျက်ကြီးထဲ

လူအပျက်ကြီးတွေ

ကပ်လာဂမုန်းတွေ ထပ်ခါ ထပ်ခါ စိုက်

ဂါထာဆိုးတွေ မန်းလိုက် မှုတ်လိုက် ။

း))
အကိုရေ ကမ၀ါသာညှပ်လိုက်ပါတော့ဗျာ

ခင်မင်စွာဖြင့်
ဗညား

မမသီရိ said...

အချစ်ကဗျာ မဟုတ်တဲ့ကဗျာတွေ အကြိုက်ဆုံး ကဗျာစာရင်းထဲ ဒီကဗျာပါသွားပြီ မောင်လေး
တကဲ့ ကို ထိမိတဲံ့ နိမိတ်ပုံလေးတွေ

အိပ်မက်တွေ ထပ်အိပ်မွေ့ချ မခံရဖို့ ကိုယ်စီ တာဝန်ရှိတယ်.. တတ်နိုင်သလောက် တောင့်ခံကြရအောင်

နွေဆူးလင်္ကာ said...

သမုဒ္ဒရာ အမှားထဲ ငါးအမှားတွေ ပစ်မထည့်ကြဖို့ပေါ့ ......