Tuesday, August 24, 2010

နာနာကြည်းကြည်း

ငါ့ကို ငါတော့

နင့်ကို

တစ်ပင်လုံး ညွှတ်ကိုင်း

“ပေး” လိုက်တယ် ထင်တာ ။


ငါက ကျည် အ နေတဲ့ ဦးနှောက်နဲ့

ဂငယ်ကွေ့တွေ များလွန်းတဲ့ကောင် ။


ငါက အမှားတွေ တင်လာတဲ့ မီးရထား

ပါးစပ်ကလေးနဲ့ ချစ် ချစ် ပြနေတဲ့လူ ။


ပိုးစိုးပက်စက် မှုတ်ထုတ်ပစ်လိုက်စမ်း

ငါကို့ နဂါးငွေ့တန်းတွေဆီ အရောက်

ငါ့ကိုငါ ပြန်မတွေ့နိုင်တော့တဲ့ အထိ ။


ငါက

အရေခွံကအစ

အသွေး

အသား

အရိုးတွေအထိ

ဘာမှ သုံးမရတဲ့ကောင် ။


လင်းဒီပ

၂၄.၀၈.၁၀

8 comments:

Anonymous said...

တယောက်ယောက်ရန်တွေ့တဲ့ စကားတွေနဲ့ ပြန်ပေါက်ကွဲတဲ့စကားတွေကို သီပြီးကဗျာဖွဲ့ထားလားမှတ်ရတယ် အရမ်းကိုသဘာဝကျပြီး ထိထိမိမိကို ခံစားရပါတယ်

မောင်မျိုး said...

ကိုယ့်ကိုယ်ကို မှိုချိုးမျှစ်ချိုးပြောထားလိုက်တာများ သုံးမရရင် ပြန်ရောင်းမလား ဖုတ်ဖတ် ခါ ချ ဆပ်ပြာနဲ့ လျှော် ပြီးတော့ ခေါက်ရိုးကျိုးအောင်မီင်္းဖိုးထိုးပြီး လေလံပစ်လိုက်ရင် ယ မှာ စကပ်တိုနဲ့ ကောင်မလေးတွေများ အလုယက်ဖြစ်မှာ မြင်ယောင်သေး အဲ့တော့မှ မောင်မျိုး ရေကယ်ပါဆို နိုးပဲး)

မိုးယံ said...

ဘာလို့ သုံးမရ ဖြစ်ရမှာလဲ။ အဲဒီ အရိုးတွေပေး။ လူရိုးဆိုပြီး ပြတိုက်ပို့မယ်။ ဟီဟိ

ငြိမ်းချမ်းပါစေ
မိုးယံ

မမသီရိ said...

ဒီလိုဟာမျိုးလေးကိုမှ စွဲလမ်းလှချည်ရဲ့ ဆို...ဘယ့်နှယ်လုပ်မလဲ မောင်လေးရ..း)..

အဲသလိုမှ မဟုတ်လဲ
မောင်မျိုးအကြံ မဆိုးဘူး... ...း)..

mirror said...

အကို့ ကဗျာတွေ တဖြည်းဖြည်းနဲ့ အရသာမျိုးစုံဖြစ်လာပြီ။ညီမ ငွေယားလေးနဲနဲရှိရင် အကို့ ကဗျာတွေကို ကဗျာစာအုပ်ထုတ်ဦးမယ်...။ ပေးမှာ မလားး)

နွေဆူးလင်္ကာ said...

အဲလောက်ကြီးလည်း မဟုတ်လောက်ဘူး ထင်ပါတယ်ဗျာ ....

သိင်္ဂါကျော် said...

ဘာတွေများ ဒီလောက် နာကြည်းနေတာတုန်း.. :)

charle said...

ကိုယ့်ငါးချဉ်ကိုချဉ်တဲ့ ကဗျာဆရာပါလား..။