Tuesday, August 3, 2010

ခြေလွန်လက်လွန်နေ့များ

အတူတူ ဆိုတော့လည်း
သီချင်းလိုလို….
အတူတူ လျှောက်တော့လည်း
လမ်းလိုလို…
အတူတူ ငေးကြည့်တော့လည်း
နှင်းဆီခင်းကြီးလိုလို….
အတူတူ ငိုလိုက်တော့လည်း
မိုးရာသီလိုလို….

အချစ်ဆိုတာ
မီးမတောက်တဲ့ မီးခြစ်ကြီး
လူကြားထဲ (ငါ) ဟန်လုပ်ပြီး ခြစ်ခြစ်နေ ။

သံသရာ အခန်းဆက်ကြီးပေါ့
(တို့တွေ) ရှင်နိုင်လျှက်နဲ့ သေ ။

လင်းဒီပ
၀၃.၀၈.၁၀

12 comments:

ရေတမာ said...

ခြေသွက်လက်သွက်ရှိနေပါ့လားးP

ywartharlay-ytu said...

မပြောလား

ဧကန္တနေပါတယ်ဆို

မမသီရိ said...

ကြံကြံ. ကြံကြံဖန်ဖန် မေးမယ်.. (မေးပါ) ၂
နင်ဟာ နင်ဟာ ချစ် (ခြစ်) တတ်သလား..
(ဘာစကားတွေပြောတယ်)
ငါဆိုလိုတာက.. ဟို.. ဟို ဟို ခြစ်တတ်သလား..း))

မမသီရိ said...

အဲ... ကဗျာလေးက လွမ်းစရာ.. ဒါပေမဲ့ ရေတမာ နဲ့ မောင်ရွာသား ရဲ့ မှတ်ချက်တွေမြင်ပြီး .. နောက်ချင်လာလို့..
စိတ်မရှိပါနဲ့ မောင်လေး ရေ

mirror said...

ကဗျာဆရာဆီ ကဗျာတွေ တလဟော...ကို စီးဆင်းလာနေပါရော လား...
အင်းလေ.. မိုးတွေလဲ ရွာလွန်းတာကိုး...
(ဟမ်..ဘာမှလဲ ဆိုင်ဘူးနော် )
း)))

မောင်မျိုး said...

ကဲ....ခုတော့ အောင့်ထားတာတွေမနေနိုင်တော့ဘူး ဘာတွေဖြစ်နေတုန်း ကဗျာဆရာ ခုတလောဖတ်ရတဲ့ ကဗျာတွေ မရိုးဘူး အသဲယောင် အသားဝါတွေဖြစ်နေတယ်း)

နွေဆူးလင်္ကာ said...

အချစ်ဆိုတာ
မီးမတောက်တဲ့ မီးခြစ်ကြီး
လူကြားထဲ (ငါ) ဟန်လုပ်ပြီး ခြစ်ခြစ်နေ ။

အဲဒါလေး ကြိုက်တယ်

ကျော်ညိုသွေး said...

အချစ်ဆိုတာ
မီးမတောက်တဲ့ မီးခြစ်ကြီး
လူကြားထဲ (ငါ) ဟန်လုပ်ပြီး ခြစ်ခြစ်နေ ။

ရွှေပြည်သူ (ShwePyiThu) said...

“အတူတူ....” တွေကို အားလုံး အရမ်းလှတယ် အစ်ကို လင်းဒီပ...

မီးမတောက်တဲ့ အဲဒီ့မီးခြစ်ကြီး လူကြားထဲမှာ ဟန်လုပ်ခြစ်ရင်းနဲ့ မီးထတောက်မယ်နော်... သတိထား... (နောက်တား))

Anonymous said...

ဘယ်သူပြောလဲ ခြစ်လိုက်တိုင်း တောက်တယ်လို့း))
MANORHARY

summer said...

အချစ်ဆိုတာ
မီးမတောက်တဲ့ မီးခြစ်ကြီး :((

jr said...

အတူတူစားတော့လည်း ချိစ်(စ) လိုလို။
ဟီးဟီး။ :P