အင်းဆက်ကလေး
အင်းဆက်ကလေးတွေ
အမှောင်မှာ တကျီကျီ အော်လို့
မင်းတို့ အလင်းဆာလောင်နေကြတာလား ။
အင်းဆက်ကလေး
အင်းဆက်ကလေးတွေ
မင်းတို့ပျံသန်းဟန်က မင်းတို့ ဘာသာစကားဆို
အဲဒီ ကခုန်ခြင်းဘာသာစကားနဲ့
မင်းတို့ခရီးတာကို ပြောပြနေတာလား ။
အင်းဆက်ကလေး
အင်းဆက်ကလေးတွေ
မင်းတို့အင်တင်နာလေးတွေက
လောကဓံအထူအပါးကို တွက်ဆကြည့်ဖို့များလား ။
အင်းဆက်ကလေး
ဆိုးတဲ့ အင်းဆက်ကလေးတွေ
မင်းကတော့ ငါ့အသားကို ကိုက်ရမှ ငါ့သွေးကို စုပ်ရမှ လား ။
အင်းဆက်ကလေး
ဆိုးတဲ့ အင်းဆက်ကလေးတွေ
မင်းကတော့ ငါ့စာအုပ်တွေ ကိုက်ဖြတ်လိုက်ရမှ တဲ့လား
မင်းက PhD အင်းဆက်ကလေးလား ။
အင်းဆက်ကလေး
အင်းဆက်ကလေးတွေ
သစ်ရွက်ကလေးတွေကို ကိုက်ဖြတ်စား
တစ်နေ့မှာ လိပ်ပြာကလေးအဖြစ် ပျံသန်းခွင့် မရခင်..။
အင်းဆက်ကလေး
အင်းဆက်ကလေးတွေ
သဘာဝတရားမှာ မသိနားမလည်ခြင်းတွေနဲ့ ပျော်ပါး
အုပ်စုဖွဲ့နေထိုင် ကိုလိုနီလုပ်နေတတ်တဲ့ အင်းဆက်ကလေးတွေ ။
အင်းဆက်ကလေး
အင်းဆက်ကလေးတွေ
ဥယျာဉ်ထဲမှာ တဝှီဝှီ ပျံသန်းလို့ ။
ဥယျာဉ်ထဲမှာ ပန်းကလေးတွေဆီ ဝတ်ရည်စုပ်လို့။
အင်းဆက်ကလေး
အင်းဆက်ကလေးတွေ
အရောင်စုံအင်းဆက်ကလေးတွေ
ငါ့ဘဝပေါ်မှာ ပျံသန်း
ငါ့စိတ်ရေအိုင်ထဲမှာ ကူးလူးလို့ ။
လင်းဒီပ
၂၂.၀၈.၁၀
(သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဗျာလိုလို ဘာလိုလို :P)
5 comments:
စလုံးက အင်းဆက်အစ်ကိုကြီးရေ မဲဆောက်ကအင်းဆက် က အင်းဆက်ကဗျာလေးလာဖတ်ပါတယ် ။
ဒီကလေး နှယ်
ခြင်ကိုက်ခံရအောင် ဘယ်နား သွားနေခဲ့တာလဲ..
စာအုပ်တွေ လဲ ပိုးဟပ်ကိုက်တဲ့ထိ ဖုန်မသုတ်ပဲ ထားရသလား..း)
ကဗျာဆရာ ပီသချက်
အင်းဆက်လဲ မလွှတ်ဘူး..း)..
စလုံးမှာ ဘယ်နားက အင်းဆက် မြင်ရ၊ကြားရတုန်း...။
ကတ်တာ ပစ်လာလေးတွေကမှ လိပ်ပြာဖြစ်တာ ဟုတ်ဘူးလား။ မြင်ဖူးထားတယ်ဆို ပြစမ်းပါ..။ တကယ်ပြောတာ။
ဒေါ်မေရာ << ဒီကဗျာက ညတုန်းက အင်းဆက်တွေ အကြောင်းဖတ်ပြီးမှ ရေးဖြစ်တာ... ကတ်တာပီလာတင်မကဘူး... အကုန်လုံးကို ခြုံရေးတာ ။
ပျားကလေးတွေက dancing language နဲ့ သူတို့သွားရမယ့် ခရီးတာကို ပြောတယ် ဆိုတာလေးပါ သဘောကျလို့..
အကုန်လုံးပေါ့ ပိုးဟတ်တွေ ခြတွေ နှံကောင်လေးတွေက အစ ထည့်ပစ်လိုက်တာ..။
အော် အင်းဆက်ကလေးက Phd တဲ့လား မထူးဆန်းပါဘူးလေ .. မြန်မာ Phd ဆိုမှတော့ ...
Post a Comment