Thursday, August 19, 2010

နာမည်ကြီး

လမ်းဘေးဆိုင်လေးတွေ ထိုင်လို့မဖြစ်ဘူး
တချိန်ကျရင် ကျော်ကြား လာမယ့်သူဆိုတော့…

ဖြစ်သလို ဝတ်စားလို့လည်း မဖြစ်သေးဘူး
တချိန်ကျရင် ထင်ရှားလာမယ့်သူ ဆိုတော့…

လူများတဲ့ နေရာတွေလည်း သွားလို့ သိပ်မဖြစ်ဘူး
တချိန်ကျရင် ကျော်ဇော လာမယ့်သူ ဆိုတော့….

မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ
ထွေရာလေးပါး သိပ်မပြောချင်ဘူး ။

မူးရင် သီချင်း အော်ဆိုတတ်တဲ့သူတွေနဲ့
တွဲမသောက်ချင်ဘူး။

အိုင်းစတိုင်းအကြောင်းပဲ လေ့လာခဲ့တယ်..။
ဘီလ်ဂိတ်အကြောင်းပဲ ဖတ်ခဲ့တယ်…။
အိုဘားမား စကားပြောဟန်ကို ကျင့်ခဲ့တယ်…။

ဘိုစာတွေပဲ စားဖြစ်တယ်
ဘိုသီချင်းတွေပဲ နားထောင်ဖြစ်တယ်
ဘိုရုပ်ရှင်တွေ ကြည့်ရင်း
ဘိုလိုရေးထားတဲ့ စာအုပ်ထူထူကြီးတွေ သွားလေရာ သယ်ရင်းနဲ့…

ကျော်ကြားတဲ့ လူတွေအကြောင်းပဲ ရွေးဖတ်ဖြစ်တယ် ။
ကိုယ်ဖြတ်သန်းလာရတာနဲ့
သူတို့ဘဝနေထိုင်မှုတွေနဲ့
တနေ့တနေ့
တစ်ယောက်တည်း ချိန်ခွင်လျှာညှိရတာလည်း
မောတယ် ။

ဘယ်သူ သိသိ မသိသိ
ငါ့ကိုငါ သိသပေါ့

ဘယ်သူ တွေ့တွေ့ မတွေ့တွေ့
ငါ့ကိုငါ့ တွေ့သပေါ့ ။


အဲသလို
အဲသလို
ငါဟာ တိတ်တိတ်လေး နာမည်ကြီးနေသူပါ ။

လင်းဒီပ
၁၉.၀၈.၁၀

11 comments:

khin oo may said...

ရုးနေတာ လူမသိ.

မယ့်ကိုး said...

:D :D :D
10/10
blogger တွေကို စောင်းရေးတာ ဖြစ်ရမယ် ။ :P အလွန့်အလွန်ကြိုက်ပါသည်။

မောင်မျိုး said...

အဲ့နာမည်ကြီး နည်းနည်းတော့ ချောင်နေတယ်ဖြစ်မယ်း) ၀က်အူရစ်ပေးလိုက်ပေါ့ ။

Anonymous said...

Satire ????

နေ၀သန် said...

လန်းနေတာပဲ...း)))

ခင်မင်တဲ့
နေ၀သန်

mirror said...

ကဗျာဆရာမှာလဲ ပေါက်ကွဲတတ်တဲ့ နှလုံးသားရှိတယ်။း))

မမသီရိ said...

ဘယ်သူ သိသိ မသိသိ
ကိုယ့်ဖာသာ တော့ ကိုယ် နာမည်ကြီးပဲ..
ဘာဖြစ်လဲ ဘာဖြစ် လဲ..း)..

နွေဆူးလင်္ကာ said...

ကျနော်နဲ့ တွဲသောက်လို့ မရဘူးထင်တယ် .. ကျနော်က မူးရင် အတော်သီချင်းဆိုတဲ့ကောင်ဗျ ..စကားကလည်း များသေး ...

pandora said...

ဟားဟား.. သဘောကျတယ် လင်းဒီပ
မယ်ကိုးပြောသလို စောင်းပြောတာနေမယ် :)
တိတ်တိတ်ကလေး မှတ်ချက်ရေးသွားပြီနော်။

phyoaung said...

သီချင်းစာသားလေးတခုကို သတိယစေတယ်ဗျို့..
စမ်းသပ်မမြင်နိုင်တဲ့းးးးးးးးးးးးရောဂါ..အဲ့ဒါ........))

Anonymous said...

ကိုဒီပ ကဗျာလေးကို ကြိုက်လို့ Facebook မှာတင် လိုက်ပါတယ် ..

http://www.facebook.com/note.php?created&&note_id=148672631828778