Thursday, August 26, 2010

ရ ရထားကြီး ပျော်ပျော်စီး

Circle Line ကနေတဆင့် အနီလိုင်းကို Bishan Interchange MRT ကနေ change ဖြစ်ပါတယ် ။ နေ့လည် 1:25 လောက်ပါ ။ Newton MRT ကတဆင့် အစည်းအဝေး သွားရမှာ မို့ပါ ။ circle line ကနေ ကူးတော့ interchange ထဲမှာ လမ်းနည်းနည်း လျှောက်ပြီး to marina bay ဆိုတဲ့ လှေကားလေးအတိုင်း တက်လိုက်ကတည်းက ဘူတာထဲမှာ မှောင်နေတာ သတိထားမိတယ် ။ မီးလုံးလေးတွေ ကွက်ကြားပဲ လင်းနေတော့ တစ်ခုခုတော့ တစ်ခုခုပဲလို့ ထင်မိပါတယ် ။


ပလက်ဖောင်းကလည်း အလင်းရောင်ကောင်းကောင်း မရပါဘူး ။ ခဏနေတော့ ရထားဝင်လာပါတယ် ။ ပြဿနာက အဲဒီမှာ စပါတယ် ။ ရထားက တံခါးတွေဖွင့်လို့ရပြီး ဘူတာဘက်ကpassenger access door(PSD)တွေ ကလုံးဝ မပွင့်ပါဘူး ။ ရထားက တံခါးတွေ ပြန်ပိတ်ပါတယ် ။ဘူတာထဲမှာ နှစ်ယောက်ထဲပဲ ရှိတဲ့ station stuff တွေ ဟိုဒီပြေးပါတယ် ။PSD တွေကို auto ပြန်ဖွင့်လို့ရအောင် သူတို့လုပ်ကြည့်နေပုံရပါတယ် ။ မိနစ်နှစ်ဆယ်လောက် ကြာသွားပါတယ် ။ ရထားထဲကလူတွေက အပြင်ကို ကြည့် အပြင်ကလူတွေက အထဲကို ကြည့်နဲ့ပေါ့ ။ PSD တံခါးတွေကတော့ ခပ်တည်တည်ပါပဲ ။ လုံးဝ မပွင့်ပါဘူး ။


နောက်ဆုံးမှာ ရထားရဲ့တံခါးတွေကို ဖွင့်လိုက်ပါတယ် ။ ပြီးမှ PSD တံခါးတွေရဲ့ ရထားဘက်အခြမ်းမှာ ရှိတဲ့ emergency release တွေကို ခရီးသည်တွေက ဖွင့်ပြီး ဘူတာထဲ ဆင်းလာရပါတယ် ။ ဘူတာထဲက ခရီးသည်တွေကိုလည်း ဒီရထားနဲ့ လိုက်ခွင့် မပေးပါဘူး ။ ရထားပျက်နေပြီ ဆိုပြီး ဒီအတိုင်းကြီး မောင်းထွက်သွားပါတယ် ။ (ရထားမထွက်ခင်မှာ ခုန လူတွေ ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ PSD တံခါး ၂၄ ခုကို ဘူတာထဲကနေ station stuff တွေက တစ်ခုချင်း ပြန်ပိတ်ကြရပါတယ်။ တံခါးက လုံးဝ auto မပိတ်တော့ပါဘူး ။) ရထားပျက်တာ မဟုတ်ဘဲ ဘူတာရဲ့ PSD တံခါးတွေ ပျက်တာ ဖြစ်မယ်လို့ တွေးမိပါတယ် ။


ဘူတာထဲမှာ ကျွန်တော်တို့လို marina bay ဘက် သွားမယ့် ခရီးသည်တွေကော ရထားပေါ်က ဆင်းလိုက်ရတဲ့ ခရီးသည်တွေကော အတော်ပြည့်နေပါပြီ ။ ဖြူရော်ရော် ရဲသားလေး လေးယောက်လည်း တွေ့ပါတယ် ။ နှစ်မိနစ်လောက်နေတော့ ဒုတိယရထား ဝင်လာပါတယ် ။ အားလုံးက မျှော်လင့်ချက် အပြည့်နဲ့ပါ ။ ဒီရထားကိုတော့ လိုက်ကြမယ်ပေါ့ ။ ရထားက ထုံးစံအတိုင်း တံခါးတွေ ပွင့်ပါတယ်။ ဘူတာဘက်က PSD တံခါးတွေက မပွင့်ပါဘူး ။ ဒီတော့ ဒုတိယရထားက စိမ်းစိမ်းကားကားပါပဲ ။ ခရီးသည်တွေ တင်တာ ချတာ မလုပ်တော့ဘဲ ဆက်ထွက်သွားပါတယ် ။ ကျွန်တော်တို့ ဘူတာထဲက အဖွဲ့တွေကတော့ …..မျှော်လင့်ချက်သာ မထားခဲ့ရင် ငါ ဒီလို ခံစားရမယ် မထင်ဘူးပေါ့….။


တချို့လူတွေကလည်း ဖုန်းနဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေ မသိမသာလေး ရိုက်နေပါတယ် ။ တချို့ကလည်း တနည်းနည်း စီစဉ်ပေးသင့်တယ်ဆိုပြီး သူတို့လူမျိုးထုံးစံအတိုင်း ကွန်ပလိန်းတွေ စနေပါပြီ ။ နာရီဝက်လောက်လည်း ကြာနေပြီကိုး ။ ခဏနေတော့ လူတစ်ယောက်(မြန်မာထင်ပါတယ်)က သူ့ဖုန်းနဲ့ လက်ကြီးရမ်းပြီး ဗွီဒီယို ရိုက်ပါတယ် ။ ဒါကို ရဲက တွေ့တော့ သွားတားပါတယ် ။ သူက why တွေဘာ တွေ လုပ်နေပါသေးတယ် ။ ။ ဘုရားစူး …ဒီမိုကရေစီကျွန်းကလေးက ဒီလို အနာအဆာတွေ မှတ်တမ်းတင်တာ မကြိုက်ဘူး ဆိုတာ သူမသိလို့ဖြစ်ပါလိမ့်မယ် ။


နောက်နှစ်မိနစ်လောက်နေတော့ တတိယရထားဆိုက်လာပါတယ် ။ ထုံးစံအတိုင်းပါပဲ ။ ရထားတံခါးတွေ ပွင့်ပြီး PSD တံခါးတွေ မပွင့်ပါဘူး ။ ရထားထဲကခရီးသည်တွေကို emergency release တွေ နှိပ်ပြီး ထွက်လာဖို့ လှမ်းပြော ခရီးသည်တွေ တံခါးကို ကိုယ်ထူကိုယ်ထ ဖွင့်ပြီး ဆင်းလာကြပါတယ် ။ ဘူတာထဲက ခရီးသည်တွေကလည်း ရထားပေါ်တက်ကြပေါ့ ။ကျွန်တော်လည်း လိုက်တက်ပါတယ် ။ ပြီးတော့ ရထားက door closing လုပ် ။ ရထားက ထွက်သွားပေမယ့် ဘူတာရဲ့ ၂၄ ခုသော PSD တံခါးတွေကတော့ ပွင့်လျှက်သားပဲ ကျန်ခဲ့ပါတယ် ။ ဘယ်လို ဆက်ဖြေရှင်းတယ်တော့ မသိပါဘူး ။


Circle line မှာလည်း မကြာခဏ Power trip ဖြစ်ပြီး ရထားရပ်ပါတယ် ။ အစိမ်းလိုင်းလည်း west ဘက်မှာ မကြာခဏဖြစ်တယ်လို့ ရေးတာ ဖတ်ရပါတယ်။ အခုအနီလိုင်းမှာကတော့ နေလည်က ကိုယ်တွေ့ပါ။ ရ ရထားကြီး ပျော်ပျော်စီး မိတဲ့ နေ့တစ်နေ့ပါပဲ ။


လင်းဒီပ

၂၆.၀၈.၁၀

4 comments:

Zephyr said...

:)
Terrible Experience ...

Singapore is OK lah :P

mirror said...

တော်တော် ပျော်တတ်တဲ့ကဗျာဆရာပဲ...။ မယ်ရာသာဆို စိတ်တွေပဲ တိုနေတော့မှာ...။ ခွီး..ခွီး
အင်းလေး အသည်းနုလုံးက နူးညံ့ပျော့ပျောင်းတာကိုးး))

ဒါနဲ့ စကားမစပ်ပါ... အပြင်မှာစကားပြောရင်လဲ စာရေးတဲ့အတိုင်းပဲလားဟင်.. :P

Anonymous said...

အဲ့ထက်တောင် နုသေးဆရာ

မမယ်ရာ မယုံရင် ကော်ဖီတိုက်ပြီး နားထောင်ကြည့်ပါလား

နာမည်ကြီးကဗျာဆရာမို့ လမ်းဘေးဆိုင်မထိုင်တော့ဘူးနော် လမ်းခလယ်ခေါင်မှာ ထိုင်မှာတဲ့ဗျ :P

Maung Myo said...

ဟုတ်လား အဲ့လိုကြီးပေါ့ အနော် စလုံးကို ရှော့ပင် ထွက်တုန်းကတော့ ၃ ဘီးပဲစီးသွားတယ်ကော အဆင်ကိုပြေနေကေား)

ယုံလားး မယုံရင်ပုံပြင်မှတ်