Friday, August 6, 2010

Happy Friday for All

ဒီကဗျာကလေးကို ညီမ မယ်လိုဒီဖြိုးက ပြန်တင်ပါလား ။ အပျော်ပေါ့ဆိုတာနဲ့ ပြန်ကြည့်မိတော့ မနှစ်က ဒီအ ချိန် ဒီနိုင်ငံလေးရဲ့ အမျိုးသားနေ့ ပိတ်ရက်အတွက် ပျော်ပြီး ရေးမိတာလေး ဖြစ်နေတယ် ။ ဒီနှစ်လည်း ဒီလို သုံးရက်တွဲပိတ်ရက်လေးနဲ့ ပြန်တိုက်နေတော့ အပျော်အဖြစ် ပြန်တင်ပါတယ် ။ (ဒီလိုရက်မျိုးဆို ဟို ထီးဂေါက်ကြီးနဲ့ ကဗျာဆရာသရော်စာရေးသူကြီးလည်း သူ့ချစ်သူလေးလုံခြုံရေးအတွက် ထီးဂေါက်ကြီးနဲ့ အလုပ်များနေမှာ မြင်ယောင်မိပါတယ်။) တခြားနိုင်ငံက သူတွေလည်း စလုံးက လူတွေရဲ့ သုံးရက်ဆက် ပိတ်ရက်ကလေးကို ဝင် ကြည်နူးပေးကြပါဦး နော…။ :)

သောကြာနေ့

မနက်ဖြန် ရုံးပိတ်တယ်
ဒါနဲ့တင် ဒီနေ့မှာ ကြိုကြိုတင်တင် ပျော်နေမိ။

လုပ်စရာတွေတော့ ရှိသေးတာပေါ့
အလုပ်ဆိုတာ မထွက်မချင်း ဘယ်တော့မှ မပြီးဘူး။
အကြောင်းပြန်စရာရှိတဲ့
Email တွေလည်း ခဏ ထားထား ပါတယ်။
နောက်တစ်ပတ်မှာ တက်ရမယ့်
ရန်ဖြစ်စရာ ညှိစရာ နှိုင်းစရာ အစည်းအဝေးတွေလည်း
ခဏတော့ မေ့ထားတယ် ။

ဟိုးရှေးရှေးတုန်းကတော့ ကျွန်တော်ဟာ ရုံးပျော်လေး....
Site ထဲမှာ မုန့်တွေစားရင်း အလုပ်တွေများရင်း
မောင်နှမတွေကြားထဲမှာ
ပိတ်ရက်ကလေးတွေ မျှော်လေ့မရှိတဲ့
လူငယ်ခြေတက်ကလေးလည်း ဖြစ်တယ် ။
သင်္ကြန်လို ရက်ရှည်ပိတ်ရက်မျိုးတောင်
Site မှာ အဖွဲ့ကျပြီး အိမ်ပြန်လေ့ပြန်ထမရှိတဲ့ ကောင်ပေါ့။

အခုတော့
အားလပ်ရက်ကို မျှော်တတ်ပြီ။
အလုပ်နဲ့အချိန်နဲ့ကို တွက်ချက်လုပ်တတ်ပြီ ။
ကိုယ့်ကိုကိုယ် Software ထည့် Run ထားတဲ့
စက်ရုပ်ကလေးလည်း ဖြစ်ခဲ့ပြီ ။
(Timer တွေဟာ တိကျပြတ်သားလို့။)

မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေနဲ့
ပိတ်ရက်ကလေးမှာ တွေ့မယ်။
ဖတ်မယ်ဆို တေးထားတဲ့ ကဗျာလေးတွေ
ကော်ဖီ ခါးခါးမွှေးမွှေးလေး သောက်ရင်း ဖတ်မယ်။
မရောက်တာ ကြာတဲ့ Shopping Mall တွေလည်း
ဖက်ရှင်ရှိုးကြည့်ဖို့ သွားရဦးမယ်။

ရန်ကုန်က ရဲမေလေးကလည်း
ကျွန်တော့်ကို ဖမ်းမလို့ online မှာ စောင့်နေပါလိမ့်မယ်။
(အလျှောက် ကောင်းရင်တော့ သုံးလေးနာရီနဲ့ ပြန်လွတ်နိုင်ရဲ့)
အခုတော့လည်း “အချစ်ထောင်”သီချင်းကို
ငိုသံလေးနဲ့ ရဲမေလေး မကြားအောင် ညည်းတတ်ပြီ။

ကဗျာဆိုတာ ခံစားမှုကို
ကူးစက်မြန်စေတဲ့ ရောဂါပိုးမွှားလည်း ဖြစ်ရဲ့
ဒီတော့ မိတ်ဆွေ
ဒီကဗျာလေးကို ဖတ်မိတဲ့အခါ
ခင်ဗျားလည်း ကျွန်တော့်လို
မနက်ဖြန်စိတ်ကူးလေးနဲ့
အပျော်တွေ ကူးစက်သွားတယ်ဆိုတာ
အသေအချာ မြင်မိလိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားစွာ

လင်းဒီပ

11 comments:

Anonymous said...

ကိုလင်းဒီပရဲ့ ကဗျာတွေကို အမြဲတမ်းဖတ်နေတာ ကြာပါပြီ တချို့အပုဒ်တွေက ကြည်နူးရ တချို့တွေက ကြေကွဲရ တချို့တွေက ပြုံးရပေါ့။ တခါမှတော့ ဘာမှ ၀င်မရေးခဲ့ပါဘူး။
ဒီတခါတော့ ကြည်နူးရတဲ့ကြားက ရဲမေလေးများ ဖတ်မိရင် ၀မ်းနည်းသိမ်ငယ်သွားရှာမလားလို့ ကိုယ်ချင်းစာမိလို့ ရေးလိုက်ပါတယ်။ ချစ်မိတဲ့လူဆိုတာ စစ်ရှုံးသမားပါတဲ့ တာရာမင်းဝေပြောတာပဲ :)
သေချာမသိပေမယ့် ခံစားမိသလို ၀င်ပြောမိပါတယ်။

စိတ်ညစ်တဲ့အခါတိုင်း ကိုလင်းဒီပရဲ့ ကဗျာတွေက ထွက်ပေါက်ဖြစ်ခဲ့ပါတယ်။ ကဗျာတွေ အများကြီးနေ့တိုင်း ရေးဖြစ်ပါစေ။

အမြဲတမ်းစာဖတ်ပရိသတ်တစ်ဦး

khin oo may said...

ပျော်စရာကြီး

Unknown said...

:))
ကောင်းသောနေ့ပါ ကိုဒီပ အပြတ်ကဲမယ် :P

မယ့်ကိုး said...

အရင်တုန်းက ကဗျာသာ မကဘူး။ မန့်ခဲ့တာတွေပါ ပြန်သတိရနေတယ်။ :D

Maung Myo said...

သား တို့ဆီမှာလည်း အဲ့လိုမျိုး ပိတ်ရက်တွေတော့ များပါ၇ဲ့ ဒါပေမယ့် အလုပ်ပြောင်းလိုက်တော့ ဘော့စ်က “မိတ်မီဝမ်ရွတ် ” တဲ့ ပိတ်၇က်မရှိ ။ ချစ်သူလာတုန်းကတောင် သွားမတွေ့နိုင်ဘူး အဲ့တာနဲ့ သူလည်း ပဲပြုတ်တောင်းလေးရွက်ပြီး ဟော့ဒီကပဲပြုတ် လို့ အောင်ပြီး ပြန်သွားရတယ်း)

ပျော်ရွှင်ပါစေ ပိတ်ရက်မှာ ပြီးတော့ ရဲမေလေး ရဲ့ အဖမ်းခံရပါစေ ။

sait phay yar said...

ကိုလင်းကို ရုံးပိတ်၇က် ၃ ရက်စလုံး ရဲမေဖမ်းသွားပါစေ...

Zephyr said...

ဘာအခုမှ အချစ်ထောင်လဲ ငါ့ရှင် ....။
အရင်တုန်းကတော့ ထောင်ဘူးဝမှာ လူတန်းကိုကျော်ပြီးဝင်ခဲ့တာပဲမဟုတ်လား ....:P။

ကဗျာလေးက ပျော်စရာကောင်းပါတယ်။ မနှစ်ကတည်းကမှတ်မိပါတယ်။ ရဲမေလေးဆိုတော့ .. ရဲဖမ်းခံရတဲ့ ကဗျာဆရာမကြီးခမျာ ရင်ခုန်သွားမလားတွေးမိပါတယ် .....။

တို့ကတော့ ရည်းစားသက်တမ်းချည်းကိုးနှစ် ကိုးနှစ်လို့ အကြွေးဇာတ်ကားထဲက ကျော်ဟိန်းကြီးလို မိန့်မိန့်ကြီး ကြွားသွားတဲ့ ကဗျာဆရာမကြီးကိုပြောတာပါ။

တကယ်တော့ M 1 အခုထက်ထိအောင်မြင်နေတာဟာ မြန်မာကဗျာဆရာ၊ ဆရာမတွေရဲ့ 1818 တစ်လ (၁၂ကဒ်ထက်မနည်း) အားပေးနေလို့ဖြစ်မယ် ......။

ဖုန်းဆက်ရင် ....ဟိုတလောက ထမင်းစားပွဲလေးသွားတာလေးပါပြောပြလိုက်ပါ ...။

ကဗျာကို နှိမ်တယ်မထင်ခင် တင်ပေးလိုက်တာကောင်းပါတယ်။ :P

ပုံ ...
တယ်လီဖုန်းဖိုးကုန်သူများကို ကိုယ်ချင်းစာနာ ကရုဏာသက်မိသူတစ်ဦး ....

မမသီရိ said...

သူ့ ကဗျာလေး ဖတ်ရတာ ပျော်စရာ
ဒါပေမဲ့
နာလိုဘူး..ဝေ
စနေ တနင်္ဂနွေ မရှိခဲံ့တာ အတော်ကြာနေပြီ ..း(

အလုပ်နဲ့အချိန်နဲ့ကို တွက်ချက်လုပ်တတ်ချင်တယ် ..း(

နွေဆူးလင်္ကာ said...

ရုံးကြီးကတော့ လွမ်းနေတော့မှာပဲ။

jr said...

အလုပ်တွေပါလာဒယ်ဗျ။ ဒါ့မဲ့ ပျော်ပါတယ်လေ။
အလုပ်မလုပ်ခင် ဘလော့လည်ပစ်လိုက်တာပေါ့။
း)

Anonymous said...

ပျော်စရာပါ၊ နားပစ်လိုက်၊ ရဲမေလေးဆီမှာ အဖမ်းခံလိုက်၊