Saturday, September 25, 2010

ပျောက်ဆုံးသူ

ရန်ကုန်အစွန်အဖျား

အိမ်အိုလေးထဲ

ပြန်ရောက်သွားတဲ့အခါ

အသားမကျဘူး ။

ဘဝက

အဝေး

တိုက်တာအမြင့်တွေ ရှိတဲ့အရပ်လို့

တွေးတယ် ။


တိုက်တာအမြင့်တွေနဲ့ ပြေးလွှားဘဝထဲ

ပြန်ရောက်သွားတဲ့အခါ

အသားမကျဘူး ။

ဘဝက

ရန်ကုန်အစွန်အဖျား

အိမ်အိုလေးထဲမှာလို့

တွေးတယ် ။


တကယ်ဆို

ဘဝ

ပျောက်နေခဲ့တာ

ကြာလှပေါ့ ။


လင်းဒီပ

၂၅.၀၉.၁၀

8 comments:

mirror said...

ရတာမလို လိုတာမရ...
အို စိတ်သည်ထူးဆန်းပေစွ..း)))

ဖတ်ပြီး ရေတမှုတ်လောက်သောက်ရမယ့် ကဗျာတွေမရေးနဲ့ဗျာ ကဗျာဆရာ....ရာ။

မောင်မျိုး said...

ပျောက်တယ်လို့ထင်လို့ပါ
တကယ်တော့ ဒီထက်ပိုကောင်းအောင်ကြိုးစားနေတာ
ကိုယ်တိုင် မေ့မေ့ နေလို့ဖြစ်မယ် ခေါင်းအေးအေးထား ကဗျာဆရာ ရန်ကုန်လို အစွန်အဖျားမှာ အိမ်အိုလေး ရှိသေးတာပဲ ဒီကောင့်လို တောထဲမှာ ပေ 100 ပတ်လည်ပဲရှိရင် ဘယ်လိုလုပ်မတုန်း ရှင်းစမ်းပါ ???

:)

အုပ်ကြီး said...

သြော် ...ဘဝ ဘဝ
ပေါ်တလှည့် ပျောက်တလှည့်ပေါ့ဗျာ..

tin min htet said...

တည်ငြိမ်အေးချမ်းတဲ့ ဘဝရိုးရိုးလေးနဲ့ မြန်မြန်သွက်သွက် ရုပ်အခြေခံလူနေမှု ၂ ခုလုံးကို တပြိုင်တည်း လိုချင်နေမိလို့များလား။ ဘာတခုနဲ့မှ အသားမကျနိုင်ဘူး။

မမသီရိ said...

အဲသလို မျိုး ဖြစ်နေတာကိုက ဘ၀ ပဲ မဟုတ်လား မောင်လေးရေ့..
ခံစားချက်တွေ အမြဲ ရှင်သန်နေမှ ကဗျာဆရာ တွေ ကဗျာ ရေးနိုင်မှာ မို့လား..
အိမ်အိုလေးရဲ့ ပြတင်းက ငေးရင်း ဆွေးမြေ့ဖွယ် ကဗျာလေးတွေ မွေးဖွားပါ..
တိုက်တာ မြင့်မြင့်တွေ ရဲ့ ဓါတ်လှေတွေ စီးရင်း ကြည်နူးဖွယ်ကဗျာလေးတွေ ရေးပါ..

Anonymous said...

အဓိက က ကြိုးကြာလေးက ဘယ်မှာနေမှာတဲ့လဲ
သူတော့ပျောက်လို့မဖြစ်ဘူးဆရာ

သိင်္ဂါကျော် said...

လူဆိုတာ ဒီလိုပဲနော်.. ဘယ်တော့မှ မကျေနပ်နိုင်ဘူး..

norman said...

ရောင့်ရဲနိုင်မှု ပျောက်ဆုံးနေတာ ဖြစ်မယ်ထင်တယ်။အသက်ကြီးလာလေလေ/ပညာပိုတတ်လာလေလေ လူတွေဟာ မရောင့်ရဲနိုင်လေလေပါပဲ။