Wednesday, October 1, 2008

ဖရဲသီးခိုးနည်း



ရန်ကုန် မန္တလေးလမ်းပေါ်က မြို့လေးတစ်မြို့မှာပေါ့…ကိုသာဥာဏ်ဆိုတဲ့ ပေါက်ကရ အမြဲလုပ်တတ်တဲ့လူတစ်ယောက်ရှိတယ် ။ သူက အမြဲတမ်းတစ်ခုမဟုတ် တစ်ခု အမြဲကြံတတ်တဲ့လူပေါ့ ။ ရန်ကုန်မန္တလေး လမ်းဘေးမှာ ဖရဲသီးကားတွေက ညအိပ်နားတတ်တယ်လေ ။ တစ်ညသူတို့အဖွဲ့လမ်းလျှောက်လာရင်း ဖရဲသီးကားတွေနဲ့ မနီးမဝေးရောက်တော့ သူ့အဖော်တွေကိုပြောတယ်..မင်းတို့ကားသမားတွေအိပ်ပျော်နေတုန်းဖရဲသီးတွေသွားခိုးကြ..ငါဒီကစောင့်နေမယ်..တဲ့။သူအဖွဲ့တွေသွားပြီး သူ့အဖွဲ့တွေလက်ထဲ ဖရဲသီးတွေရောက်သွားတယ်ဆိုရင် ပဲ..သူက သူခိုးသူခိုး လို့ လှမ်းအော်တော့တာ…သူအဖွဲ့တွေလည်း ဖရဲသီးတွေ ပစ်ချပြီးသုတ်ခြေတင်ပြေးရတော့တာပေါ့…သူတို့က မြို့ခံတွေဆိုတော့ ကားသမားတွေ လက်ကတော့လွတ်အောင်ပြေးနိုင်တာပေါ့နော်..ဒါနဲ့သူနဲ့လည်းပြန်တွေ့ကော..ဟိုလူတွေက ဒေါသတကြီးနဲ့ဘာလို့ဒီလိုလုပ်တာလဲပေါ့..ဒီတော့သူကအေးအေးဆေးဆေးပဲပြန်ပြောတယ်..မင်းတို့သယ်နိုင်နည်းနည်းပေါ့ကွာ.ဟောဟိုမှာ..ငါ ခိုးထားတာကြည့်တဲ့။ ဟုတ်ပဗျာ ကားသမားတွေ သူခိုးလိုက်တုန်းမှာ သူခိုးထားတဲ့ ဖရဲသီးတွေလေ..နည်းနည်းနောနောမဟုတ်ဘူး ။

လင်းဒီပ
၁.၁၀.၀၈
Photo Source:picture by SUNKiiSSEDBABEx9
(http://www.media.photobucket.com/)

5 comments:

ဗီလိန် said...

ဟ ကိုဒီပကတော့လုပ်ချလိုက်ပြန်ပြီ။ ကျုပ်က မိန်းမခိုးနည်း ကောင်းကောင်းလေး လိုချင်နေတာ။ လုပ်ပါလား။ :)

တင့်ထူးရွှေ said...

ဟားဟား ဒါဆိုဒီလူတော်တော်လူလည်ကြတာပေါ့ဗျ :)

Anonymous said...

လူလည်ကျတဲ့ အလည်လူတွေ....

မိုးမြင့်တိမ် said...

ဟား ဟား ဟား ဟား မှတ်သားလောက်ပါတယ်။ ရီမောပြီး ဖတ်သွားပါတယ်။

မီးတောင် said...

တော်ပါ့ တော်ပါ့း)