Thursday, October 2, 2008

ညနေရီ


တိမ်တွေမည်းရင် မိုးကသည်းတတ်လို့
ခိုးခိုးဝှက်ဝှက်နဲ့ အိမ်ပြန်ခဲ့တဲ့ ညနေ

မရှာသင့်မှန်းသိလို့ မလာဖြစ်တော့တဲ့မြို့
နှုတ်မဆက်သင့်လို့ လွှဲလိုက်တဲ့မျက်နှာ

နေကောင်းသွားမှာပါလေ
ရေသစ်မြေသစ်
နေရာသစ်လေးတစ်ခုဆီ မင်းရောက်သွားတဲ့အခါ..
တကယ်ဆို
သူသူငါငါပြောပြောနေကြတဲ့ဘဝဆိုတာလေးက
ရက်ဆုတ်ပြက္ခဒိန်လေးတစ်ခုမျှသာ

လင်းဒီပ
၁.၁၀.၀၈

9 comments:

တင့်ထူးရွှေ said...

ကိုဒီပ ကဗျာတွေလဲ အရမ်းကောင်းတယ်ဗျ ၊ ခံစားချက်တွေ အပြည့်ပဲ တကယ့်ကို ရက်ဆုတ်ပြက္ခဒိန်လေးပါပဲ ခင်ဗျာ ။

Anonymous said...

တကယ်ဆို
သူသူငါငါပြောပြောနေကြတဲ့ဘဝဆိုတာလေးက
ရက်ဆုတ်ပြက္ခဒိန်လေးတစ်ခုမျှသာ

မှန်လိုက်တဲ့ စကားလေး ကြိုက်တယ်ဗျား)

ခေါင်ခေါင် said...

ဟုတ်ပါတယ် တစ်ကယ်ရွက်ဆုပ် ပြက္ခဒိန်လေး တစ်ခုပါပဲ....ကြိုက်တယ် အစ်ကို ရေ..

ဗီလိန် said...

ဟုတ်ပ။ သိပ်မြန်တာပဲနော်။

လင်းဒီပ said...

ဗီလိန်..မင်းဟာလေ..သူများကိုလိုက်နောက်နေသလိုပဲ
..:P

မသက်ဇင် said...

တိမ်တွေမည်းရင် မိုးကသည်းတတ်လို့
ခိုးခိုးဝှက်ဝှက်နဲ့ အိမ်ပြန်ခဲ့တဲ့ ညနေ

ကာရံလေးယူထားတာလှတယ်---
ဆက်ရေးပါ--အားပေးနေပါတယ်--
ခင်မင်လျက်
မသက်ဇင်

အိုင်လွယ်ပန် said...

နေကောင်းသွားမှာပါလေ
ရေသစ်မြေသစ်
နေရာသစ်လေးတစ်ခုဆီ မင်းရောက်သွားတဲ့အခါ...
စာသားလေးလှလိုက်တာဗျာ.....

မိုးမြင့်တိမ် said...

ကိုလင်းဒီပရေ ကဗျာလေးက သိပ်ကောင်းဗျာ။ ဘ၀ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားပုံလေးကို သဘောကျပါ့ဗျာ။

Anonymous said...

ကဗျာလေးကိုသဘောကျလိုက်တာ ...