Thursday, October 9, 2008

ကျွန်တော်နဲ့ မတော်တဲ့အင်္ကျီ


ချစ်သူရေ…
သဘာဝပတ်ဝန်းကျင် နဲ့ ရာသီတွေကလည်း
ကြောက်စရာကောင်းလိုက်အောင် လော်လည်ဖောက်ပြားလို့

ကိုယ်တို့ညမနက်တွေကလည်း
ခေါက်ဆွဲခြောက်ရယ်..ကော်ဖီမစ်ရယ်..တခါသုံးတွေနဲ့
မျက်နှာသစ်ပြီး အိပ်ရာဝင်

မိတ်ဆွေတွေတော့ရှိပါရဲ့…
ဂဏန်းလေးတွေနှိပ်…ဒါမှမဟုတ် မော်နီတာပေါ်ကတဆင့်
တွေ့နေရတာမျိုး

စိတ်ပျက်စရာ…
လေအေးပေးစက်..
အမြဲပိတ်ထားတဲ့ ပြတင်းပေါက်

ကွန်ပျူတာ..
Password မေ့နေရင်ဖွင့်လို့မရတော့ဘူးလား
ဒီဖုန်းတစ်လုံးကလည်း
Battery မရှိရင်..မေ့နေခဲ့ရင် အားလုံးနဲ့ပြတ်တောက်သွားသလို
လူကိုခြောက်ခြားအောင်လည်းလုပ်ရဲ့
တစ်စားပွဲတည်းရှိနေသူချင်းလည်း Email ပို့နေရ
လူတစ်ချို့ကလည်း Digital ကျောက်တံလေးရယ်
ကျောက်သင်ပုန်းလေးနဲ့စာတွေရေးနေကြ
ငါကလည်း အလွမ်းတွေကို Bluetooth နဲ့ပို့လို့

အေးလေ
ဒီညအိမ်ပြန်ရောက်ရင်လည်း ချစ်သူအတွက်
ရင်ခုန်သံSoftware ကို Version အသစ်ရေးထားပေးဦးမှ
တော်ကြာ Free Software တွေ Download လုပ်နေလို့
ငါ့ချစ်သူလေး Virus ကိုက်သွားမှဖြင့်…….
လင်းဒီပ
၉.၁၀.၀၈
Photo Source:picture by majikat_2007

7 comments:

တင့်ထူးရွှေ said...

ငါ့ချစ်သူလေး Virus ကိုက်သွားမှဖြင့် ...အဲဒါအရေးကြီးဗျ အကိုရေ :)
ရင်ခုန်သံSoftware ကို Version အသစ်ရေးပြီးရင် ကျွန်တော်တို့ကိုလဲမျှဦးဗျ ၊ အဆင်ပြေပါစေခင်ဗျာ :)

ဗီလိန် said...

ချစ်သူလေး virus ကိုက်သွားရင် ကျနော့ဆီပို့လိုက်။ ဗိုင်းရက်သတ်ပေးမယ်။ :P

Anonymous said...

ဝိုးး...ဒီကဗျာရေလည်မိုက်တယ် ဗိုင်းရပ်စ် မကိုက်စေနဲ့ နော့်း)

မသက်ဇင် said...

တော်ကြာ Free Software တွေ Download လုပ်နေလို့
ငါ့ချစ်သူလေး Virus ကိုက်သွားမှဖြင့်…….

ရေးတတ်ပါပေ့ရှင်---
အားပေးနေပါတယ်---
ဆက်ရေးပါ---

MANORHARY said...

အော်..စိုးရိမ်စရာကောင်းအောင်ရေးနေပြန်ပါပြီ..
ခုအလော..ဒီလိုခံစားမှုတွေပဲတွေ့နေရတယ်..

thonn thonn said...

ကဗျာက နိုင်ငံရပ်ခြားက စက်ရုပ်လူသားဘဝကို အတော်လေးပီပြင်စေတာပဲ။ အထီးကျန်မှု၊ ရံဖန်ရံခါ အားငယ်မှု၊ စိတ်ပျက်ငြီးငွေ့မှုတွေနဲ့ နေရတဲ့ပတ်ဝန်းကျင်ကို သရုပ်ပေါ်စေတယ်။

Anonymous said...

တွေ့ရပြန်ဘီ ဒီမှာတစ်ပုဒ်
တော်တော်လေးကိုရှင်းရှင်းလင်းလင်းမြင်ရအောင်
ရေးတတ်ပါပေ့။

သဘာဝပတ်ဝန်းကျင် နဲ့ ရာသီတွေ
ညမနက်တွေ
ဂဏန်းလေးတွေ.. မော်နီတာ
လေအေးပေးစက်..
အမြဲပိတ်ထားတဲ့ ပြတင်းပေါက်
ကွန်ပျူတာ.. ဖုန်း Battery
e-mail and blackberry..........

ဟုတ်တယ်
တစ်ထပ်တည်း