Saturday, October 18, 2008

အဖိုးရဲ့ဒေါသ

ကျွန်တော်အဖိုးလုပ်တဲ့သူက အမတန် စည်းကမ်းကြီးပြီးတော့ အတော်လည်း စေ့စပ်သေချာတယ်။ ရပ်ရေးရွာရေး ကိစ္စရှိလို့ စားပွဲ ကုလားထိုင်တွေလာငှားတယ်ဆို ပေးလိုက်တယ်။ဒီတိုင်းတော့ မဟုတ်ဘူး။သူ့သစ်သားချိန်ခွင် အကြီးကြီးနဲ့ ချိန်တယ်။အလေးချိန် မှတ်ထားတယ်။ ပြန်လာအပ်ရင် တစ်ခါ ပြန်ချိန်တယ်။ ငှားသွားတုန်းက အချိန်နဲ့လွဲနေရင်တော့ ဒါသူ့ပစ္စည်း မဟုတ်ဘူးပေါ့ဗျာ။အဲလို လူမျိုး ။

သူ့မိတ်ဆွေတစ်ယောက်က အတော်အငှားအရမ်း ထူတယ်ဗျ ။ အမြဲတန်း ထီးလာလာ ငှားတယ် ။ကြာလာတော့ အဖိုးလည်း စိတ်တိုလာပုံ ရတယ်။ ဒီတစ်ခေါက် ထီးလည်း လာပြန်ပေးရော ။ “ကဲ..ဟေ့လူ ဒီထီးရှိတော့ ခင်ဗျားလည်း လာလာ ငှားနေရတာ အလုပ်ရှုပ်တယ် ။ကျုပ်လည်း ထုတ်ထုတ် ပေးရတာ အလုပ်ရှုပ်တယ် ။ဒီတော့ ချိုးလိုက်တာ ပြီးရောဗျာ ” ဆိုပြီး သူ့ရှေ့တင်ချိုးပြီး လွှင့်ပစ်လိုက်တယ်တဲ့ဗျာ။
လင်းဒီပ
၁၈.၁၀.၀၈

9 comments:

ခေါင်ခေါင် said...

တော်တော် ပြတ်သားတဲ့ အဖိုးပဲ လေးစားသွားပြီ..
ကိုဒီပ ရော.. အဘိုးနဲ့ တူလား....

တင့်ထူးရွှေ said...

:) :) :) အဘိုးကတော့ ပြတ်တယ်နော် မှတ်ကရော။

ဗီလိန် said...

ဒါမှ ဒို့ဖိုးဖိုးကြီးကွ။

ဟန်လင်းထွန်း said...

ဟုတ်တယ် ကောင်းတယ်။ မဟုတ်ရင် စိတ်ညစ်ရတယ်။

မသက်ဇင် said...

လင်းဒီပရေ----
စာတွေလာဖတ်တယ်---
ဟာသလေးလည်းရေးတတ်တယ်နော်--
ဆက်ရေးပါ---စောင့်ဖတ်နေပါတယ်ရှင်---

pandora said...

အဘိုးဆီက ဗီဇ ပါလာသေးလားဟင်

Anonymous said...

ကိုဒီပ ကော အဖိုးဆီက ဒေါသအမွေရထားလားမသိ တော်ကြာ ချိုးခံထိနေအုံးမယ် ပြေးပြီးးး)

Anonymous said...

ဟွန်း :( ဘယ်ရမလဲ..ဒါမှ တို့ ဖိုးဖိုးကွ :P

Anonymous said...

အင်း... တယ်ခက်တဲ့ လူကြီးတွေပဲ...။