Tuesday, October 21, 2008

ငှက်ခတ်သမား


အသေအချာ ချိန်ရွယ်ပစ်ခတ်လိုက်တဲ့ ငှက်ဆို
ကိုယ့်လက်က ဘယ်တော့မှမတည့်ဘူး။
အမှတ်တမဲ့ ပစ်လိုက်တဲ့ အခါများဆို
ရုပ်ရှင်ထဲက ဇာတ်လိုက်တွေ လက်လို..

စိတ်မှာ အချိန်အဆ လိုတာလား
လက်မှာ အမှန်းအဆ လိုတာလား
ကိုယ့်မျက်စိ စွေစောင်းနေတာလား
သေနတ်ပြောင်းကပဲ ကောက်နေတာလား
ဒွိဟ အတော်များတယ်။

နောက်ပိုင်းဆို ဘယ်တော့မှ မချိန်ရွယ်တော့ဘူး။

ကြုံတဲ့ငှက်ကို ကြုံသလိုခတ်ခဲ့
ငှက်တွေက ကိုယ့်ကို အားရပါးရ ခတ်ပြီးခဲ့တဲ့ အချိန် ။
လင်းဒီပ
၂၁.၁၀.၀၈
Photo Source: picture by sstanway
www.photobucket.com

10 comments:

တင့်ထူးရွှေ said...

ငှက်ခတ်သမား ရိုးရိုးလေးနဲ့ကောင်းတယ်ဗျ ၊ ငှက်တွေက ကိုယ့်ကို အားရပါးရ ခတ်ပြီးခဲ့တဲ့ အချိန်မှာ ဘာတွေ ဖြစ်လာမလဲ ...

ခေါင်ခေါင် said...

ကိုဒီပ.. ဒီကဗျာလေး က ထူးခြားတယ်နော်
ကောင်းတယ် ..
ငှက်တွေက ကိုယ့်ကို အားရပါးရ ခတ်ပြီးခဲ့တဲ့ အချိန်ဆိုလို့... စဉ်းစားစရာတွေနဲ့ ကျန်ခဲ့တယ်..

MANORHARY said...

ဘ၀ဆိုတာဒီလိုပါပဲ
ကြုံတဲ့ငှက်ကို ကြုံသလိုခတ်ခဲ့
ငှက်တွေက ကိုယ့်ကို အားရပါးရ ခတ်ပြီးခဲ့တဲ့ အချိန် ...ဆိုသလို.....

Anonymous said...

ကိုဒီပ ဒီကဗျာက အထာကြီးနဲ့ လိုပဲနော်း) ချိန်လိုင် လွဲလိုက်နဲ့ ချိန်လွဲကြီးမို့  ကြုံတဲ့ငှက်သာပစ်လိုက်တော့....

ကဗျာရေးသူရဲ့ ဆိုလိုရင်းကိုမသိလို့ အနှောင့်ယှက်ဖြစ်သွားရင် ဆောရီး ကိုဒီပ

Anonymous said...

ဒီနေ့ကံမကောင်းပါလား တွတ်ပီ
မရှောင်ရင်လွတ်တယ် ကိုဒီပရေ
ငှက်တွေက အထာသိနေတယ်လေ

အိုင်လွယ်ပန် said...

အား....
ဒီကဗျာလေးတော်တော်ကောင်းတယ်ဗျာ......

Anonymous said...

ကိုယ့်စိတ်နဲ့ တိုက်ဆိုင်မယ့်ကဗျာက
တော်တော်ရှားတယ်...
ဒီကဗျာလေးရဲ့ ပေါ်ပိုဒ်တွေက
ရင်ထဲကစကားလုံးတွေ အပြွတ်လိုက်ထွက်ကျကုန်တယ်
ထိပါတယ်။

Anonymous said...

ကဗျာရှင်ကလေးနဲ့ ငှက်ကလေးတွေ တစ်ကိုင်းတည်း နားခဲ့ဖူးတယ် ထင်ပါ့ ကဗျာဆရာရယ်... :)

Moe Myint Tane said...

ဟဲ ဟဲ ကို့ဆရာ ချိန်ပစ်တာလွဲဘူးတယ်နဲ့တူတယ်။ ဒီကဗျာလေးကိုဖတ်ပြီး ဘ၀မှာ အချိုးအကွေ့တွေများလွန်းတော့ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော် ဒီကွေ့ရောက်ရင် ဒီတက်နဲ့လှော်ဆိုတဲ့ စကားလေးကို ပြန်သတိရမိတယ်။ ဘ၀ကို အဆင်ပြေသလို ဖြတ်သန်းနေရတဲ့ အချိန် တက်မရွေးနိုင်တော့ဘူးလေ။

ဗီလိန် said...

ကျနော်က ချိန်ချိန် မချိန်ချိန် လွဲနေတာဗျ။ ခက်တော့ခက်သာ။ :P