Thursday, October 23, 2008

ခရီးသွားဖော်


မိုးတိမ်ကလေးတွေကလည်း
ကိုယ့်ခရီးကိုနှင်…
လေယာဉ်ပျံလေးကလည်း
ကိုယ့်ခရီးကိုနှင်..

မတော်တဆ တွေ့ဖြစ်သွားတဲ့
ခရီးသွားဖော် သက်သက်လေ။

လေယာဉ်လေး
သက်ဆင်းစရာ ကွင်းတွေ့တော့
မိုးတိမ်ကလေးတွေ ကျန်ခဲ့ပေါ့။
လင်းဒီပ
၂၃.၁၀.၀၈
Photo Source: picture by elyt_filler
media.photobucket.com

5 comments:

Anonymous said...

ရိုး ... လှလိုက်တဲ့ စိတ်ကူးလေးနဲ့ လှလိုက်တဲ့ အဖွဲ့အနွဲ့လေးပါလားဗျို့၊ ခံစားမှု တစ်မျိုးလေးကို ခံစားလိုက်ပြီး ရင်ထဲမှာ နင့်သွားတယ် ... ကျွန်တော်က မိုးတိမ်လေးဘက်က ခံစားပါတယ်... ကဗျာချိုချိုလေးတစ်ပုဒ်ကို ပထမဆုံး ကွန်မန့်ပွတ်ခွင့်ရတာ ကျေးဇူးပါဗျာ...

ခင်မင်လေးစားစွာဖြင့်

Anonymous said...

ကိုမိုးမြင့်တိမ်ကျန်ခဲ့တာပေါ့နော် တနားပါတယ် :)

Anonymous said...

ခရီးသွားဖော်လေးကိုတောင် အလွတ်မပါလားနော်း)

Unknown said...

ကိုလင်းဒီပ ကျွန်တော့်ကိုများစောင်းပြောနေတာလားဟင်။ ကိုရွာသားလေးတောင် ပြောနေပြီနော်။ :P

ကဗျာလေးကောင်းတယ်ဗျာ။ ဖတ်ပြီးတော့ တစ်မျိုးကြီးဘဲ ခံစားသွားရတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ဗီလိန် said...

အော် တိမ်တောင်မနေရပါလားနော်။ :)