Thursday, October 30, 2008

ငါ့ပန်းအိုးမှာ ထိုးခွင့်မရတဲ့နှင်းဆီ


ငါးတစ်ကောင်က
ရှင်သန်မှုအတွက် ရေကိုရှောင်လွှဲလို့မရသလိုပါပဲ
လွတ်လမ်းတွေ့ရင်တောင် ထွက်မပြေးဖြစ်ခဲ့ဘူး။

လရောင်ကို အမြတ်တနိုးရင်ခုန်တတ်တဲ့ ဒီရေလိုပါပဲ
တသသနဲ့လေ..
ငါကိုယ်ငါ့ ပြန်လည်ချည်နှောင်ရင်း ကာလ အလျားရှည် ။

ထားခဲ့မှာလည်းသိတယ်
ဒီဆောင်းလွန်ရင် အားလုံးပြီးပြီတဲ့ ။

အတိုင်းအတာတစ်ခုထိပဲ နင်မှန်လိမ့်မယ်
ငါ့ရင်ထဲဝှက်ပြီးဆွဲထားတဲ့ ပန်းချီကားတွေတော့
ဘယ်လိုနည်းနဲ့မှ နင်ပြန်ယူလို့ရမှာမဟုတ်ဘူး ။
လင်းဒီပ
၃၀.၁၀.၀၈
Picture Source:media.photobucket.com

19 comments:

ဖြိုးငယ် said...

ကဗျာလေး ဖတ်ရတာ ခံစားရတယ်ဗျို့ ...
အရေးအသားရော ..စကားလုံးတွေပါ ကောင်းတယ်ဗျာ ...

sait phay yar said...

နုတ်ဆက်လိုက်ပါနဲ့လို့ပေါ့နော်
ကောင်းတယ်နော်

khin oo may said...

တကယ်ပြတ်သားနိုင်လို့လား။

Anonymous said...

ပန်ူချီပြပွဲမှာသွားသိမ်းထားလို့လား..:D
အဆင်ပြေပါစေ ...

Anonymous said...

ပန်းချီကားတွေဆိုတာ ဟိုDrawing လိပ်တွေလားဟင်...

Anonymous said...

ဟင်းး ဂလိုကြီးပြောသွားတယ်ပေါ့လေ သနားလိုက်တာ ညီငေးရာ ဖြစ်ရလေ ဒီဆောင်းအကုန်ဆိုတော့ သိပ်မှမလိုတော့တာ =) နတ်တော် /ပြာသို နီးလာပြီးး

MANORHARY said...

ဟုတ်တယ်...
“ငါ့ရင်ထဲဝှက်ပြီးဆွဲထားတဲ့ ပန်းချီကားတွေတော့
ဘယ်လိုနည်းနဲ့မှ နင်ပြန်ယူလို့ရမှာမဟုတ်ဘူး ။”
သေချာတာပေါ့....

ဗီလိန် said...

ယူလို့မရလည်း ကြည့်ချင်တယ်ဗျိုး ကြည့်ပါရစေ။ :)

Anonymous said...

ဒူကဘာ ဆို အဲလို ပန်ချီကားတွေ ပြည်ထောင်စု စိတ်ဓါတ်နဲ့ ထိုင်းမလေးတွေကို ခဏခဏ ဆွဲပေးမိနေတော့ တာပဲ၊ သိမ်းတော့ မသိမ်းထားဖြစ်ဖူး။

တင့်ထူးရွှေ said...

ကဗျာအရေးကောင်းတဲ့ ကျွန်တော့်အကိုကြီး၊ စကားလုံးတိုင်းကို ကဗျာဆန်နေတော့တာပဲ :)

Anonymous said...

ကဗျာလေးကို ဖတ်မိတဲ့အခါ
မာနတစ်ခုကို အရင်မြင်ရတယ်။ နောက်ပြီး ဥပမာပေး
တင်စားမှုလေးတွေက ကဗျာရှင်ရဲ့ ခံစားမှုကို အတိုင်းသား လှစ်ဟပြနေတာကို
ရှင်းရှင်းလင်းလင်း မြင်နေရပါတယ် ... ။

“ထားခဲ့မှာလည်းသိတယ်
ဒီဆောင်းလွန်ရင် အားလုံးပြီးပြီတဲ့ ”

အဲအပိုဒ်ကလေးကတော့ ရင်ထဲမှာ ဆို့ဆို့နင့်နင့်ဖြစ်အောင်ကို
ခံစားလိုက်ရတယ်၊ Heart ထိသွားတယ်ပေါ့ဗျာ ...။

နိဂုံးအပိုဒ်ကလေးကို အကြိုက်ဆုံးပါပဲ၊ ကဗျာလေးကို အားလုံးခြုံကြည့်ရင်
ခံစားလိုက်ရတဲ့ အထိအတွေ့လေးတွေ၊ ငွေ့အသက်လေးတွေက
ကဗျာကောင်းလေးလို့ ထောက်ခံနေလေတော့တယ်ဗျာ ...။

ခင်မင်လေးစားစွာဖြင့်

အိုင်လွယ်ပန် said...

ကိုဒီပလဲအချစ်ကြီးသကိုးဗျ :P

မသက်ဇင် said...

လရောင်ကို အမြတ်တနိုးရင်ခုန်တတ်တဲ့ ဒီရေလိုပါပဲ
တသသနဲ့လေ..
ငါကိုယ်ငါ့ ပြန်လည်ချည်နှောင်ရင်း ကာလ အလျားရှည် ။

လင်းဒီပရေ----
အလုပ်များနေလို့ အခုမှ လာဖြစ်တယ်--
လရောင်ကိုအမြတ်တနိုးရင်ခုန်တတ်တဲ့--
ဒီရေ---လိုလား--
လှလိုက်တဲ့ စကားလုံးလေး---
အတွေးကောင်းလှပါလားကဗျာဆရာ---

Anonymous said...

လရောင်ကို မြတ်နိုးရင်ခုန်တဲ့ ဒီရေတဲ့လား...
ကောင်းတယ်ဗျာ.. ခံစားသွားတယ်...

Anonymous said...

ကဗျာလေး ကောင်းတယ်

ဒီဆောင်းလွန်ရင် အားလုံးပြီးပြီတဲ့ .....

:)

ခံစားသွားတယ်.. စကားလုံးတိုင်းကို

ဟန်လင်းထွန်း said...

ဒီဆောင်းလွန်ရင် ပြီးပြီလားဗျ
ကောင်းတယ် ရိုးရိုလေးနဲ့ ကောင်းတယ်

Moe Myint Tane said...

အော် ကိုလင်းဒီပက ပန်းချီကားတွေဝှက်ထားတာကိုး။ ကျွန်တော်လည်း အမှန်က ပန်းချီကားတွေ ၀ှက်ထားလိုက်ရမှာဗျ။ ကဗျာတစ်ပုဒ်လုံးကောင်းတယ်ဗျ။ ဒီဆောင်းကုန်ရင် ပြီးပြီတဲ့လား။ရင်ဘတ်နဲ့ ခံစားသွားတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

WWKM said...

Nice !

ဖိုးဂျယ် said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ