Wednesday, October 1, 2008

ဆယ်တန်းတုန်းကလေ..





ကျွန်တော်ဆယ်တန်းတက်တော့ ပထမဆုံးအိမ်နဲ့စခွဲဖူးတာ..တစ်ဦးတည်းသောသားဆိုတော့ အမြဲအိမ်မှာတစ်ယောက်တည်းနေဖြစ်ခဲ့သည်….ဆယ်တန်းမှာအစ်ကိုဝမ်းကွဲနဲ့အတူတူနေပြီး..စာအတူလုပ်ကြ..စာမေးပွဲအတူတူဖြေကြဆိုပြီး..အဒေါ်နှင့်မေမေက စီစဉ်သည်.ဒီလိုနှင့်အဒေါ်အိမ်မှာ ကျွန်တော်သွားနေ ဖြစ် သည် ..အစ်ကို ဆိုပေမယ့်လပိုင်းသာခြားတော့..အတန်းက အတူတူ..မှတ်မိနေသေးသည်…ကျွန်တော် တို့ညီ အစ်ကိုနှစ်ယောက် ..အိမ်ထပ်ခိုးမှာတက်နေကြသည်…နှစ်ယောက်အိပ်ဖျာကြီးက ဆယ့်နှစ်ရာသီခင်းထားသည်. .ဘေးမှာ ထမင်း စား ပွဲဝိုင်းပုပုလေး..စားပွဲပေါ်မှာတော့ စုံသည်..ကံကော်ရွှေပြည်ရယ်..ရွှေကံကော်ရယ်..S.Sခင်မောင်အေး..နောက်biology သီချင်းခွေတွေလည်း ပါသည်..အတူတူနေဖြစ်တော့ စာအတူတူလုပ်ဖြစ် မဖြစ် မသေချာသော်လည်း..သိပ်မကြာခင်မှာပဲ..လက်ဖက်ရည်တစ်ခွက်နှင့် ဆိုင်တွင် ဇိမ်ဆွဲထိုင်တတ်သော ကျွန်တော့်အကျင့်ကို သူကစွဲသွားပြီး….သူသောက်နေကျ Lucky Strikeစီးကရက် ကို ကျွန်တော် စသောက်တတ်သွားသည် (အဲဒီတုန်းကLucky Strike တစ်လိပ်ကိုငါးကျပ်…Landon ပေါ်ကာစ)..ကွမ်းယာကို 92(ကွမ်းစားဆေးတစ်မျိုး) ထည့်ပြီး...ရော့မင်း တစ်ယာ..ငါတစ်ယာ စားတတ်သွားသည် …အသက်က ဆယ့်ခြောက်ကျော်ကျော် …ပျော်စရာသိပ်ကောင်းတဲ့ အချိန်လေး တွေ…ညကျ အားအားရှိရင် ကျွန်တော်က အိမ်ကသယ်လာသည့် ဂစ်တာကြီး..တဒေါင်ဒေါင်နှင့် ထတီးသည်…အစ်ကိုကအစောပိုင်းမှာ စာကျက်ချင်ယောင်ဆောင်ပြီး ..လူကြီးတွေအောက်ထပ်က အိပ်သွားသည့် အသံကြားရင်…သူပါလိုက် အိပ်သည်လေ..ကျွန်တော်ကလည်း လူခြေတိတ်လို့ သိပ် စိတ်ကူးယဉ်လို့ကောင်းတဲ့ညတွေဆို..စာအုပ်ချပြီး ကဗျာတွေ ထထ ရေးတော့တာပါပဲ
ကျွန်တော့်တို့ညီအစ်ကို တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်လဲဆိုတာပြောပြချင်သေးသည်…ကျွန်တော်တို့ Day Special မှာ ကောင်မလေး တစ် ယောက်ရှိသည်..ကျူရှင်ခန်းတစ်ခန်းလုံးကို လွှမ်းသွား အောင် ပေါက်တတ်ကရမျိုးစုံလုပ်တတ်သောကောင်မလေးပေါ့ဗျာ…ဖြစ်ချင်တော့ ညီအစ်ကိုနှစ်ယောက်လုံးက သဘောကျသည်..ကောင်မလေးကလည်း တကယ့်ဆူးလှည်း ..တစ်လမ်း လုံးငြိအောင်ကိုမောင်းသည်…ဒ်ီတော့ညီအစ်ကိုနှစ်ယောက်လုံး ငြိပါသွားရုံတင်မကဘူး..အချင်းချင်းပါပြန်ငြိကုန်ရော…အခုပြန်တွေးကြည့်တော့ အတော်ရယ်စရာ ကောင်းသည်…အခုတော့ အဲဒီဆူးလှည်းလေးလည်း ကလေး နှစ် ယောက် လောက်ရနေလောက်ရောပေါ့..ပြီးခဲ့တဲ့ရက်က အစ်ကိုနှင့် onlineမှာ ဒီအကြောင်းတွေစကား စပ်မိ တော့  နှစ်ကောင်သားရယ်ဖြစ်ကြသေးသည်…ဆူးလှည်းလေးကိုကျွေးဖို့ နှစ်ကောင်သားမာလကာသီးတွေ
တက်ခူးတာ …ကျုရှင်မသွားခင် ရေခဲသေတ္တာထဲမှာ..အေးစိမ့်နေအောင်ထည့်ထားတာတွေ….
လူ့ဘဝသည် အတော်လေးတော့ ရယ်စရာကောင်းသည်…တချိန်ကရေးကြီးခွင့်ကျယ်ကိစ္စများသည်..နောင်တချိန်တွင်ရယ်စရာကောင်းသွားသည်…အခု အရေးတကြီးကိစ္စများသည်လည်း နောင်တစ်နေ့ကျ ရယ်စရာဖြစ်လာဦးမည်လေ….


လင်းဒီပ
၃၀.၉.၀၈
Photo Source:(picture by ernstfamily1)

7 comments:

ခေါင်ခေါင် said...

တစ်ချိန် ကရေးကြီးခွင်ကျယ် ကိစ္စတွေက ခုချိန်မှာ ရယ် စရာကောင်းသွားတယ်.....

ဟုတ်တာပေါ့ အစ်ကို ရာ....

အိုင်လွယ်ပန် said...

စာသိပ်မကျတ်ဘဲ ကဗျာတွေခိုးခိုးရေးတာချင်းတူတယ်ဗျ
ဆယ်တန်းတုန်းကလေ......

Anonymous said...

ဖြစ်ရပ်မှန်.....

တောင်ပေါ်သား said...

ဆယ်တန်း အတွေ့အကြုံလေးမှတ်သားသွားပါတယ်.. လွမ်းစရာလေးတွေပေါ့

မိုးမြင့်တိမ် said...

" တချိန်ကရေးကြီးခွင့်ကျယ်ကိစ္စများသည်..
နောင်တချိန်တွင်ရယ်စရာကောင်းသွားသည်"
သိပ်မှန်တာပေါ့ဗျာ။ ကျွန်တော်လည်း တစ်ချိန်က ကောင်မလေး တစ်ယောက်ကို အသည်းအသန်ဖြစ်ဘူးတယ်ဗျ။ ဒါပေမယ့် အခုတော့ သူလည်းကလေးတွေဘာတွေ ရနေလောက်ပါပြီ။ အခုနေပြန်တွေးကြည့်တော့လည်း ရယ်စရာတွေဖြစ်နေပါပြီ။

kkk said...

himm, b za ko ka

jr said...

အဲဒီအချိန်တုန်းကတော့ မရယ်နိုင်ခဲ့ဘူးမလား?
း)