Friday, March 6, 2009

ကုန်ပစ္စည်းသစ်မိတ်ဆက်

ကျွန်တော် တစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်ကလေးတစ်ခု လုပ်မလို့ပါ။တခြားတော့ မဟုတ်ပါဘူး..ကြေငြာပါ။ ဘလောဂ့် အသစ်ကလေးတစ်ခုကို ကြေငြာချင်လို့ပါ။ ကျွန်တော်ဘလောဂ့်လည်း လွန်ခဲ့တဲ့ ခုနစ်လလောက်ကတော့ ဘလောဂ့်အသစ်စက်စက်လေးပါ။ အခုတော့ ဆေးတောင် အတော်ကွာနေပြီ..(မောင်မျိုး လက်သည်းနဲ့ လာလာခြစ်လို့..:P) အဲဒီအချိန်တုန်းက ကျွန်တော့် အခန်းဖော်က ဘလောဂ့်ဂါတစ်ယောက်ပါ။ ဘယ်သူဆိုတာတော့ မပြောတော့ပါဘူး..တချို့တွေတော့သိတယ်။အဲဒီအချိန်တုန်းက တံငါနားနီး တံငါ ၊ဘလောဂ့်ဂါနားနီး ဘလောဂ့်ဂါဆိုပြီး..

ကျွန်တော်လည်း ဘလောဂ့်ရွာထဲ ရောက်လာပါတယ်။ အခုလို ခုနစ်လလောက် အတိုင်းအတာလေးအတွင်းမှာကို အစ်ကိုတွေ အစ်မတွေ ညီတွေ ညီမတွေနဲ့ သိုက်သိုက်ဝန်းဝန်း…ကျွန်တော် အရမ်းပျော်နေပါပြီ။ အွန်လိုင်း သူငယ်ချင်းတွေ တိုးလာ..အတွေ့အကြုံအမျိုးမျိုး အတွေးအခေါ် အမျိုးမျိုးကို ဖတ်ခွင့်ရတာ ကျွန်တော်တော့ အရမ်းပျော်နေပြီ။

အခုလည်း ဘလောဂ့်လောကထဲ ဝင်ဖို့လုပ်လာတဲ့ သူငယ်ချင်းအသစ်တစ်ယောက်ကို မိတ်ဆက်ပေးချင်လို့ပါ။ အဖြူရောင်အိမ်လေးတစ်လုံးဆိုတဲ့ ဘလောဂ့်လေးပါ။ အိမ်ရှင်ကတော့ မင်းအိမ်ဖြူပါ။ သူလည်း စာစုံလေးတွေ ရေးနေတာတော့ ကျွန်တော် သွားဖတ်လို့ တွေ့ရပါတယ်။ သူ့အိမ်ကလေး စိုစိုပြေပြေဖြစ်အောင် ကျွန်တော်တို့ သွားလည်ကြရအောင်ဗျာ။ သေချာပါတယ် သူငယ်ချင်းညီအစ်ကို မောင်နှမတွေ ပျော်မှာပါ။ ကျွန်တော့်ကို ခင်သလို သူ့ကိုလည်း ခင်ပေးကြပါလို့။

အားလုံးကိုလေးစားခင်မင်စွာ

လင်းဒီပ

၆.၃.၀၈

10 comments:

Anonymous said...

အမယ် အမယ်...စက်ကွင်းက မလွတ်ဘူးနော် ကဲ....ပြော ကြော်ငြာခ ဘယ်လောက်ရလဲ တစ်ဝက်ပေး နာမည်ယူသုံးတဲ့ အတွက် ဘယ်အရာမှ အလကားမရပါ အခန်းဖော်က ဘယ်သူလဲဆိုတာ သိသားး) ဟိဟိ ဟိုနာမည်ကြီးဘလော့ဂါဦးလေးကြီးမဟုတ်လား ချောင်းထဲမှာ လှည်းမောင်းနေတယ်လေ ကြိမ်လုံးကြီးနဲ့ ။ သွားလိုက်အုံးမယ် အိမ်သစ်လေးဆီ တာတတ် :P

sait phay yar said...

ဟင်း.....အိမ်သစ်တက်ကျွေးမှ
ရဘူး

MANORHARY said...

သွားလိုက်ပြီ
ဘာမှလည်းမစားခဲ့ရဘူး
း)

ကိုအောင် said...

အလည်သွားလိုက်အုံးမယ်။

Anonymous said...

ခိုင်းတဲ့အတိုင်းလုပ်ပြီးပါပြီခင်ဗျာ။ ကျေနပ်ပါ

မမသီရိ said...

သွားလည်ဆိုတော့ လဲ လည်ရသေးတာပေါ့..း)

ဆောင်းယွန်းလ said...

သွားလိုက်မယ်ညီရေ့

မေ့သမီး said...

ကားခပေးပါ။

အိန္ဒြာ said...

လင်းဒီပ..

မြန်မာပြည်မှာကြော်ငြာရိုက်ခဲ့သေးလား...ဟားဟား
သွားလိုက်ပါတယ်..
ဖတ်စရာတိုးလို့ ၀မ်းတွေသာလို့

khin oo may said...

သွားလည်ပြီးပါပြီ. မောင်မျိုးဆီကတဆင့်ရောက်ခြဲ့ီ့ပီးပြီ။