Saturday, March 14, 2009

လေလွင့်ကဗျာ

ချစ်တယ်ဆိုတဲ့ စကားကြားလိုက်ရတိုင်း
Password တစ်ခု ဒါမှမဟုတ် ငါ့ကိုဖွင့်တဲ့သော့…

အိပ်ရာအမျိုးမျိုးလည်း ပြောင်းအိပ်ခဲ့ပြီးပြီ
အကောင်းလို့ သူတို့ပြောတာရော
ဖြစ်သလို အိပ်စက်ခဲ့တာကော
ကြာလာတော့
တစ်လောကလုံးမှာ ငါ့အိပ်ရာတွေပါပဲ
ဘာများ “ထူးခြားအိပ်မက်” ရှိခဲ့လို့လဲ ။

စားခဲ့မိတယ်
သောက်ခဲ့မိတယ်
မထယ်မဝါ
ငယ့်ဘဝလမ်းဘေးဆိုင်လေးတွေထဲမှာ
အများကြိုက်
သာယာမိတဲ့ စားပွဲသောက်ပွဲ ခန်းမကျယ်တွေမှာ
“အကောင်းဆုံး“ဆိုတာ မစားဖူးသေးတာ အသေအချာ ။

အနမ်းတွေကလည်း အမျိုးစုံပေရဲ့
နှုတ်ခမ်းတွေက စကားအလင်္ကာ အစုံဖွဲ့
ရင်ခွင်တစ်သောင်း ခိုလှုံခဲ့ပြီးတဲ့နောက်
ငါလည်း ရင်ခွင်တွေ မမှတ်မိတော့ဘူး ။

ငါ ပါးပေါ်ဖြတ်တိုက်သွားတဲ့လေရဲ့ ရိုးသားမှုမျိုး
ငါဆင်းလို့ တံခါးကို ဒိုင်းကနဲ ဆောင့်ပိတ်လိုက်တဲ့ ကားပေါ်မှာလည်းမတွေ့ခဲ့ဘူး..
အမှောင်ထဲမှာ ခပ်ရဲရဲ လင်းပေးနေတတ်တဲ့ နှင်းကွဲမီးတွေရဲ့ ဘဝခံယူချက်က
ငါ့ထက် ပိုပြတ်သားသလားတော့
တခါတလေ ရှာရှာဖွေဖွေ တွေးဖူးတာလည်း ရှိတော့ရှိတယ် ။

ကန့်လန့် မနေတော့ဘူး ရေစီးအတိုင်း လိုက်ခဲ့တယ်
(အခု) ခေတ်ရဲ့ ကျောပိုးအိတ်ကလေး
(မနက်ဖြန်) အချိုကုန်သွားမယ့် chewing gun
နောက်တော့လည်း ချောင်တစ်ချောင်မှာ ငါလိမ္မာလိုက်မှာပေါ့ ။
ဘာတွေများပိုထူးလို့လဲကွယ်
လောက က
ရယ်ဖို့မေ့မေ့နေလောက်အောင်
ငါ့အတွက်တော့ ရယ်စရာကောင်းလွန်းတယ်။
လင်းဒီပ
၁၄.၃.၀၉

13 comments:

ညိမ်းညို said...

လောကက
ရယ်ဖို့မေ့မေ့နေလောက်အောင်
ငါ့အတွက်တော့ ရယ်စရာကောင်းလွန်းတယ်။

အကိုရေ
တခါတခါတော့လဲ
ရယ်ပွဲဖွဲ့ရင်း ပေါ့ပေါ့ပါးပါး နားနားနေနေပေါ့ အကိုရေ
ပျော်ရွှင်ပါစေ :)

မေ့သမီး said...

တခါတလေ ဒီနေ့စားကောင်းတယ်ထင်ပေမယ့် မနက်ဖြန်ကျပိုကောင်းချင်ကောင်းနေတာ။ ဘယ်ဟာ အကောင်းဆုံးမှန်းလည်းမဆုံးဖြတ်နိုင်ဘူး။ ဘယ်ဟာက ကိုယ့်အတွက်အလိုအပ်ဆုံးဆိုတာလည်း မဆုံးဖြတ်နိုင်ဘူး။ ဒါပေမယ့် ရယ်ဖို့တော့မမေ့ဘူး။ လောကကလွဲလာလေ အဲဒီအလွဲတွေကို ဟားတိုက်ရယ်လေပဲ။

sait phay yar said...

လောက က
ရယ်ဖို့မေ့မေ့နေလောက်အောင်
ငါ့အတွက်တော့ ရယ်စရာကောင်းလွန်းတယ်။
ပေါ့ပေါပါးပါးလေးနေချင်ပါတယ် တစ်ခါတစ်လေ
မေ့ပြစ်လိုက်ချင်တယ် ပေါ့ပါးစွာနေချင်တာတော့အမှန်ပါဘဲ
ဒါပေမဲ့လေ..........

အိန္ဒြာ said...

ရယ်ဖို့မေ့မေ့နေလောက်အောင်
ငါ့အတွက်တော့ ရယ်စရာကောင်းလွန်းတယ်

ဟုတ်လိုက်တာ..လင်းဒီပရယ်..
ကဗျာလေးကကောင်းလိုက်တာ...

ပီပီပြင်ပြင်မြင်လိုက်တွေ့လိုက်ရတဲ့
ဘ၀အမောတစ်ခုကို...
သက်ပြင်းချရင်းဖတ်သွားခဲ့ပါတယ်

ဒါ့ထက်

အနမ်းတွေကလည်း အမျိုးစုံပေရဲ့
နှုတ်ခမ်းတွေက စကားအလင်္ကာ အစုံဖွဲ့
ရင်ခွင်တစ်သောင်း ခိုလှုံခဲ့ပြီးတဲ့နောက်
ငါလည်း ရင်ခွင်တွေ မမှတ်မိတော့ဘူး ။
(မများလွန်းဘူးလား..ဟားဟား..)

အိုင်လွယ်ပန် said...

လောက လောက ...

အဲဒါကြီးက အဲသလိုဗျ...

အသိမ်းလေးလှတယ်ဗျာ ....

MANORHARY said...

နောက်တော့လည်း ချောင်တစ်ချောင်မှာ ငါလိမ္မာလိုက်မှာပေါ့ ။
ဘာတွေများပိုထူးလို့လဲကွယ်
လောက က
ရယ်ဖို့မေ့မေ့နေလောက်အောင်
ငါ့အတွက်တော့ ရယ်စရာကောင်းလွန်းတယ်။
....................
..............
words are so great !!
I like this ending!!
bravo !!

ဆောင်းယွန်းလ said...

လောက က
ရယ်ဖို့မေ့မေ့နေလောက်အောင်
ငါ့အတွက်တော့ ရယ်စရာကောင်းလွန်းတယ်။

ကဗျာတပုဒ်လုံးရဲ့ အနှစ်ကို နောက်ဆုံးပါဒလေးက ဖော်ဆောင်ပေးလိုက်တယ် ညီလေးရေ...ကြိုက်တယ်ညီလေးရေ...တွေးစရာလေးတွေပေါ့

ရွှေပြည်သူ said...

ဖတ်ပြီးတော့ ငိုင်သွားမိတယ်... စကားလုံးရွေးချယ်မှုတွေကို အရမ်းသဘောကျမိပါတယ် လင်းဒီပရေ...

မင်းအိမ်ဖြူ said...

အနမ်းတွေကလည်း အမျိုးစုံပေရဲ့
နှုတ်ခမ်းတွေက စကားအလင်္ကာ အစုံဖွဲ့
ရင်ခွင်တစ်သောင်း ခိုလှုံခဲ့ပြီးတဲ့နောက်
ငါလည်း ရင်ခွင်တွေ မမှတ်မိတော့ဘူး ။..................


...................................................
နောက်တော့လည်း ချောင်တစ်ချောင်မှာ ငါလိမ္မာလိုက်မှာပေါ့ ၊၊

ကိုဒီပရေ
အဲဒီတစ်နေ. ပေါ.ဗျာ.........

မောင်ခင်လေး said...

ကိုလင်းဒီပရေ ရေးသားချက်တွေ နှစ်သက်မိတယ်
အားလုံးပဲအဆင်ပြေပါစေဗျာ ကောင်းသောနေ့ပါ အားပေးနေပါတယ် :)

အရူးလေး said...

စာသားလေးတွေ တကယ် ကောင်းတယ် ဗျာ
ဒီဟာလေးကို ပိုကြိုက်တယ်
လောက က
ရယ်ဖို့မေ့မေ့နေလောက်အောင်
ငါ့အတွက်တော့ ရယ်စရာကောင်းလွန်းတယ်။
အဆင်ပြေပါစေဗျာ

မောင်မျိုး said...

ကျနော့် မေးရိုးတွေ ညောင်းနေတာကြာပြီး မရယ်တာတော်တော်ကြာလို့း(

တကယ်ကိုအကျယ်ကြီးရယ်ချင်မိတယ် အစ်ကိုရာ ။

sait phay yar said...

ဗီးဗီးအိပ်ယာကောအိပ်သေးလားဟင်
အဟီးး