Monday, March 2, 2009

ချစ်ရတာပျော်တယ်( အပင်ကလေး)

ကိုယ့်သီချင်းပါပဲ
ဘယ်သူ့ ပါးစပ်ဖျားပေါ်တင်တင်..

ကိုယ်မျက်စိအောက်မှာ ကြည့်ရင်းငေးရင်း
ကိုယ့်တစ်ရပ်စာ ကျော်သွားတဲ့သစ်ပင်ပျိုလေး
အရိပ်လည်းမခို အခက်လည်းမချိုးဘူး..
ချစ်ရတာပျော်တယ်
လွမ်းရတာပျော်တယ်..

ဘယ်အရပ်ကို လှည့်လှည့်
ဘယ်သူ့အတွက်ရွယ်ရွယ်
ဘယ်လိုအရောင် ပန်းတွေပွင့်ပွင့်
ရနံ့လေးတွေ ခိုးရှိုက်ရင်း ချစ်ရတာ ပျော်တယ်..
ဘယ်လိုသစ်သီးတွေ သီးပေးဦးမှာလဲ
အဘယ် သကောင့်သားကို လက်ဆောင်ပေးဦးမှာလဲ…

တစ်ခြံတည်း အတူကြီးခွင့်ရတာ
တစ်မြေတည်း အတူနေခွင့်ရတာ
တစ်ရေတည်း အတူသောက်ခဲ့ကြတာ
(ကိုယ့်လောက်)
ဘယ်သကောင့်သားကများ ကံကောင်းခဲ့လို့လည်းကွယ်။
လင်းဒီပ
၂.၃.၀၉

20 comments:

sait phay yar said...

တော်သေးတယ် အပင်ကယ်သွားလို့နော်
မဟုတ်ရင်တော့
ကောင်းတဲ့ကဗျာလေးပါ နော်

အိုင်လွယ်ပန် said...

ဖတ်ရတာလည်းပျော်တယ်ဗျာ ....

ကိုအောင် said...

အပင်လေးနဲ့ပဲ ပျော်နေပြီးလား၊ တခြားပျော်နိုင်မဲ့အရာ
တွေလည်း အမြန်ဆုံးရပါစေဗျာ။

MANORHARY said...

ကဗျာလေးကချစ်စရာ ကြည်နူးစရာလေး

Moe Cho Thinn said...

ချစ်စရာ စိတ်ထားလေးကို မုဒိတာ ပွားသွားတယ် :)

ဆိုးသွမ်း said...

လှတယ်ဗျာ။ ကိုဒီ

လန်းပ့ါ။ လန်းပါ့

Anonymous said...

အင်းလေ..ဘယ်သူက ငြင်းနေလို့တုန်း သူ့ပါသာတစ်ယောက်တည်း သွေးရူးသွေးတန်းး)

မမသီရိ said...

အော် လက်စ သတ်တော့..
အိမ်နား က ကောင်မလေး ကို ခိုးကြိုက်နေတာကိုး...း)
ဟုတ်ပါ့..
ဘယ်သူမှ တို့မောင်လေးလောက်
ကံမကောင်းဘူးကွဲ့....
အဆင်ပြေပါစေ....း)

kay said...

လင်းဒီပ ရဲ့ ဟန်စစ်စစ်..ချစ်စရာကောင်းတဲ့ ကဗျာလေး တပုဒ်။း)

ဆောင်းယွန်းလ said...

ဖတ်လို့ကောင်း ကြိုက်စရာလည်းကောင်းတဲ့ ကဗျာချိုချိုတစ်ပုဒ် ရင်ဘတ်ထဲထည့်သိမ်းပြီး ပြန်သွားပြီ ညီရေ့...

Welcome said...

မဖတ်ဖြစ်တာ ကြာပီ ဖြစ်တဲ့ ကဗျာ လန်းလန်းလေး လာဖတ် သွားပါတယ်။ ပျော်ရွှင်ပါစေ ..

တင့်ထူးရွှေ said...

ကောင်းလိုက်တဲ့ ကဗျာလေး :-)

အိန္ဒြာ said...

ချစ်တတ်ပါ့ပေ့ ဆရာရယ်..
ကဗျာတွေက ကောင်မလေးပစ်ကြွေသွားလောက်စရာတွေချည်းပဲနော်...

ရင်ထဲနူးညံ့ငြိမ်းချမ်းသွားအောင် ကဗျာဆန်တဲ့ကဗျာလေးတွေ ဖတ်ခွင့်ရနေတာအတွက်ကျေးဇူးတင်ပါကြောင်း

mirror said...

ကဗျာလေးက နှစ်သက်ကြည်နူးစရာ...
လေးနက်စွာခံစားသွားပါတယ်..အစ်ကိုရေ့

Kaung Kin Ko said...

ကိုယ့်သီချင်းပါပဲ
ဘယ်သူ့ ပါးစပ်ဖျားပေါ်တင်တင်..

ဒါပေါ့ညီရာ။ ကဗျာလေး မိုက်တယ်။

မသက်ဇင် said...

ခံစားမှု ရင်ခုန်သံကို စိတ်ကူးရုပ်ပုံလွှာ နှင့်
ဖွဲ့စည်း ဖေါ်ပြခြင်းဟာ--ကဗျာ--ပါပဲ
ကဗျာ ဆရာ--ကဗျာပန်းပင်များ များစွာစိုက်နိုင်ပါစေ--

emayarKhin said...

အော်အပင်ကလေးကိုလား....
အဟိ..:P

kkk said...

very good poem,you will be famous later as anonymous.

ရွှေပြည်သူ (ShwePyiThu) said...

စာကြွေးတွေ နောက်ပြန် ပြန်ဖတ်နေတာ... အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ လင်းဒီပရေ...
စကားလုံးတိုင်းက ကြွနေတယ်...

“ဘယ်အရပ်ကို လှည့်လှည့်
ဘယ်သူ့အတွက်ရွယ်ရွယ်
ဘယ်လိုအရောင် ပန်းတွေပွင့်ပွင့်
ရနံ့လေးတွေ ခိုးရှိုက်ရင်း ချစ်ရတာ ပျော်တယ်..”
တော်တော်လေးကို လှတဲ့ကဗျာပါ...

“တစ်ခြံတည်း အတူကြီးခွင့်ရတာ
တစ်မြေတည်း အတူနေခွင့်ရတာ
တစ်ရေတည်း အတူသောက်ခဲ့ကြတာ
(ကိုယ့်လောက်)
ဘယ်သကောင့်သားကများ ကံကောင်းခဲ့လို့လည်းကွယ်။”
အဲဒီ နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပါပဲ...

မယ့်ကိုး said...

တွေးတတ်ရေးတတ်တာ အံ့သြကြည်နူးစရာ