Wednesday, March 18, 2009

ရွာသူအလွမ်း(ခွန်းသာ)

မှော်ရွှင်မျက်လှည့်တောင်စွယ်
ကျွဲရေသောက် နွားရေသောက်
တောစံပယ်ရုံကလေး မွှေးပျံ့ဆဲလား
သားချော့တေးသံသာသာ
ရိုးအီ ရိုးရာ လှိုင်းအိ
ဖုန်ထူမြေဝါလမ်းမပေါ်
မျက်လုံးများ ကျိန်းစပ်ပေါ့။

ကောင်းကင်ဟာ ပြာတစ်လှည့် ဝါတစ်လှည့်
တကူးကူးရယ် ဥသြရယ်
အတိုင်အဖောက်ညီလွန်းတယ်။
လငပုပ်ဖမ်းတဲ့ညမှာ
မိုရိုင်ရာကယ်ရီ နားထောင်ကြည့်မလား
ပြာမှုန်ဖွဲ ဟိုတောင်စောင်းပေါ်
အမွှေးဖြတ်ပြီးစ သိုးကလေးများ ချမ်းရှာရော့မှာ
နင်ဝတ်ဖို့ ဆွယ်တာ တစ်ထည်စာပါ။

ဟိုးမှာ လည်ဆံမွှေးတခါခါ
တာလွှတ်သံစောင့် ပြိုင်မြင်းများ
နင့်လွမ်းတေးမှာ တဟီးဟီး မျောနေကြ
နင့်အပြုံးဟာ…
နန်းဆန်အောင်လှနေလိုက်ပုံများ
ငါ့စင်ကြယ်ဖိနပ် အဖြူရောင်
ရွံ့အလိမ်းလိမ်း ကပ်ခဲ့။

စာခြောက်ရုပ်ဟာ ရိုးပြတ်တောမှာ
စာမဲ့ပါ…။
တမာတွေပွင့်ရင် ရွာဦးကျောင်းမှာ
အမျှဝေပါ…။
ငါ့ကလည်း ငါ့ဥကျင်းထက်မှာသာ။
ပဲတွေပေါ်တဲ့အခါမှာ…
လွယ်အိတ်အကြီးတစ်လုံးဝယ်ပေးပါ
မပန်းဝါ…။
ခွန်းသာ
ဒီကဗျာလေးက ကြိုက်လို့သိမ်းထားတာပါ ။ ကိုလုလင်ငယ်သွေး ဘလောဂ့်မှာ ကိုခွန်းသာရဲ့ မက်မန်းဝိုင် ကို ဖတ်လိုက်ရတော့ မျှဝေချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။
လင်းဒီပ
၁၈.၃.၀၉

8 comments:

အိန္ဒြာ said...

ကြိုက်ပါ့..။

မက်မန်းဝိုင်ကိုပိုကြိုက်တယ်..။

ကျေးဇူး...လင်းဒီပရေ...

မေ့သမီး said...

ကျွဲရေသောက် နွားရေသောက် ဒေါင်ဒင် နင်တစ်ဘက် ငါတစ်ဘက်လို့အော်ခဲ့ဘူးတာကို သတိရသွားတယ်။ :P ဒီကဗျာကကောင်းတော့ ကောင်းတယ်။ ဒါပေမယ့် ပထမအပိုဒ်က မြန်မာနိုင်ငံကကျေးလက်သဘာဝကို သတိရပြီး အမွှေးဖြတ်ပြီးစ သိုးကလေးများနဲ့ လည်ဆံမွှေးပြိုင်မြင်းများကျတော့ Mexican Cowboy တွေရဲ့ ကျေးလက်မြင်ကွင်းကိုသွားမြင်တယ်။ (စိတ်ကသိပ်မမှန်ဘူးလေ။ အဲလိုပဲ။ :P)

အိုင်လွယ်ပန် said...

မဖတ်ဖူးဘူးဗျ ...

ကောင်းတယ် ...

MANORHARY said...

ကဗျာက သူ့ရိုးဂုဏ်နဲ့သူကို ဝင့်ထည်နေပြီးသား

Moe Myint Tane said...

ကဗျာကောင်းလေးပါ။ နှစ်သက်စွာဖတ်သွားပါတယ်။ မျှဝေပေးတာ ကျေးဇူးပါ ဆိတ်၏ပြေးရာလျှောက
်လိုက်နေသာ ကိုလင်းဒီပ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မသက်ဇင် said...

ကဗျာလေးကြိုက်တယ်---

မမသီရိ said...

ခွန်းသာ ဆိုတာ ကဗျာအရေးအတော်ကောင်းတာပဲနော်
လှတယ် ..ရေးသမျှ လှနေတယ်

ဆောင်းယွန်းလ said...

ကဗျာလေးလာဖတ်သွားတယ် ညီလေးရေ..ကြိုက်တယ်
မျှဝေပေးတဲ့အတွက် ကျေးဇူးပါ