Thursday, March 19, 2009

အဖြေရတဲ့နေ့

အကြင်နာ အမွေ့မှာ

ယုန်ငယ်လေး ဟာ

ကျားရင်ခွင်ထဲ ခေါင်းဝှက်..။

အကြင်နာ အမွေ့မှာ

ကျားလိမ္မာလေး ဖြစ်သွား

ငါ အသားမစားတော့ဘူး…။

အဲဒီလိုနဲ့

ကျားလိမ္မာနဲ့ယုန်ကလေး

အဝေးခရီး အတူတူ စဖို့

လမ်းတွေကို စိန်ခေါ် ပစ်လိုက်တယ်။

လင်းဒီပ

၁၉.၃.၀၉

15 comments:

Unknown said...

ဒီကျား ယုံကလေးကို ပြုစားတယ်း)

တောဥက္ကဌ ခြင်္သေ့ကြီးနဲ့သွားတိုင်မယ် :P

မောင်မျိုး

မမသီရိ said...

အန်မာ ကျားကလေးကပဲ စိန်ခေါ်ရတယ် ရှိသေး
အမြဲမတ်ြစောင့်ကြည့်နေမှာနော်
ယုန်ကလေးကို ဘာလုပ်သလဲ လို့
း)
ရှေ့ နားက တောအုပ်ထဲ ရောက်ရင် တခုခု မလုပ်နဲ့ ..ဒါပဲ..
း)
ချစ်စရာကဗျာလေးပါ မောင်လေးရေ့..း)

Welcome said...

ကျားလိမ္မာကိုတော့ သိပီ
ယုန်ကလေးက ဘူလေးလဲ
ပြောဗျ .. ..

WWKM said...

:) :D :)

mirror said...

ကျားလေးက လိမ္မာသွားသတဲ့လား...ချစ်တတ်လို့နေမပေါ့..:)

စိန်ခေါ်နိုင်တဲ့လမ်းတွေအရှည်ကြီး ဆက်နိုင်ပါစေ

ရွှန်းမီ said...

ခေတ်သစ် ရွှေယုန်နဲ့ ရွှေကျား..း-)

emayarKhin said...

အလဲ့တယ်ဟုတ်ပါလား....
ဘယ်နေ့ကအဖေရလိုက်သတုံး...
မှားလို့...အဖြေပြောတာပါ.....

ရွှေပြည်သူ (ShwePyiThu) said...

၂ခါထပ်ဖတ်ဖြစ်တယ်... ဖတ်ပြီးမှ ပြုံးမိနေမှန်း သတိထားမိတော့တယ်... နောက်ဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပါပဲ။ ယုန်ကလေးနဲ့အတူ လမ်းတလျှောက်လုံးမှာ အပျော်တွေ အောင်မြင်မှုတွေ သိမ်ကျုံးယူသွားနိုင်ပါစေ...

Moe Myint Tane said...

ကိုယ့်ဆရာရေ လမ်းတွေကို စိန်ခေါ်မယ် ဆိုရင်တော့ ကားတွေကို သတိထားဦးဗျ။ အပျော်သဘောပါ။
ချစ်စရာကဗျာလေး တစ်ပုဒ်ပါ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အိန္ဒြာ said...

အင်း........

ကျားသနားမှ ယုန်ချမ်းသာမယ့် အဖြစ်ပေါ့...
ယုန်ပညာရှရင်လည်း..ဒီကျားမခံသာဘူး..
ကျားနဲ့ယုန်..သွားမယ့် တစ်ခရီး....
အင်း....
ပြေလည်ဖြောင့်ဖြူးပါစေကွယ်....

မေ့သမီး said...

ဒီကျားကတကယ်အသားမစားတော့ဘူးလား။ လူလစ်မှ ရုတ်ရုတ်ရုတ်ရုတ်လုပ်မှာလား။ :P

အိုင်လွယ်ပန် said...

ကျားနဲ့ ယုန်
အကြင်နာအမွေ့မှာ တွေ့ကြတာပေါ့ .....:P

လုလင်ငယ်သွေး said...

ဒီကဗျာလေးကြိုက်တယ်ဗျာ။ ချစ်စရာလေးပေါ့။ ယုန်ကလေးကလည်း ချစ်စရာကောင်းပါစေ။ ဆုတောင်းပေးပါတယ်။

Mhu Darye said...

ကဗျာလေးက သိမ်မွေ့ လွန်းလိုက်တာ...။
လာဖတ်ဖြစ်တယ်။

မယ့်ကိုး said...

ရေးတတ်လိုက်တာ